ကဲလာပါပီဗျာ..အားလုံကြည့်ချင်နေတဲ့…မနေ့က ကော့ကရိတ်မှာ တင့်ကားဖျက်တဲ့ Video

ကော့ကရိတ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၂ စီးကို ဒရုန်းဖြင့် ဗုံးကျဲချရာ ကား ၁ စီး မီးလောင်ပျက်စီး ၊ ခလရ ၉၇ ယာယီ တပ်ရင်းမှူး အလောင်း မကောက်၍ ပုတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို ပြည်သူ့ကာကွယ် ရေး တပ် များက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကော့ကရိတ်သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော သံချပ်ကာ အမြောက်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချရာတွင် သံချပ်ကာ အမြောက်ကား ၁ စီး မီးလောင်ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ် ကော့နွဲရွာအဝင်မှာ မနေ့ ညနေ စစ်ကောင်စီ တင့်ကား ၂စီး အပေါ် တည့်တည့်ကို Golden Eagleအဖွဲ့က ၆၀ မမ Drop bomb ၄ လုံး ကျဲချနိုင်ခဲ့ပြီး တင့်ကားရပ်သွားပါတယ်။ ရှေ့မဆက်နိုင်တောာ့ပါဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်ဒေသပြည်သူတချို့ကလည်း စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၁ စီး မီးလောင်ပျက်စီးပြီး မောင်းမရတော့ဟု ပြောဆိုကြသည်။

“မနေ့က တက်လာတာ တင့်ကားနှစ်စီး။ ညကျတော့ ကော့ကရိတ် မြို့ထဲ ပြန်ဝင်သွားတာ တစ်စီးတည်း။ ကျန်တဲ့ ၁ စီးကပါမလာတော့ဘူး။ ပန်ဒါ ရေခဲစက် အနီးမှာ ဗုံးထိ မီးလောင်ပြီး ရပ်သွားတယ်ပြောတယ်” ဟု ကော့က ရိတ် မြို့ခံတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဘက်သို့ သံချပ်ကာ အမြောက် ကားများ၊ လက်နက်ကြီးအမြောက်တင်ကားများ ၊ Mi35 ရဟတ် ယာဉ်များ၊ ဂျက် လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် တိုက်ခိုက်နေကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရသည်။

“ကော့နွဲ့သချိုင်းရှေ့က ကွင်းပြင်မှာ ခလရ ၉၇ ယာယီ တပ်ရင်းမှူးအလောင်း အခုထိလာမကောက်သေးဘူး။ ပုတ် နေပြီ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။
ကဲလာပါပီဗျာ..အားလုံကြည့်ချင်နေတဲ့မနေ့က ကော့ကရိတ်မှာ တင့်ကားဖျက်တဲ့ Video

ကော့ကရိတ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၂ စီးကို ဒရုန်းဖြင့် ဗုံးကျဲချရာ ကား ၁ စီး မီးလောင်ပျက်စီး ၊ ခလရ ၉၇ ယာယီ တပ်ရင်းမှူး အလောင်း မကောက်၍ ပုတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို ပြည်သူ့ကာကွယ် ရေး တပ် များက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကော့ကရိတ်သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော သံချပ်ကာ အမြောက်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချရာတွင် သံချပ်ကာ အမြောက်ကား ၁ စီး မီးလောင်ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကော့ကရိတ် ကော့နွဲရွာအဝင်မှာ မနေ့ ညနေ စစ်ကောင်စီ တင့်ကား ၂စီး အပေါ် တည့်တည့်ကို Golden Eagleအဖွဲ့က ၆၀ မမ Drop bomb ၄ လုံး ကျဲချနိုင်ခဲ့ပြီး တင့်ကားရပ်သွားပါတယ်။ ရှေ့မဆကျနိုငျတောာ့ပါဘူး ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်ဒေသပြည်သူတချို့ကလည်း စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၁ စီး မီးလောင်ပျက်စီးပြီး မောင်းမရတော့ဟု ပြောဆိုကြသည်။

မနေ့က တက်လာတာ တင့်ကားနှစ်စီး။ ညကျတော့ ကော့ကရိတ် မြို့ထဲ ပြန်ဝင်သွားတာ တစ်စီးတည်း။ ကျန်တဲ့ ၁ စီးကပါမလာတော့ဘူး။ ပန်ဒါ ရေခဲစက် အနီးမှာ ဗုံးထိ မီးလောင်ပြီး ရပ်သွားတယ်ပြောတယ် ဟု ကော့က ရိတ် မြို့ခံတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဘက်သို့ သံချပ်ကာ အမြောက် ကားများ၊ လက်နက်ကြီးအမြောက်တင်ကားများ ၊ Mi35 ရဟတ် ယာဉ်များ၊ ဂျက် လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် တိုက်ခိုက်နေကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရသည်။

ကော့နွဲ့သချိုင်းရှေ့က ကွင်းပြင်မှာ ခလရ ၉၇ ယာယီ တပ်ရင်းမှူးအလောင်း အခုထိလာမကောက်သေးဘူး။ ပုတ် နေပြီ ဟု PDF သတင်းရင်းမြစ်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *