နောက်ပိုင်း ဖထီးကြမ်းပီ ဆိုတဲ့အကွက် တွေ့လိုက်တယ်။ ကော်ဘရာကော်လံ သင်တန်းဆင်းပွဲ ကိုယ်တိုင်တက်ရောက်တယ်။ အမ်၎ အလက်ငါးဆယ် တခါတည်း တပ်ဆင်ပေးတယ်။

စဆရကတွေ အမြဲပြောသလို လေလှိုင်းပေါ်က အစိုးရ၊ ပြည်ပြေးဘာညာဆိုတာတွေ မတော်ကြသေးဘူးလား။
ဒူဝါကြီးလည်း ပြည်တွင်းမှာ၊ ဖထီးလည်း ပြည်တွင်းမှာ၊ ငတို့ဝန်ကလေး မတ်မတ်အိလည်း ပြည်တွင်းချောင်းပေါက်မတတ်။ စီအာပီအိပ်ခ်ျက ဒို့အပျိုကြီးမမ ဒေါ်ဖြူလည်းပါရဲ့။

သူတို့ချည်းသာလော။ ဘယ်ကပါ့။ ကာဝန်လည်း ပြည်တွင်းမှာ၊ ပြည်ဝန်လည်း ထိုနည်းတူ။ ကျန်ဝန်ကြီးတချို့လည်း ပြည်တွင်းမှာ ဟိုနားဒီနား မကြာခဏတွေ့မိရဲ့။

ဂျီပီအက်စ်အညွှန်းပေး၊ လိုက်ဖ်လွှင့်ပြမှ ယုံမယ်ဆိုရင်တော့ ghost pepper ထောင်းထားတဲ့ငြုတ်ကျည်ပွေ့နဲ့ ကိုယ့်ဖျင်ကိုသာ ထိုးလိုက်ကြ။

အိုးးရက်စ် စပ်လဲစပ် ကောင်းလဲကောင်း ၂ ဖီးလ် ခံကြပေါ့။ တချို့လူတွေရှိတယ်။ ဒီတော်လှန်ရေးမှာ ဘာလုပ်နေလဲမေးရင် ဟိုဒင်းအဝှာ ဘယ်လိုပြောရမလဲ မယ်မယ်ရရပြစရာကမရှိ။ သောက်ပစ်ထိုင်ပြောနေတယ်လေ ဆိုတဲ့ကောင်တွေ။ ကြင်စိုးနဲ့ တဂိုဏ်းထဲထား ကလော်တုတ် ဗောင်ချာစုတ် အသကုန်ဗျင်းရမယ့်ကောင်တွေ။

သို့သော်-ထုက အေးဆေး။ ပွဲပန်းသယောင် ရှိပေမယ့် သန္နိဋ္ဌာန် အလုံးအရပ်က လုံးးးဝမလျော့။ မြင်ယောင်ကြည့်ကြစမ်းပါ။ အညာအကြေတကျောက မီးရှို့ခံပြည်သူတွေ။ ငတို့အနာဂါတ်အတွက် ငတို့ကိုယ်တိုင် အသက်ပေးမယ်ဆိုတဲ့ တိုက်ပွဲဝင်ဂျန်ဇီးတွေ။ အမိမြေကိုချစ်တဲ့စိတ်နဲ့ ရောက်ရအရပ်ကနေ ကုန်းရုန်းကြုံးနေကြသူတွေ။ ဒီထုကိုမှ မယုံ။ ဘယ်ဒင်းကို ယုံကြမလဲ။

အမယ် ကြင်စိုးက ရုစကီထံပါး ရေမြှုပ်သင်္ဘော ဆုပန်သတဲ့။ ရှိရင်းစွဲ အစုတ် ၂စင်းက မူကျိချေးတုံးလို ဘယ်လောက်ငုပ်ငုပ် ပေါလောပေါလောဖြစ်နေလို့တဲ့။ အဟက်။

သူ့ပထွေး ငပူတင်းတောင် လှေကားတဝက်ရောက်တိုင်း ငါတက်လာတာလား ဆင်းနေတာလား အဝိုင်းလည်နေပါတယ်ဆို။ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ဖက်ငိုကြလော့။

ဒီကြားထဲ အပစ်ရပ်အဖွဲ့တွေကို ခြေဥပြင်ရေးနဲ့ လေလည်ပြတာ “ကိုကြင်စိုးရယ် ကန်တော့ပါသေး- မသေခင်ကပုပ်နေတဲ့ကောင်-ထွီ” ဆိုပဲ။

ဖောင်ပိတ် သတင်း-သဲ့သဲ့ကြားမိတာက လွတ်လပ်ရေးနေ့မှာ အဓမ္မဖမ်းဆီးချုပ်နှောင်ထားတဲ့ ၇၅ နှစ်အထက်တွေ လွှတ်ပေးမတဲ့။ အမေစုကိုတော့ နေအိမ်အကျယ်ချုပ်ပြောင်းမလိုလိုတဲ့။

ဘိုးထိန်တော့ မပြောတတ်။ ပျားရည်နဲ့ ဝမ်းချတာခံရအောင် ငတို့က မူမရှိ၊ ဘောင်မရှိ၊ ရည်မှန်းချက် မပြတ်သားသူတွေမှ မဟုတ်ဘဲ။ မယိမ်းမယိုင် အဆုံးတိုင် တပြားမှ မလျော့နိုင်ပေါင်။

ဈေးပေါင်ကျိုး လာနှိုက်ရအောင် ခေါဘဏီနဲ့ ပန်းဆိုးတန်းဂုံးအောက် ညှိနေနှိုင်းနေတာမှ မဟုတ်ဘဲ။

ခွေးရူးကို မေတ္တာသုတ် ရွတ်လို့မရဘူး။ ရိုက် thaသတ်ရတယ် မောင်ညီမလေးတို့ရေ။ ညီစေနော့။

ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ဂုဒေါ့ ဘသူမှ လက်မခံနိုင်တော့မျန်း ဒဂဲ့ကို သေချာနွန်းခဲ့ပီ ကဏ္ဍ)

Leave a Reply

Your email address will not be published. Required fields are marked *