ဆိုင္ကယ္ႏွင့္ဖုန္းမ်ား လုယက္သည့္အဖြဲ႕ကို ဖမ္းဆီးရာ ရဲဝန္ထမ္းေဟာင္းမ်ားျဖစ္ေန
CJ Platform
မဂ္လာဒုံၿမိဳ႕နယ္ ေဇကမာၻဝင္းအတြင္း ဆိုင္ကယ္ႏွင့္ ဖုန္းမ်ားကို လုယက္ေနသည့္ အဖြဲ႕ကို စစ္တပ္က ယမန္ေန႔ ညေနပိုင္းတြင္ စစ္တပ္က ဖမ္းဆီးမိခဲ့ရာ ရဲဝန္ထမ္းေဟာင္းမ်ား ျဖစ္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။
ေဇကမာၻဝင္းအတြင္း ဆိုင္ကယ္ႏွင့္ဖုန္းမ်ားကို ေန႔စဥ္လုယက္ေနသည့္ အဖြဲ႕ကို စစ္ေကာင္စီတပ္က ကင္းပုန္းဝတ္၍ ဖမ္းဆီးခဲ့တာျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက CJ Platform ကိုေျပာသည္။
“တာဝန္က် စစ္သားတစ္ေယာက္ အရပ္ဝတ္နဲ႔ စစ္ေဆးေရးဂိတ္ကို ျပန္လာတဲ့အခ်ိန္ အလုခံရတာ အဲ့က်မွ စစ္တပ္က အုပ္စုလိုက္ဖမ္းတာ မိသြားတယ္ ေျခာက္ဦးလုံးကရဲေတြလို႔ေျပာတယ္”ဟု ေျပာသည္။
ဖမ္းဆီးရမိသူမ်ားမွာ ရဲဝန္ထမ္းေဟာင္းမ်ား စုဖြဲ႕ထားသည့္ ခိုးဆိုးလုယက္အဖြဲ႕အစည္း တစ္ခုျဖစ္ၿပီး အၿငိမ္းစား ရဲတပ္ၾကပ္ႀကီး တစ္ဦးပါ ပါဝင္သည္ဟု ရပ္မိရပ္ဖတစ္ဦးမွ ရွင္းျပသည္။
“သတင္းကမွန္ပါတယ္ မနက္ည ဆယ္နာရီခြဲက မိတာပါ ၊ရဲျပဳတ္ေတြပါ အခုမဂၤလာဒုံရဲစခန္းမွာ ဖမ္းထားတယ္”ဟု ရွင္းျပသည္။
ဖမ္းဆီးရမိသူ အၿငိမ္းစား ရဲတပ္ၾကပ္ႀကီး ေအာင္ေက်ာ္ဦးပါ ေျခာက္ဦးကို မဂ္လာဒုံၿမိဳ႕မရဲစခန္းမွ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟု သိရသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရန္ကုန္ တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ လုယက္မႈႏွင့္ ဓားျပတိုက္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး အမႈအမ်ားစုမွာ တရားခံဖမ္းဆီးရမိျခင္း မရွိေပ။
🖋️ကိုေပါက္
===========
ဆိုင်ကယ်နှင့်ဖုန်းများ လုယက်သည့်အဖွဲ့ကို ဖမ်းဆီးရာ ရဲဝန်ထမ်းဟောင်းများဖြစ်နေ
CJ Platform
မဂ်လာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်းများကို လုယက်နေသည့် အဖွဲ့ကို စစ်တပ်က ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်က ဖမ်းဆီးမိခဲ့ရာ ရဲဝန်ထမ်းဟောင်းများ ဖြစ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။
ဇေကမ္ဘာဝင်းအတွင်း ဆိုင်ကယ်နှင့်ဖုန်းများကို နေ့စဉ်လုယက်နေသည့် အဖွဲ့ကို စစ်ကောင်စီတပ်က ကင်းပုန်းဝတ်၍ ဖမ်းဆီးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။
“တာဝန်ကျ စစ်သားတစ်ယောက် အရပ်ဝတ်နဲ့ စစ်ဆေးရေးဂိတ်ကို ပြန်လာတဲ့အချိန် အလုခံရတာ အဲ့ကျမှ စစ်တပ်က အုပ်စုလိုက်ဖမ်းတာ မိသွားတယ် ခြောက်ဦးလုံးကရဲတွေလို့ပြောတယ်”ဟု ပြောသည်။
ဖမ်းဆီးရမိသူများမှာ ရဲဝန်ထမ်းဟောင်းများ စုဖွဲ့ထားသည့် ခိုးဆိုးလုယက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အငြိမ်းစား ရဲတပ်ကြပ်ကြီး တစ်ဦးပါ ပါဝင်သည်ဟု ရပ်မိရပ်ဖတစ်ဦးမှ ရှင်းပြသည်။
“သတင်းကမှန်ပါတယ် မနက်ည ဆယ်နာရီခွဲက မိတာပါ ၊ရဲပြုတ်တွေပါ အခုမင်္ဂလာဒုံရဲစခန်းမှာ ဖမ်းထားတယ်”ဟု ရှင်းပြသည်။
ဖမ်းဆီးရမိသူ အငြိမ်းစား ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးပါ ခြောက်ဦးကို မဂ်လာဒုံမြို့မရဲစခန်းမှ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အမှုအများစုမှာ တရားခံဖမ်းဆီးရမိခြင်း မရှိပေ။
🖋️ကိုပေါက်