အကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ကော့သောင်းအကျဉ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မျာားက လုံခြုံရေးအတွက် စစ်ဆေးရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဉ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်းထောင် ဦးစီးမှူးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကျန်တဲ့သူတွေကိုရော၊ ကားတွေကိုရော လွှတ်ပေးလိုက်ပါပြီ။ သူ့ကိုတော့ ဆက်ပြီး ဖမ်းဆီးထားပါတယ်။ ပုံထဲမှာတော့ ကြယ်တစ်ပွင့်ပဲရှိသေးတယ်။ အပြင် မှာ နှစ်ပွင့်ဖြစ်နေပါပြီ။ သူ့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ညွှန် ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးဖြတ်သွားမှာပါ” ဟု မြိတ်ခရိုင် တပ်ရင်း(၁) PPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကော့သောင်းထောင် အကျဉ်းဦးစီးဌာန ဦးစီးမှူးကို ငွေကျပ် ၁၇ သိန်း ၊ ဖုန်း ၁လုံးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးမှုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အကျဉ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

အကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ကော့သောင်းအကျဉ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပွညျသူ့ကာကှယျရေးပူးပေါငျးတပျမြာားက လုံခြုံရေးအတွက် စစ်ဆေးရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဉ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်းထောင် ဦးစီးမှူးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန်တဲ့သူတွေကိုရော၊ ကားတွေကိုရော လွှတ်ပေးလိုက်ပါပြီ။ သူ့ကိုတော့ ဆက်ပြီး ဖမ်းဆီးထားပါတယ်။ ပုံထဲမှာတော့ ကြယ်တစ်ပွင့်ပဲရှိသေးတယ်။ အပြင် မှာ နှစ်ပွင့်ဖြစ်နေပါပြီ။ သူ့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ညွှန် ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးဖြတ်သွားမှာပါ ဟု မြိတ်ခရိုင် တပ်ရင်း(၁) PPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကော့သောင်းထောင် အကျဉ်းဦးစီးဌာန ဦးစီးမှူးကို ငွေကျပ် ၁၇ သိန်း ၊ ဖုန်း ၁လုံးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးမှုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အကျဉ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

Leave a Reply

Your email address will not be published. Required fields are marked *