သွေးပျက်နေပြီ….PDF က ဒရုန်းနဲ့ဗုံးထုတာကို စခန်းလာဝိုင်းတယ် ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်

PDF က ဒရုန်းနဲ့ဗုံးထုတာကို စခန်းလာဝိုင်းတယ် ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်၊ စစ်အုပ်စု သွေးပျက်နေပြီလို့ဆို၊

MFP ၊ ဒီဇင္ဘာ – ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်မှာ မနေ့က နေ့လည်ပိုင်း PDF တွေက ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တဲ့အပေါ် စစ်အုပ်စုက စခန်းလာဝိုင်းတယ်ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်ခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် – MRA က MFP ကို ပြောပါတယ်။

“မနေ့က အမြင့်ကျေးရွာကို ရေကြောင်းကနေ အင်အားလာတိုးတဲ့ စစ်ကောင်စီတပ်ကို droneနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ နှစ်ယောက် ထိပါတယ်။ တစ်ပွင့်ဗိုလ်တစ်ယောက်က နေရာတင် သေဆုံးပါတယ်။ တစ်ယောက်က ပြင်းထန် ဒဏ်ရာရပါတယ်။ စကစတပ်သားတွေက အလောင်းကောက်ဖို့လုပ်တော့ ကျနော်တို့ drone နဲ့ ထပ်ချဖို့ လုပ်တယ်။

အဲ့ဒီအချိန် ဂျက်လေယာဉ် ရောက်လာပြီး (၉)ခါ ပတ်တယ်။ ပစ်ခတ်မှုတွေ လုပ်ပါတယ်။ ပြည်သူတွေရော ရဲဘော်တွေရော ထိခိုက်မှု မရှိခဲ့ပါဘူးဗျ” လို့ MRA က ပြောပါတယ်။

ဒီဇင်ဘာ(၂၄)ရက် နေ့လည်(၁၂)နာရီက အမြင့်ရဲစခန်းဘက် ရေကြောင်းကနေ အင်အားတိုးလာတဲ့ စစ်အုပ်စုကို စစ်ကိုင်း ခရိုင်တပ်ရင်း(၅) MRA၊ မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၄)တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းလာကောက်တဲ့ စစ်အုပ်စုကို ထပ်မံ တိုက်ခိုက်ဖို့ မြေပြင်က အသံပေးတာကို စစ်အုပ်စုက စခန်းလာဝိုင်းတယ်လို့ ထင်သွားပုံရတယ်လို့ MRA က ဆိုပါတယ်။

“ကျနော်တို့က စခန်းတိုက်ခိုက်တာ မရှိခဲ့ပါဘူးခဗျ။ ဗုံးသီးချခံရတဲ့ နေရာနဲ့ မနီးမဝေးမှာတော့ အသံပေး ခဲ့တာတော့ ရှိပါတယ်ဗျ။ ဖြစ်စဉ်ဖြစ်ပြီး ကျတော်တို့ဘက်က အသံပေးတာကို သူတို့ ဝိုင်းခံထားရပြီလို့ ထင်သွားပုံ ရတယ်ဗျ။ ကျတော်တို့ drone နဲ့ ချပြီး နောက်ထပ် ထပ်ချဖို့ လုပ်နေတဲ့ အချိန်မှာ လေယာဉ်နဲ့ ပစ်ခတ်မှုတွေ လုပ်တာပါဗျ” လို့ MRA ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

စစ်လော်ဘီတွေကတော့ အမြင့်တိုက်နယ် ရဲစခန်းကို PDF အင်အား ရာချီပြီး လာရောက် တိုက်ခိုက်လို့ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးခဲ့ရတာလို့ သတင်းဖြန့်ပါတယ်။

PDF တွေက စခန်းကို တိုက်ခိုက်ခဲ့တာ မရှိဘဲ ရဲစခန်းထဲက စစ်အုပ်စုက တွေ့းပြီး ကြောက်ရွံ့ကာ ဟတ်ယာဉ် စစ်ကူခေါ်တာ ဖြစ်မယ်လို့ MRA က ဆိုပါတယ်။

“ကျနော်တို့ဘက်က စခန်းကို သွားတိုက်ခိုက်တာ လုံးဝမရှိခဲ့ပါဘူးဗျ။ ဒီကောင်တွေ သွေးပျက်နေတာ ဖြစ်မယ်” လို့ MRA ရဲဘော်က ပြောပါတယ်။

အမြင့်ရဲစခန်း တိုက်ခိုက်ခံရမှုမှာ စကစ တစ်ယောက် သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ စစ်လော်ဘီ တွေကလည်း အတည်ပြုပါတယ်။
သွေးပျက်နေပြီ.PDF က ဒရုန်းနဲ့ဗုံးထုတာကို စခန်းလာဝိုင်းတယ် ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်

PDF က ဒရုန်းနဲ့ဗုံးထုတာကို စခန်းလာဝိုင်းတယ် ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်၊ စစ်အုပ်စု သွေးပျက်နေပြီလို့ဆို၊

MFP ၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်မှာ မနေ့က နေ့လည်ပိုင်း PDF တွေက ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တဲ့အပေါ် စစ်အုပ်စုက စခန်းလာဝိုင်းတယ်ထင်ပြီး ရဟတ်ယာဉ် စစ်ကူခေါ်ခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် MRA က MFP ကို ပြောပါတယ်။

မနေ့က အမြင့်ကျေးရွာကို ရေကြောင်းကနေ အင်အားလာတိုးတဲ့ စစ်ကောင်စီတပ်ကို droneနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ နှစ်ယောက် ထိပါတယ်။ တစ်ပွင့်ဗိုလ်တစ်ယောက်က နေရာတင် သေဆုံးပါတယ်။ တစ်ယောက်က ပြင်းထန် ဒဏ်ရာရပါတယ်။ စကစတပ်သားတွေက အလောင်းကောက်ဖို့လုပ်တော့ ကျနော်တို့ drone နဲ့ ထပ်ချဖို့ လုပ်တယ်။

အဲ့ဒီအချိန် ဂျက်လေယာဉ် ရောက်လာပြီး (၉)ခါ ပတ်တယ်။ ပစ်ခတ်မှုတွေ လုပ်ပါတယ်။ ပြည်သူတွေရော ရဲဘော်တွေရော ထိခိုက်မှု မရှိခဲ့ပါဘူးဗျ လို့ MRA က ပြောပါတယ်။

ဒီဇင်ဘာ(၂၄)ရက် နေ့လည်(၁၂)နာရီက အမြင့်ရဲစခန်းဘက် ရေကြောင်းကနေ အင်အားတိုးလာတဲ့ စစ်အုပ်စုကို စစ်ကိုင်း ခရိုင်တပ်ရင်း(၅) MRA၊ မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၄)တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းလာကောက်တဲ့ စစ်အုပ်စုကို ထပ်မံ တိုက်ခိုက်ဖို့ မြေပြင်က အသံပေးတာကို စစ်အုပ်စုက စခန်းလာဝိုင်းတယ်လို့ ထင်သွားပုံရတယ်လို့ MRA က ဆိုပါတယ်။

ကျနော်တို့က စခန်းတိုက်ခိုက်တာ မရှိခဲ့ပါဘူးခဗျ။ ဗုံးသီးချခံရတဲ့ နေရာနဲ့ မနီးမဝေးမှာတော့ အသံပေး ခဲ့တာတော့ ရှိပါတယ်ဗျ။ ဖြစ်စဉ်ဖြစ်ပြီး ကျတော်တို့ဘက်က အသံပေးတာကို သူတို့ ဝိုင်းခံထားရပြီလို့ ထင်သွားပုံ ရတယ်ဗျ။ ကျတော်တို့ drone နဲ့ ချပြီး နောက်ထပ် ထပ်ချဖို့ လုပ်နေတဲ့ အချိန်မှာ လေယာဉ်နဲ့ ပစ်ခတ်မှုတွေ လုပ်တာပါဗျ လို့ MRA ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

စစ်လော်ဘီတွေကတော့ အမြင့်တိုက်နယ် ရဲစခန်းကို PDF အင်အား ရာချီပြီး လာရောက် တိုက်ခိုက်လို့ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးခဲ့ရတာလို့ သတင်းဖြန့်ပါတယ်။

PDF တွေက စခန်းကို တိုက်ခိုက်ခဲ့တာ မရှိဘဲ ရဲစခန်းထဲက စစ်အုပ်စုက တွေ့းပြီး ကြောက်ရွံ့ကာ ဟတ်ယာဉ် စစ်ကူခေါ်တာ ဖြစ်မယ်လို့ MRA က ဆိုပါတယ်။

ကျနော်တို့ဘက်က စခန်းကို သွားတိုက်ခိုက်တာ လုံးဝမရှိခဲ့ပါဘူးဗျ။ ဒီကောင်တွေ သွေးပျက်နေတာ ဖြစ်မယ် လို့ MRA ရဲဘော်က ပြောပါတယ်။

အမြင့်ရဲစခန်း တိုက်ခိုက်ခံရမှုမှာ စကစ တစ်ယောက် သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ စစ်လော်ဘီ တွေကလည်း အတည်ပြုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *