စစ္ကိုင္း – မုံ႐ြာလမ္းမွာ စစ္ကား မိုင္းဆြဲခံရၿပီးေနာက္ စစ္အုပ္စုက ခရီးသည္တင္ကားကို ရန္ျပဳ ရမ္းကား ပစ္ခတ္၊
ကေလးမိခင္တစ္ဦး ေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရ၊

MFP ၊ ဒီဇငာၻ – ၂၄

စစ္ကိုင္းၿမိဳ႕နယ္၊ ေညာင္ပင္လွ႐ြာအနီး၊ စစ္ကိုင္း – မုံ႐ြာ ကားလမ္းေပၚမွာ မေန႔က ညေနပိုင္း ခိုးရာပါ ပစၥည္းသယ္ စစ္ကားတစ္စီး မိုင္းဆြဲ တိုက္ခိုက္ခံရၿပီးေနာက္ စစ္အုပ္စုက ခရီးသည္တင္ကားတစ္စီးကို ရမ္းျပဳ ရမ္းကား ပစ္ခတ္ခဲ့ရာ ကေလးမိခင္တစ္ဦး ေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရတယ္လို႔ သတင္းရရွိပါတယ္။

ဒီဇင္ဘာ(၂၃)ရက္ ညေန(၄)နာရီက စစ္ကိုင္းၿမိဳ႕ တပ္မ(၃၃)ထဲကေန ျမင္းမူဘက္ ေမာင္းလာတဲ့ စစ္ကားကို စစ္ကိုင္း – မုံ႐ြာလမ္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ေညာင္ပင္လွ႐ြာ ဇရပ္အနီးမွာ ေဒသကာကြယ္ေရး တပ္ေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“စစ္ကိုင္း တပ္မ(၃၃)ကေန ျမင္းမူဘက္ကို ဦးတည္ေမာင္ႏွင္လာတဲ့ စစ္ကား မိုင္းဆြဲ တိုက္ခိုက္ခံရပါတယ္။ စစ္ေကာင္စီရဲ႕ စစ္ကားကလည္း အျပင္းေမာင္းႏွင္ရင္း ပစ္ခတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ စစ္ေကာင္စီ စစ္ကားကို ေက်ာ္တက္ဖို႔ ႀကိဳးစားေနတဲ့ ျပင္ဦးလြင္ – မုံ႐ြာ – ေနျပည္ေတာ္ ေျပးဆြဲတဲ့ ဟိန္းစတား ခရီးသည္တင္ အံစာတုံးကားကို က်ည္မ်ား ထိမွန္ခဲ့ပါတယ္။

စစ္ေကာင္စီ စစ္ကားေပၚက ပစ္ခတ္လိုက္တဲ့ က်ည္မ်ား ထိမွန္ၿပီး ကားေပၚပါ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး၊ ကားသမား မ်က္လုံးက်ည္ထိမွန္၊ အဖြားအိုတစ္ဦး ေျခေထာက္ က်ည္ထိမွန္ခဲ့ပါတယ္။ စစ္ေကာင္စီ ပစ္ခတ္လိုက္လို႔ ေသဆုံး ထိခိုက္ခဲ့သူေတြကို ကားအသင္းက တာဝန္ရွိေတြ လိုက္လာၿပီး ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

က်န္ခရီးသည္ အခ်ိဳ႕ကို ကားေျပာင္းေပးခဲ့တယ္လို႔ သိရပါတယ္။ ခရီးသြားျပည္သူမ်ား အေနျဖင့္ စစ္ေကာင္စီ ကားမ်ားကို တက္ႏိုင္သမွ် ေဝးေဝးေရွာင္ၾကရန္ တိုက္တြန္း သတိေပးအပ္ပါတယ္” လို႔ စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ ျပန္ၾကားေရးက ေဖာ္ျပပါတယ္။

စစ္အုပ္စုက ခရီးသည္တင္ကားကို ရန္ျပဳ ရမ္းကား ပစ္ခတ္လို႔ ေသဆုံးသူဟာ မႏၲေလးတိုင္း၊ ျပင္ဦးၿမိဳ႕နယ္၊ သုံးေတာင္႐ြာေန အသက္(၃၀)႐ြယ္ ကေလးမိခင္ မပြင့္သူႏိူင္ (ခ) မဘဲဥ ျဖစ္ၿပီး ဒီမနက္ပိုင္းမွာပဲ စစ္ကိုင္းၿမိဳ႕ ယုန္ျဖဴသုသာန္မွာ ၾသဂႋုဟ္ခဲ့တယ္လို႔ စစ္ကိုင္းၿမိဳ႕ အိုးဘို လူမႈကူညီေရးအသင္းက ဆိုပါတယ္။

စစ္အုပ္စုဟာ စစ္ကိုင္းတိုင္းထဲ ႐ြာစဥ္ပတ္ေမႊကာ လူသတ္၊ လုယက္၊ ေဖာက္ထြင္းခိုးယူ၊ မီးရႈိ႕ၿပီးေနာက္ ခိုးရာပါ ပစၥည္းေတြကို စစ္ကိုင္းၿမိဳ႕က တပ္မ(၃၃)ထဲ သယ္ယူေနတာ ျဖစ္ပါတယ္။

စစ္ေကာင္စီ သစၥာခံ လက္နက္ကိုင္ေတြဟာ သူတို႔ တိုက္ခိုက္ခံရတိုင္း အနီးဆုံးမွာ ရွိတဲ့ ျပည္သူကို ရန္ျပဳ ရမ္းကားေလ့ရွိၿပီး ယမန္ေန႔ကလည္း စစ္ကိုင္းၿမိဳ႕နယ္ ေညာင္ပင္ဝန္း႐ြာ ရဲစခန္းေရွ႕ လမ္းေပၚမွာ ခရီးသြားျပည္သူေတြကို လက္နက္ျပ မိုက္ေၾကးခြဲေနတဲ့ စစ္အုပ္စု ပစ္ခတ္တိုက္ခိုက္ခံရၿပီးေနာက္ စစ္အုပ္စုက ေဒသခံ ျပည္သူေတြကို ရန္ျပဳေသာင္းက်န္းကာ ညပိုင္းမွာ ရဲစခန္းအနီးက ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

စစ္ကိုင္းၿမိဳ႕ အေျခစိုက္ တပ္မ(၃၃)ဟာ စစ္ေကာင္စီ လက္ေအာက္ခံ တပ္ရင္း၊တပ္ဖြဲ႕ေတြ အားလုံးထဲမွာ အေကာက္က်စ္၊ အယုတ္မာဆုံးအျဖစ္ နာမည္ထြက္ၿပီး တပ္မ(၃၃)ရဲ႕ လူမဆန္တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ အေမရိကန္အစိုးရက တပ္မ(၃၃)ကို သီးျခား ဒဏ္ခတ္ပိတ္ဆို႔ အေရးယူထားပါတယ္။

စစ္အုပ္စုက ခရီးသည္တင္ကားကို ပစ္ခတ္လို႔ ေသဆုံးတဲ့ မဘဲဥ ႏွင့္ ဒဏ္ရာရတဲ့ ယာဥ္ေမာင္း/Photo – CJ

စစ်ကိုင်း – မုံရွာလမ်းမှာ စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်၊
ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ၊

MFP ၊ ဒီဇင္ဘာ – ၂၄

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာအနီး၊ စစ်ကိုင်း – မုံရွာ ကားလမ်းပေါ်မှာ မနေ့က ညနေပိုင်း ခိုးရာပါ ပစ္စည်းသယ် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားတစ်စီးကို ရမ်းပြု ရမ်းကား ပစ်ခတ်ခဲ့ရာ ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ(၂၃)ရက် ညနေ(၄)နာရီက စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲကနေ မြင်းမူဘက် မောင်းလာတဲ့ စစ်ကားကို စစ်ကိုင်း – မုံရွာလမ်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးမှာ ဒေသကာကွယ်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကိုင်း တပ်မ(၃၃)ကနေ မြင်းမူဘက်ကို ဦးတည်မောင်နှင်လာတဲ့ စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကားကလည်း အပြင်းမောင်းနှင်ရင်း ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကောင်စီ စစ်ကားကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကားကို ကျည်များ ထိမှန်ခဲ့ပါတယ်။

 

စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ ကျည်များ ထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကားသမား မျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့ပါတယ်။ စစ်ကောင်စီ ပစ်ခတ်လိုက်လို့ သေဆုံး ထိခိုက်ခဲ့သူတွေကို ကားအသင်းက တာဝန်ရှိတွေ လိုက်လာပြီး ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကျန်ခရီးသည် အချို့ကို ကားပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် စစ်ကောင်စီ ကားများကို တက်နိုင်သမျှ ဝေးဝေးရှောင်ကြရန် တိုက်တွန်း သတိပေးအပ်ပါတယ်” လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်လို့ သေဆုံးသူဟာ မန္တလေးတိုင်း၊ ပြင်ဦးမြို့နယ်၊ သုံးတောင်ရွာနေ အသက်(၃၀)ရွယ် ကလေးမိခင် မပွင့်သူနိူင် (ခ) မဘဲဥ ဖြစ်ပြီး ဒီမနက်ပိုင်းမှာပဲ စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်မှာ သြင်္ဂိုဟ်ခဲ့တယ်လို့ စစ်ကိုင်းမြို့ အိုးဘို လူမှုကူညီရေးအသင်းက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ မီးရှို့ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို စစ်ကိုင်းမြို့က တပ်မ(၃၃)ထဲ သယ်ယူနေတာ ဖြစ်ပါတယ်။

 

စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေဟာ သူတို့ တိုက်ခိုက်ခံရတိုင်း အနီးဆုံးမှာ ရှိတဲ့ ပြည်သူကို ရန်ပြု ရမ်းကားလေ့ရှိပြီး ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာ ရဲစခန်းရှေ့ လမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ရန်ပြုသောင်းကျန်းကာ ညပိုင်းမှာ ရဲစခန်းအနီးက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေ အားလုံးထဲမှာ အကောက်ကျစ်၊ အယုတ်မာဆုံးအဖြစ် နာမည်ထွက်ပြီး တပ်မ(၃၃)ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အမေရိကန်အစိုးရက တပ်မ(၃၃)ကို သီးခြား ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

စစ်အုပ်စုက ခရီးသည်တင်ကားကို ပစ်ခတ်လို့ သေဆုံးတဲ့ မဘဲဥ နှင့် ဒဏ်ရာရတဲ့ ယာဉ်မောင်း/Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *