မြန်မာနိုင်ငံမှာလည်း ပေါင်းတည်က ကျောင်းထိုင်ဆရာတော်တစ်ပါး အဆုံးစီရင်မှုဖြစ်ပွားခဲ့
ပေါင်းတည်မှာ ကျောင်းထိုင်ဆရာတော်တပါးကြိုးဆွဲချ ပျံလွန်တော်မူ
ပေါင်းတည်၊ ဒီဇင်ဘာ ၂၅ ၊၂၀၂၂။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ဒီဇင်ဘာလ ၂၅ ရက် ဒီမနက်အစောပိုင်းက
ကျောင်းထိုင်ဘုန်းတော်ကြီးတပါးကြိုးဆွဲချ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ကျောင်းတော်ရွာအုပ်စု၊ ပန်းတင်ရွာက အသက် ၆၇ နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ ဖြစ်ပြီး မနက်အရုဏ်ဆွမ်းစားအပြီးမှာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။
“ဆရာတော်က စိတ်ကျရောဂါရှိတော့ဆေးခန်းပြနေရတာ ဒီနေ့ကသူဆေးခန်းပြန်ပြရမယ့်နေ့ မနေ့ကတည်းက အဲဒီကြိုးကိုမြင်လို့
ကပ္ပိယကမေးတော့ လေ့ကျင့်ခန်းလုပ်တာလို့ ဆရာတော်ကပြန်ဖြေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
ဆရာတော်ရဲ့ ရုပ်ကလာပ်ကို စေတနာနာရေးကူညီမှုအသင်းကားနဲ့ ပေါင်းတည်ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့သလို
နေ့လယ်ပိုင်းမှာတော့ ပန်းတင်ရွာဘုန်းတော်ကြီးကျောင်းကို အသင်းကားနဲ့ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ရဟန်းဘောင်ကိုမဝင်ရောက်မီက အငြိမ်းစားမီးရထားဝန်ထမ်းဟောင်းတဦးဖြစ်တယ်လို့လည်း မြို့ခံတဦးဆီကသိရပါတယ်။
crd
ျမန္မာနိုင္ငံမွာလည္း ေပါင္းတည္က ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး အဆုံးစီရင္မႈျဖစ္ပြားခဲ့
ေပါင္းတည္မွာ ေက်ာင္းထိုင္ဆရာေတာ္တပါးႀကိဳးဆြဲခ် ပ်ံလြန္ေတာ္မူ
ေပါင္းတည္၊ ဒီဇင္ဘာ ၂၅ ၊၂၀၂၂။
ပဲခူးတိုင္း၊ ျပည္ခရိုင္၊ ေပါင္းတည္ၿမိဳ႕နယ္မွာ ဒီဇင္ဘာလ ၂၅ ရက္ ဒီမနက္အေစာပိုင္းက
ေက်ာင္းထိုင္ဘုန္းေတာ္ႀကီးတပါးႀကိဳးဆြဲခ် ပ်ံလြန္ေတာ္မူခဲ့တယ္လို႔ ေဒသခံတဦးဆီက သိရပါတယ္။
ေက်ာင္းေတာ္႐ြာအုပ္စု၊ ပန္းတင္႐ြာက အသက္ ၆၇ ႏွစ္အ႐ြယ္ရွိ ေက်ာင္းထိုင္ဆရာေတာ္ဦးပ႑ိတ ျဖစ္ၿပီး မနက္အ႐ုဏ္ဆြမ္းစားအၿပီးမွာ ႀကိဳးဆြဲခ်ခဲ့တာလို႔ ဆိုပါတယ္။
ဆရာေတာ္က စိတ္က်ေရာဂါရွိေတာ့ေဆးခန္းျပေနရတာ ဒီေန႕ကသူေဆးခန္းျပန္ျပရမယ့္ေန႕ မေန႕ကတည္းက အဲဒီႀကိဳးကိုျမင္လို႔
ကပၸိယကေမးေတာ့ ေလ့က်င့္ခန္းလုပ္တာလို႔ ဆရာေတာ္ကျပန္ေျဖတယ္ လို႔ ေဒသခံတဦးကေျပာပါတယ္။
ဆရာေတာ္ရဲ႕ ႐ုပ္ကလာပ္ကို ေစတနာနာေရးကူညီမႈအသင္းကားနဲ႕ ေပါင္းတည္ျပည္သူ႕ေဆး႐ုံကိုပို႔ေဆာင္ခဲ့သလို
ေန႕လယ္ပိုင္းမွာေတာ့ ပန္းတင္႐ြာဘုန္းေတာ္ႀကီးေက်ာင္းကို အသင္းကားနဲ႕ ျပန္ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။
ဆရာေတာ္ဟာ ရဟန္းေဘာင္ကိုမဝင္ေရာက္မီက အၿငိမ္းစားမီးရထားဝန္ထမ္းေဟာင္းတဦးျဖစ္တယ္လို႔လည္း ၿမိဳ႕ခံတဦးဆီကသိရပါတယ္။
crd