စစ္ေကာင္စီက ႐ုရွားထံမွ ေရငုပ္သေဘၤာ တိုက္႐ိုက္ ထပ္မံ ဝယ္ယူႏိုင္ေရး ႀကိဳးပမ္းေနၿပီး ေတာ္ပီဒိုစက္႐ုံ ကိစၥပါဝင္ဖြယ္ရွိ

ရန္ကုန္၊ ဒီဇင္ဘာ ၂၆

အၾကမ္းဖက္စစ္ေကာင္စီက ႐ုရွားထံမွ ေရငုပ္သေဘၤာတစ္စီး ထပ္မံ ဝယ္ ယူ ႏိုင္ ေရး ေဆြးေႏြးမႈ မ်ားရွိေနၿပီး ေတာ္ပီဒို စက္႐ုံ ကိစၥမ်ားလည္း ႐ုရွားႏွင့္ ျမန္ မာ အၾကား ေဆြးေႏြးမႈမ်ား ရွိႏိုင္ေၾကာင္း ေရတပ္သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ႐ုရွား ဒုေရတပ္စစ္ဦးစီးခ်ဳပ္ Vice Admiral Igor MUKHAMETSHIN ႏွင့္အဖြဲ႕သည္ ဒီဇင္ဘာလ ၂၅ ရက္ေန႔တြင္ စစ္ ေကာင္ စီ ၏ ေရတပ္ ဦးစီးခ်ဳပ္ မိုးေအာင္တို႔အဖြဲ႕က ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံ ေရ တပ္ခ်င္း ပူးေပါင္း ေဆာင္႐ြက္မည့္ကိစၥမ်ား ေဆြးေႏြးေၾကာင္း စစ္ေကာင္စီက သတင္း ထုတ္ျပန္သည္။

ေဆြးေႏြးမႈမ်ားတြင္ ႏွစ္ႏိုင္ငံေရတပ္မွ စစ္ေရယာဥ္မ်ား အျပန္အလွန္ ခ်စ္ၾကည္ ေရးခရီးစဥ္မ်ား ေလ့လာလည္ပတ္ႏိုင္မႈႏွင့္ ႏွစ္ႏိုင္ငံေရတပ္မ်ားအ ၾကား ခရီး စဥ္မ်ား အျပန္အလွန္ ေလ့လာလည္ပတ္ႏိုင္ေရး၊ စစ္ေကာင္စီတပ္က ႐ုရွား သို႔ သင္တန္းသားမ်ား ေစလႊတ္သင္ၾကားလ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေရတပ္ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္မ်ားေဆြးေႏြးေၾကာင္း စစ္တပ္ဘက္က သတင္း ထုတ္ျပန္ထားသည္။

ရန္ကုန္ေခတ္သစ္၏‌ ေရတပ္သတင္းရင္းျမစ္တခ်ိဳ႕က စစ္ေကာင္စီက ႐ုရွားထံမွ ေရငုပ္သေဘၤာ ၁ စီး ထပ္မံ ဝယ္ယူႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း၊ လက္ရွိ ေရတပ္တြင္ အိႏၵိယေရတပ္မွ ရယူထားေသာ ႐ုရွားထုတ္ မင္းရဲသိခၤသူ ေရငုပ္ သေဘၤာႏွင့္ တ႐ုတ္က ေပးထားသည့္ မင္းရဲေက်ာ္ထင္ ေရငုပ္သေဘၤာ ၂ စီးရွိ ေနၿပီး ထပ္မံ၍ တိုက္ခိုက္ေရးဆိုင္ရာ ေခတ္မီ ေရငုပ္သေဘၤာတစ္စီးရယူရန္ ႀကိဳးစား လ်က္ရွိေၾကာင္း ေျပာဆိုသည္။

“လက္ရွိ မင္းရဲသိခၤသူက အိႏၵိယကေန ရယူခဲ့တဲ့ ႐ုရွားေရငုပ္သေဘၤာ။ဒုတိယ က မင္းရဲေက်ာ္ထင္ ေရငုပ္သေဘၤာက တ႐ုတ္က ေပးတာ။ ေရတပ္ထဲမွာ သတင္း ျဖစ္ေနတာက ႐ုရွားဆီက တိုက္႐ိုက္ ေရငုပ္သေဘၤာ အႀကီးတစ္စီး ရဖို႔ ႀကိဳးစား ေနတယ္လို႔သိရတယ္။

ေရွ႕မွာတုန္းက ပထမဆုံးဟာက အိႏၵိယ ေရတပ္ က ရတဲ့ ႐ုရွားေရငုပ္သေဘၤာ။ ႏွစ္စီးလုံးက တစ္ပတ္ ရစ္ အေဟာင္း ေတြဆိုေတာ့ ေနာက္ထပ္ ဒီႏွစ္စီးထက္ အဆင့္ျမင့္တာကို ရယူဖို႔ လုပ္ တယ္ လို႔ သိထားပါတယ္။ အခုကေတာ့ ႐ုရွားဆီကေန တိုက္ခိုက္ေရး ေရငုပ္ သေဘၤာ ရဖို႔ ႀကိဳးစားေနတယ္လို႔သိရပါတယ္။

ေနာက္ထပ္ ႐ုရွားဆီကလာမယ့္ ေရငုပ္ သေဘၤာ အတြက္ သင္တန္းေတြ ေစလႊတ္တာေတြလည္း လုပ္ေတာ့ မယ္ လို႔ သိရပါတယ္။ အဲဒါက ေရတပ္အသိုင္းအဝိုင္းမွာ သိရတာပါ ” ဟု ရန္ကုန္ ေခတ္ သစ္ ၏ သတင္းရင္းျမစ္က ေျပာဆိုသည္။

ထို႔ျပင္ မင္းေအာင္လႈိင္၏ သားျဖစ္သူ ေအာင္ျပည့္စုံက ဒလ ေရတပ္ဝင္း အတြင္း တြင္ ေတာ္ပီဒို သိုေလွာင္ထုတ္လုပ္ေရး စက္႐ုံကို တည္ေဆာက္ခဲ့ၿပီး ယင္း ေတာ္ပီဒိုစက္႐ုံကိစၥမ်ားလည္း ႐ုရွားေရတပ္ဒုစစ္ဦးခ်ဳပ္၏ ခရီးစဥ္အတြင္း ေဆြး ေႏြးႏိုင္ဖြယ္ရွိေၾကာင္း ေရတပ္သတင္းရင္းျမစ္မ်ား၏ အဆိုအရ သိရွိရ သည္။

ဓာတ္ပုံ- ႐ုရွားေရတပ္ဒုခ်ဳပ္ႏွင့္ မိုးေအာင္တို႔ ဒီဇင္ဘာလ ၂၅ ရက္ေန႔ ေတြ႕ဆုံ စဥ္။

===========

စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘောတစ်စီး ထပ်မံ ဝယ် ယူ နိုင် ရေး ဆွေးနွေးမှု များရှိနေပြီး တော်ပီဒို စက်ရုံ ကိစ္စများလည်း ရုရှားနှင့် မြန် မာ အကြား ဆွေးနွေးမှုများ ရှိနိုင်ကြောင်း ရေတပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား ဒုရေတပ်စစ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ် ကောင် စီ ၏ ရေတပ် ဦးစီးချုပ် မိုးအောင်တို့အဖွဲ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ရေ တပ်ချင်း ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

ဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည် ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြား ခရီး စဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေး၊ စစ်ကောင်စီတပ်က ရုရှား သို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးကြောင်း စစ်တပ်ဘက်က သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်၏‌ ရေတပ်သတင်းရင်းမြစ်တချို့က စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘော ၁ စီး ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိ ရေတပ်တွင် အိန္ဒိယရေတပ်မှ ရယူထားသော ရုရှားထုတ် မင်းရဲသိင်္ခသူ ရေငုပ် သင်္ဘောနှင့် တရုတ်က ပေးထားသည့် မင်းရဲကျော်ထင် ရေငုပ်သင်္ဘော ၂ စီးရှိ နေပြီး ထပ်မံ၍ တိုက်ခိုက်ရေးဆိုင်ရာ ခေတ်မီ ရေငုပ်သင်္ဘောတစ်စီးရယူရန် ကြိုးစား လျက်ရှိကြောင်း ပြောဆိုသည်။

“လက်ရှိ မင်းရဲသိင်္ခသူက အိန္ဒိယကနေ ရယူခဲ့တဲ့ ရုရှားရေငုပ်သင်္ဘော။ဒုတိယ က မင်းရဲကျော်ထင် ရေငုပ်သင်္ဘောက တရုတ်က ပေးတာ။ ရေတပ်ထဲမှာ သတင်း ဖြစ်နေတာက ရုရှားဆီက တိုက်ရိုက် ရေငုပ်သင်္ဘော အကြီးတစ်စီး ရဖို့ ကြိုးစား နေတယ်လို့သိရတယ်။

ရှေ့မှာတုန်းက ပထမဆုံးဟာက အိန္ဒိယ ရေတပ် က ရတဲ့ ရုရှားရေငုပ်သင်္ဘော။ နှစ်စီးလုံးက တစ်ပတ် ရစ် အဟောင်း တွေဆိုတော့ နောက်ထပ် ဒီနှစ်စီးထက် အဆင့်မြင့်တာကို ရယူဖို့ လုပ် တယ် လို့ သိထားပါတယ်။ အခုကတော့ ရုရှားဆီကနေ တိုက်ခိုက်ရေး ရေငုပ် သင်္ဘော ရဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

နောက်ထပ် ရုရှားဆီကလာမယ့် ရေငုပ် သင်္ဘော အတွက် သင်တန်းတွေ စေလွှတ်တာတွေလည်း လုပ်တော့ မယ် လို့ သိရပါတယ်။ အဲဒါက ရေတပ်အသိုင်းအဝိုင်းမှာ သိရတာပါ ” ဟု ရန်ကုန် ခေတ် သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဒလ ရေတပ်ဝင်း အတွင်း တွင် တော်ပီဒို သိုလှောင်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့ပြီး ယင်း တော်ပီဒိုစက်ရုံကိစ္စများလည်း ရုရှားရေတပ်ဒုစစ်ဦးချုပ်၏ ခရီးစဉ်အတွင်း ဆွေး နွေးနိုင်ဖွယ်ရှိကြောင်း ရေတပ်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရ သည်။

ဓာတ်ပုံ- ရုရှားရေတပ်ဒုချုပ်နှင့် မိုးအောင်တို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွေ့ဆုံ စဉ်။

Leave a Reply

Your email address will not be published. Required fields are marked *