ကွမ်းလာဝယ်တဲ့ ရဲကားတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် သုံးဦး ပွဲချင်းပြီးသေ
ဒီဇင္ဘာ ၂၆၊ The Nation Voice
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်၊ အင်ကြင်းခိုင်ဟိုတယ် အနီးက ပစ်တိုင်းထောင် ကွမ်းယာဆိုင်မှာ ကွမ်းယာ လာဝယ်တဲ့ ရဲကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Lightning PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ မုံရွာအမှတ် (၂) ရဲစခန်းက စခန်းမှူး အပါအဝင် ရဲ (၇) ဦး လိုက်ပါလာတဲ့ ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်တာကြောင့် စခန်းမှူး အပါအဝင် ရဲ သုံးဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလျင်အမြန် ရောက်လာတာကြောင့် လက်နက်ကောက်ချိန် မရဘဲ ပ.လ.ဖ ရဲဘော် တစ်ဦး လည်ပင်း ကျည်ရှပ်ထိ ဒဏ်ရာနဲ့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှ ရဲဘော်တွေနဲ့ Black Falcon မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆၊ The Nation Voice

crd