မေတ္တာ တရားထားကြရန် အာဏာသိမ်းခေါင်းဆောင်ပြော

ဧရာဝတီ၊ ဒီဇင္ဘာ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ Holy Cathedral Church ၌ ယမန်နေ့က ပြုလုပ်သော ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားတွင် အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၀၀ ကျော်အား သတ်ဖြတ်ထားသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာတရားထားကြရန် ပြောဆိုသွားသည်။

အာဏာသိမ်းခေါင်းဆောင်က “ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များ အပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်း တရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊ တဦးအပေါ်တဦး မေတ္တာတရား၊ ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏ အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာ ဝပြောသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီး အဖြစ် ရောက်ရှိလာနိုင်မှာ” ဟု ပြောသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကို ထောင်နှင့်ချီ သတ်ဖြတ်ထားသလို သောင်းနှင့်ချီ သော နေအိမ်နှင့် ဘာသာရေး အဆောက်အဦး များကိုလည်း တိုက်ခိုက်ဖျက်ဆီးထားသည်။

ယခုနှစ်ထဲတွင်ပင် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်ဘို၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိ မုံလှရွာကိုလည်း နိုဝင်ဘာ ၂၃ ရက်၌ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့သည့်အပြင် ယင်းဒေသခံ ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့သေးသည်။

ထို့အပြင် ယခုလ တတိယပတ်ထဲတွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ နဝမမြောက် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေဖြစ်သော မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု လင်းယဉ် ၅ ရွာ (ဒေသအခေါ်) ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

အခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က ၎င်းတို့လက်ထက်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန်စိုက်လုပ်နေသည်ဟု ပြောသွားသေးသည်။ အာဏာသိမ်းခေါင်းဆောင်က “ဘာသာ တရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေကြောင်း” ပြောသည်။

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ကတ်သလစ် ဆရာတော်ကြီးများ၊ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မေတ္တာ တရားထားကြရန် အာဏာသိမ်းခေါင်းဆောင်ပြော

ဧရာဝတီ၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ Holy Cathedral Church ၌ ယမန်နေ့က ပြုလုပ်သော ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားတွင် အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၀၀ ကျော်အား သတ်ဖြတ်ထားသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာတရားထားကြရန် ပြောဆိုသွားသည်။

အာဏာသိမ်းခေါင်းဆောင်က ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များ အပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်း တရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊ တဦးအပေါ်တဦး မေတ္တာတရား၊ ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏ အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာ ဝပြောသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီး အဖြစ် ရောက်ရှိလာနိုင်မှာ ဟု ပြောသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကို ထောင်နှင့်ချီ သတ်ဖြတ်ထားသလို သောင်းနှင့်ချီ သော နေအိမ်နှင့် ဘာသာရေး အဆောက်အဦး များကိုလည်း တိုက်ခိုက်ဖျက်ဆီးထားသည်။

ယခုနှစ်ထဲတွင်ပင် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်ဘို၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိ မုံလှရွာကိုလည်း နိုဝင်ဘာ ၂၃ ရက်၌ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့သည့်အပြင် ယင်းဒေသခံ ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့သေးသည်။

ထို့အပြင် ယခုလ တတိယပတ်ထဲတွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ နဝမမြောက် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေဖြစ်သော မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု လင်းယဉ် ၅ ရွာ (ဒေသအခေါ်) ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

အခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က ၎င်းတို့လက်ထက်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန်စိုက်လုပ်နေသည်ဟု ပြောသွားသေးသည်။ အာဏာသိမ်းခေါင်းဆောင်က ဘာသာ တရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေကြောင်း ပြောသည်။

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ကတ်သလစ် ဆရာတော်ကြီးများ၊ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *