ကိုယ်က ကြားကဝင်ညှိတဲ့လူကိုအားနာသမှုနဲ့ စည်းစောင့်ပြီးနာမည်ထုတ်မပြောဘူး။
စင်ကြက်က ဖော်ကောင်လုပ်သွားတယ်။ ကိုယ့်မှာ ဂုဏ်မရှိရင် ဟိုလူနဲ့သိတယ်၊ ဒီလူနဲ့သိတယ်ဆိုပြီး သူများဆီက ချေးငှါးသုံးရတာပေါ့လေ။
အန်တီဒေါ်မီမီဝင်းဘတ်ကို ကိုယ်က အယဉ်ကျေးဆုံး ငြင်းလိုက်တာ။ အန်တီကလည်း သူ့ကို ယဉ်ကျေးစွာငြင်းကြောင်း ပြန်ပြောလိုက်တယ်။ သူကပြောတော့ ကိုယ်က အန်တီမီကို ဆဲလွှတ်လိုက်တယ်တဲ့။
နှုတ်ကြောင့်ကြေနေလည်း ဆိတ်ချီးပေါက်သလို ဗလောင်းဗလဲ ပါးစပ်ကို အခုအထိမပြင်ဘူး။
ဒီမိန်းမတော့….
စင်ကြက်က Liveမှာ ပြောသွားတယ်။ ပန်ဆယ်လိုက US ကိုရောက်သွားချိန်မှာ သူတတိယနိုင်ငံသွားဖို့အခွင့်အရေးရှိလျက်နဲ့ မတင်ခဲ့ဘူး။ PDF တွေကို မထားခဲ့နိုင်လို့တဲ့။
ကိုယ် အတော်ကြောင်သွားတယ်။ တတိယနိုင်ငံသွားတယ်ဆိုတာ စင်္ကာပူမှာ PR ကြီးနဲ့ နေတဲ့သူက တတိယနိုင်ငံကို ဘယ်လိုမှ လျှောက်လို့လည်း မရဘူး။ တတိယနိုင်ငံဝင်ခွင့်ဖို့တာ လက်ရှိနေထိုင်ရာနိုင်ငံမှာ ဆက်နေထိုင်ရင် အသက်အန္တရာယ်ရှိပါတယ်ဆိုသူတွေကိုပဲ အထောက်အထားတွေစိစစ်ပြီး လက်ခံတာ။
စင်္ကာပူလို Safeဖြစ်တဲ့နိုင်ငံကနေ UNHCR လျှောက်လို့ကို မရတာ။ USရဲ့ Immegration ကိစ္စရပ်တွေကို နားမလည်ဘဲ လျှောက်ပြောနေပြန်တယ်။
ဆိုလိုတာက ပန်ဆယ်လိုက မြန်မာပြည်မှာ နေလို့လည်းမရ၊ ထိုင်းမှာလည်း တရားမဝင်လို့ တတိယနိုင်ငံကကယ်လို့ ရွေးချယ်စရာမရှိလို့ သွားရတာမဟုတ်ဘဲ အခွင့်အရေးယူချင်လို့ သွားတာ။ သူက အခွင့်အရေး ရလျက်နဲ့ မသွားရက်လို့ပေါ့။
အဲ့လိုပြောတယ်ဆိုတော့ သူက မြန်မာပြည်ထဲမှာလားဆိုတော့ မဟုတ်ဘူး။ စင်္ကာပူမှာ။ စင်္ကာပူမှာကိုမှ PR,
PDFတွေကို မထားခဲ့ရက်လို့ တတိယနိုင်ငံကို မသွားတာဆိုတော့ သူက PDFတွေနဲ့ မြေပြင်မှာ အတူရှိနေလို့လားဆိုတော့ မဟုတ်ဘူး။ စင်္ကာပူမှာ။
USကို ရောက်သွားရင် PDFတွေနဲ့ အဆက်အသွယ်ပြတ်သွားမှာစိုးလို့ မသွားရက်လို့တဲ့။ USမှာ အင်တာနက်လိုင်းမရဘူးလို့ ထင်နေလို့လား။
အခု စင်္ကာပူနေ မြန်မာပြည်တောထဲကို နေ့ချင်းပြန်သွားနေရလို့လား။ အင်တာနက်ကပဲ ဆက်သွယ်နေရတာမလား။ USသွားတာနဲ့ PDFတွေနဲ့ အဆက်အသွယ်ပြတ်မယ်ဆိုတော့ USကကျုပ်က မနောနဲ့ ဆက်သွယ်နေတာမို့လား။
သွားမလုပ်နဲ့NUG, CRPHတောင် မရှိသေးဘူး။ သူက လက်နက်ကိုင်အဖွဲ့ စထောင်တာ ။
အမ်မျေး… ဒလန်ထိပ်ခေါင်တင်အမေအိုင်းရယ်
ကြည်ညိုလိုက်တာ ခြောက်ချိနဲ့တောင် ထိုးချင်တယ်။
ပန္ဆယ္လို
ဒီမိန်းမတော့.
ပန်ဆယ္လို
Leave a Reply
Your email address will not be published. Required fields are marked *