ရုပ်သံကိုလည်းရှိုးလိုက်အုံး…လန်ထွက်နေတာပဲ

ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ချီတက်လာသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ချီတက်လာသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရကြောင်း MRA စစ်ကိုင်းခရိုင်တပ်ရင်း ၅မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာ ကို ရေလမ်း ကြောင်းမှ တစ်ဆင့် အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲချရာ စစ်ဗိုလ် ၁ ဦးသေဆုံး ပြီး အခြား စစ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မနေ့က အင်အားလာတိုးတဲ့ စစ်ကောင်စီတပ်ကို drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ရာမှာ နှစ်ယောက် ထိပါတယ်။ တစ်ပွင့် ဗိုလ်တယောက် က နေရာတင် သေဆုံးပါတယ်။ တယောက်က ပြင်းထန် ဒဏ်ရာရပါတယ်။

စစ် ကောင် စီ တပ် သား တွေက အလောင်းကောက်ဖို့လုပ်တော့ ကျနော်တို့ drone နဲ့ ထပ်ချဖို့ လုပ်တယ်။ အဲ ဒီအချိန် ရဟတ်ယာဉ် ရောက်လာပြီး ၉ ခါ ပတ်တယ်။ ပစ်ခတ်မှုတွေ လုပ်ပါတယ်။

ပြည်သူတွေရော ရဲဘော် တွေရော ထိခိုက်မှု မရှိခဲ့ပါဘူး။ ကျနော်တို့လည်း ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တော်လှန်ရေးရဲဘော်က ရှင်းပြသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်တပ်ရင်း ၅ MRA နှင့်အတူ မုံရွာခရိုင်တပ်ရင်း ၁၂၊ တပ်ခွဲ ၄ တို့ ‌ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

႐ုပ္သံကိုလည္းရွိုးလိုက္အုံးလန္ထြက္ေနတာပဲ

ေခ်ာင္းဦးၿမိဳ႕နယ္၊ အျမင့္ေက်း႐ြာသို႔ ခ်ီတက္လာသည့္ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္ဗိုလ္ ၁ ဦး ေသဆုံးၿပီး ၁ ဦးျပင္းထန္ဒဏ္ရာရ (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၂၅

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ အျမင့္ေက်း႐ြာသို႔ ခ်ီတက္လာသည့္ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္ဗိုလ္ ၁ ဦး ေသဆုံးၿပီး ၁ ဦးျပင္းထန္ဒဏ္ရာရေၾကာင္း MRA စစ္ကိုင္းခရိုင္တပ္ရင္း ၅မွ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးက ေျပာသည္။

ဒီဇင္ဘာလ ၂၄ ရက္ေန႕ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ ေခ်ာင္းဦးၿမိဳ႕နယ္၊ အျမင့္ေက်း႐ြာ ကို ေရလမ္း ေၾကာင္းမွ တစ္ဆင့္ အင္အားတိုးခ်ဲ့လာေသာ စစ္ေကာင္စီတပ္ကို ဒ႐ုန္းျဖင့္ ဗုံးက်ဲခ်ရာ စစ္ဗိုလ္ ၁ ဦးေသဆုံး ၿပီး အျခား စစ္သား ၁ ဦး ျပင္းထန္ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

မေန႕က အင္အားလာတိုးတဲ့ စစ္ေကာင္စီတပ္ကို drone ျဖင့္ ဗုံးသီးခ် တိုက္ခိုက္ရာမွာ ႏွစ္ေယာက္ ထိပါတယ္။ တစ္ပြင့္ ဗိုလ္တေယာက္ က ေနရာတင္ ေသဆုံးပါတယ္။ တေယာက္က ျပင္းထန္ ဒဏ္ရာရပါတယ္။

စစ္ ေကာင္ စီ တပ္ သား ေတြက အေလာင္းေကာက္ဖို႔လုပ္ေတာ့ က်ေနာ္တို႔ drone နဲ႕ ထပ္ခ်ဖိဳ႕ လုပ္တယ္။ အဲ ဒီအခ်ိန္ ရဟတ္ယာဥ္ ေရာက္လာၿပီး ၉ ခါ ပတ္တယ္။ ပစ္ခတ္မႈေတြ လုပ္ပါတယ္။

ျပည္သူေတြေရာ ရဲေဘာ္ ေတြေရာ ထိခိုက္မႈ မရွိခဲ့ပါဘူး။ က်ေနာ္တို႔လည္း ေဘးကင္းစြာနဲ႕ ဆုတ္ခြာနိုင္ခဲ့ပါတယ္ ဟု ေတာ္လွန္ေရးရဲေဘာ္က ရွင္းျပသည္။

အဆိုပါ ဒ႐ုန္းျဖင့္ ဗုံးသီးခ် တိုက္ခိုက္မႈတြင္ စစ္ကိုင္းခရိုင္တပ္ရင္း ၅ MRA ႏွင့္အတူ မုံ႐ြာခရိုင္တပ္ရင္း ၁၂၊ တပ္ခြဲ ၄ တို႔ ပူးေပါင္း တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *