အကျဉ်းထောင်မှူး ၁ ဦးကို PDF က ဖမ်းဆီးရမိပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့UG BLACK K အဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် အမှတ် ၈၂၈ ခြေမြန်တပ်ရင်းတွင် ဗိုလ်ကြီး အဆင့်အထိ တာ ဝန် ထမ်းဆောင်ခဲ့သည့် မိုးကောင်းမြို့နယ်၊

ဒွန်ဘန်အကျဉ်းထောင်မှူး ကိုင်ဇာလျန် မိုးကောင်းပြည်သူ့ကာကွယ် ရေးအဖွဲ့UG BLACK K အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းနေထိုင်ရာအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒွန်ဘန် အကျဉ်းထောင်မှူး ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်သည် အကျဉ်းထောင်မှူးမဖြစ်မီ ရဲအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် တနင်္သာရီတိုငး၊ မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လုံခြုံရေးအတွက် စစ်ဆေး ရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဉ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်း ထောင် ဦးစီးမှူး သီရစိုးကို ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင် တပ်ရင်း(၁) PPDFက တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

အက်ဥ္းေထာင္မႉး ၁ ဦးကို PDF က ဖမ္းဆီးရမိျပန္

ရန္ကုန္၊ ဒီဇင္ဘာ ၂၆

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္တြင္ စစ္အရာရွိေဟာင္း အက်ဥ္းေထာင္မႉး ၁ ဦးကို PDF တပ္ဖြဲ႕က ဖမ္းဆီးရမိေၾကာင္း မိုးေကာင္းျပည္သူ႕ကာကြယ္ေရးအဖြဲ႕UG BLACK K အဖြဲ႕က ေျပာသည္။

ဒီဇင္ဘာလ ၂၄ ရက္ေန႕ နံနက္ ၁၁ နာရီ ၁၅ မိနစ္အခ်ိန္ အမွတ္ ၈၂၈ ေျချမန္တပ္ရင္းတြင္ ဗိုလ္ႀကီး အဆင့္အထိ တာ ဝန္ ထမ္းေဆာင္ခဲ့သည့္ မိုးေကာင္းၿမိဳ႕နယ္၊

ဒြန္ဘန္အက်ဥ္းေထာင္မႉး ကိုင္ဇာလ်န္ မိုးေကာင္းျပည္သူ႕ကာကြယ္ ေရးအဖြဲ႕UG BLACK K အဖြဲ႕က ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎ေနထိုင္ရာအိမ္တြင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ဒြန္ဘန္ အက်ဥ္းေထာင္မႉး ဗိုလ္ႀကီးေဟာင္း ကိုင္ဇာလ်န္သည္ အက်ဥ္းေထာင္မႉးမျဖစ္မီ ရဲအရာရွိအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

အလားတူ ဒီဇင္ဘာလ ၂၄ ရက္ေန႕ မြန္းလြဲ ၁နာရီခြဲအခ်ိန္ တနသၤာရီတိုငး၊ ၿမိတ္-ထားဝယ္ လမ္းမႀကီး တစ္ ေနရာတြင္ ျပည္သူ႕ကာကြယ္ေရးပူးေပါင္းတပ္မ်ားက လုံၿခဳံေရးအတြက္ စစ္ေဆး ေရးမ်ား ျပဳလုပ္ေနခ်ိန္ ခရီးတင္ယာဥ္တစ္စီးေပၚတြင္ လိုက္ပါလာ ေသာ ေကာ့ေသာင္း အက်ဥ္း ေထာင္ ဦးစီးမႉး သီရစိုးကို ဖမ္းဆီးရမိေၾကာင္း ၿမိတ္ခရိုင္ တပ္ရင္း(၁) PPDFက တရားဝင္ ထုတ္ျပန္ေျပာဆိုထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *