စစ္ေကာင္စီတပ္သားမ်ားက PDF တပ္ဖြဲ႕ကို ျမင္ၿပီး လက္နက္မ်ားစြန႔္ပစ္ကာ ထြက္ေျပး

ရန္ကုန္၊ ဒီဇင္ဘာ ၂၄

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ တာဟန္းမီးပြိဳင့္ဂိတ္ရွိၾကမ္းဖက္စစ္သားမ်ားကို တိုက္ခိုက္ရန္သြား ေသာ္လည္း လက္နက္မ်ားစြန႔္ပစ္ကာထြက္ေျပးသျဖင့္ လက္နက္မ်ားသိမ္းဆည္းကာ ျပန္လည္ဆုတ္ခြာခဲ့ရေၾကာင္း CDF-KKG ထံမွသိရသည္။

ယေန႔ ဒီဇင္ဘာလ ၂၄ ရက္ နံနက္ ၁၀ နာရီခန႔္က အဆိုပါဂိတ္အား ဝင္ေရာက္စီးနင္းတိုက္ခိုက္ရန္ ခ်ဥ္းကပ္စဥ္ မူးယစ္ေသာက္စားေနေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားမွာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားကို ျမင္ေတြ႕သြားၿပီးေနာက္ ေၾကာက္လန႔္ကာထြက္ေျပးသျဖင့္

MA -2 စက္ကေလး တစ္ လက္၊ က်ည္ေဘာက္တစ္ခုႏွင့္အတူ ၅ ဒသမ ၅၆ က်ည္ အေတာင့္ ၆၀ တို႔အား သမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔သိမ္းယူၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၃၀ ခန႔္သည္ တပ္စြဲထားရာ အေဆာက္အအုံအတြင္းမွ ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ခဲ့ၿပီး ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ဝင္မ်ားအားလုံး အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈအတြင္း အၾကမ္းဖက္စစ္သားမ်ား၏ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ျပည္သူ တစ္ဦးေသဆုံးခဲ့ၿပီး အခ်ိဳ႕မွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၊ ထိခိုက္ဒဏ္ရာရ ေသဆုံးသူ မ်ားအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း CDF –KKG က ထုတ္ျပန္ထားသည္။

========

စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့ကို မြင်ပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းမီးပွိုင့်ဂိတ်ရှိကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရန်သွား သော်လည်း လက်နက်များစွန့်ပစ်ကာထွက်ပြေးသဖြင့် လက်နက်များသိမ်းဆည်းကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း CDF-KKG ထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ချဉ်းကပ်စဉ် မူးယစ်သောက်စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မြင်တွေ့သွားပြီးနောက် ကြောက်လန့်ကာထွက်ပြေးသဖြင့်

MA -2 စက်ကလေး တစ် လက်၊ ကျည်ဘောက်တစ်ခုနှင့်အတူ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀ တို့အား သမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းယူပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သည် တပ်စွဲထားရာ အဆောက်အအုံအတွင်းမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူ များအတွက် စိတ်မကောင်းဖြစ်ရကြောင်း CDF –KKG က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *