ဘယ္ေျပးလို႔ ေျပးရမွန္းမသိေအာင္ ဒုန္း စာမိေနတဲ့ စခ ေတြရဲ႕အျဖစ္ကိုလည္း ရႈိးလိုက္အုံး

ၿမိဳင္ၿမိဳ႕နယ္ ေဖာင္းကြဲ႐ြာအနီး အၾကမ္းဖက္စစ္ေကာင္စီ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ထပ္မံတိုက္ခိုက္ ၄ ဦးေသဆုံး ၇ ဦးဒဏ္ရာရ

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၄

ၿမိဳင္ၿမိဳ႕နယ္ ေဖာင္းကြဲ႐ြာအေရွ႕ေတာင္ဘက္တြင္ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းကို ထပ္မံတိုက္ခိုင္ရာ ၄ဦးေသဆုံးၿပီး ၇ ဦးဒဏ္ရာရခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုသည္။

စစ္သား ရဲ ပ်ဴေစာထီး အင္အား100ေက်ာ္ခန႔္ပါသည့္ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္း ဒီဇင္ဘာ ၂၄ ရက္ နံနက္ ၈ နာရီ ၁၇ မိနစ္က ဗုံးသီး 22လုံးျဖင့္ တိုက္ခိုက္ခဲ့ရာ ေလးဦးေသၿပီး ၇ ဦး ဒဏ္ရာ အျပင္း အထန္ ရရွိသြားေၾကာင္း ၿမိဳင္ပကဖ တာဝန္ရွိသူက ရွင္းျပသည္။

ယင္းအၾကမ္းဖက္စစ္ေကာင္စီ၏ စစ္ေၾကာင္းကိုပင္ ယမန္ေန႔ ဒီဇင္ဘာ ၂၃ ရက္ေန႔ နံနက္ပိုင္းက ေဖာင္းကြဲ႐ြာအနီးတြင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ရာ စစ္သား ၁ ဦးေသဆုံးၿပီး ၄ ဦးဒဏ္ရာရရွိေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈကို ၿမိဳင္ ပကဖ က Pakokku Thurain ၊ MRTF တိုႏွင့္ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

========

ဘယ်ပြေးလို့ ပြေးရမှန်းမသိအောင် ဒုန်း စာမိနေတဲ့ စခ တွေရဲ့အဖြစ်ကိုလည်း ရှိုးလိုက်အုံး

မြိုင်မြို့နယ် ဖောင်းကွဲရွာအနီး အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက် ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄

မြိုင်မြို့နယ် ဖောင်းကွဲရွာအရှေ့တောင်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုင်ရာ ၄ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်သား ရဲ ပျူစောထီး အင်အား100ကျော်ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က ဗုံးသီး 22လုံးဖြင့် တိုက်ခိုက်ခဲ့ရာ လေးဦးသေပြီး ၇ ဦး ဒဏ်ရာ အပြင်း အထန် ရရှိသွားကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကိုပင် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖောင်းကွဲရွာအနီးတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ က Pakokku Thurain ၊ MRTF တိုနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *