



အမေရိကန်အစိုးရက ပဈမွတ်ထားတဲ့ ကမ္ဘာေပါ်က ႏွိမ်နင်းသင့်တဲ့ အေရးကိစ္စေတွ ပါဝင်ပါတယ် ။ ဒီႏွဈအတွက် ကာကွယ်ေရးအသုံးစရိတ်ထဲမွာ မြန်မာ့အေရးအတွက် အသုံးပြဳခွင့်ေပးပါလို႔ ပြည်သူကို ကိုယ်စားပြဳတဲ့ အထက်လွွတ်ေတာ်နဲ႔ ေအာက်လွွတ်ေတာ်အမတ်တွေက သမ္မတထံကို တင်ပြခဲ့ကြတာပါ ။ သမ္မတက ဒီေန႔ ခွင့်ပြဳလိုက်ပါတယ် ။

ဒီေတာ့ အမေရိကန်ရဲ႕ မြန်မာ့အေရး လႈပ်ရွားမႈ႕က ႏွဈမကူးပဲ အပြီးသတ်ႏိုင်မယ်လို႔ ယူဆရပါတယ် ။ အမေရိကန် ချည်းကပ်တဲ့ လမ်းေကြာင်းက သူတဈေယာက်တည်းရဲ႕ ဆုံးဖြတ်ခၾက်မဟုတ်ပဲ ၊ ႏိုင်ငံတကာအသိုင်းအဝိုင်းနဲ႔ လုံခြဳံေရးေကာင်စီ ခွင့်ပြဳခၾက်အတိုင်းလို႔ လုပ်ချင်ပုံရပါတယ် ။


လုံခွုံရေးကောငျစီရဲ့ ဆုံးဖွတျခကျြအမိနျ့ဟာ မပြင်းထန်လို႔ စိတ်ပူစရာမရွိဘူးလို႔ ဟိုဘက်ရပ်ကွက်သားတွေက သတင်းတွေတင်နေတယ်လို႔ ေပြာကြပါတယ် ။ လုခြဳံေရးေကာင်စီရဲ႕ ဆုံးဖြတ်ခၾက် ပြင်တာ မပြင်းတာက အဓိကမဟုတ်ပါဘူး ။ မြန်မာ့အေရးကို လုံခွုံရေးကောငျစီကနေ ပထမခွလှေမျးအဖွဈနဲ့ အရေးယူသငျ့တဲ့နိုငျငံလို့ နိုငျငံတကာသိအောငျ ပွောလိုကျတာက အမရေိကနျရဲ့ ဗြူဟာပါပဲ ။

လွွတ်ေတာ်အမတ်တၿခိဳ႕နဲ႔ မြန်မာ့အေရး လႈပ်ရွားနေသူတွေပြောသလို မြန်မာႏိုင်ငံကို နည်းပညာေတွ အကူအညီပေးမလား ၊ လကျနကျအကူအညီတှေ ထောကျပံ့မလား ဆိုတာကိုတော့ အမရေိကနျနိုငျငံခွားရေးဝနျကွီးဌာနက ပွောမထားသေးပါဘူး ။






ဘကြီးအောင် LA

23 December, 2022

=========

” လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချအပြီးမှာ ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးလိုက်တဲ့ တိုက်ဆိုင်မှု့ ”

အမေရိကန်သမ္မတ ဂျိုးဘိုင်းဒန်က ကာကွယ်ရေး အသုံးစရိတ်ကို လက်မှတ်ထိုးပေးလိုက်ပါတယ် ။ ဒီအထဲမှာ Burma Act of 2022 လည်း ပါဝင်ပါတယ် ။ ကာကွယ်ရေး အသုံးစရိတ်ထဲကနေ မြန်မာပြည်အတွက် ဘာတွေသုံးမယ် ဆိုတာကို အသေးစိတ် အသိမပေးသေးပါဘူး ။တိုက်ဆိုင်မျု့တွေက သေသေချာချာ စီစဉ်ထားသလိုပါပဲ ။

အမေရိကန် လွှတ်တော်အမတ်တွေက ကာကွယ်ရေးအသုံးစရိတ် တောင်းဆိုတဲ့အထဲမှာ Burma Act ကိုလည်း ထည့်သွင်းတောင်းဆိုပြီး ၊ အများစု လွှတ်တော်အမတ်တွေက လက်မှတ်ထိုးပြီး ထောက်ခံကြပါတယ် ။လွန်ခဲ့တဲ့ ၂ ရက်ကတော့ လုံခြုံရေးကောင်စီမှာ တစ်ခါမှ မကြုံဘူးတဲ့ ဗီတိုအာဏာ မသုံးစွဲရေး ဆုံးဖြတ်ချက်တစ်ခုကို မြန်မာ့အရေးအတွက် ချမှတ်နိုင်ခဲ့ပါတယ် ။ ဒီမဲပေးတဲ့ ၁၅ နိုင်ငံထဲမှာ အမေရိကန်ပါသလို ၊ အမေရိကန်ရဲ့ သြဇာကြီးမှု့က ရုရှားနဲ့ တရုတ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး ကျန်နိုင်ငံတွေကလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြပါတယ် ။

ဒီနေ့မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Burma Act အပါအဝင်ဖြစ်တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို လက်မှတ်ထိုးပေးလိုက်ပါတယ် ။နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် …၊အမေရိကန်စစ်တပ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဆိုတာက အမေရိကန်နိုင်ငံ တစ်ခုတည်းအတွက် မဟုတ်ပါဘူး ။



ဒါ့ကြောင့်လည်းပဲ တံခါး ဖွင့်လိုက် ပိတ်လိုက် လုပ်နေတဲ့ လုံခြုံရေးကောင်စီဟာ လွန်ခဲ့တဲ့ ၂ ရက်က ဗီတိုသုံးခွင့်မရှိတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချမှတ်လိုက်တာဟာ အမေရိကန်ရဲ့ ဗျူဟာနဲ့ တိုက်ရိုက်ပတ်သက်နေမယ်လို့ သုံးသပ်ချင်ပါတယ် ။



ကပ်သီးကပ်သပ် မေးတတ်သူတွေအတွက် ကြိုတင်ပြီး ပြောထားချင်ပါတယ် ။ Burma Act ကို အမေရိကန်သမ္မတက ခွင့်ပြုလိုက်တဲ့အတွက် ဘာတွေဖြစ်လာနိုင်သလဲဆိုရင် အပေါ်ကစာကို သေချာဖတ်ပြီး ကိုယ်တိုင်တွေးစေချင်ပါတယ် ။

အမေရိကန်က စစ်ရေးဆင်လာနိုင်သလား …?နည်းပညာတွေ ပေးလာနိုင်သလား … ?လက်နက်အကူအညီပေးနိုင်သလား … ?

PDF တွေကို စစ်သင်တန်း ပေးလာနိုင်သလား ..?လို့ မေးလာမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘာတစ်ခုမှ တာဝန်မခံနိုင်ပါဘူး ။ သတင်းကိုသာ အသိပေး ၊ သုံးသပ်ပါတယ် ။

ဖြစ်ခဲ့ပြီးတဲ့ အီရတ်စစ်ပွဲ ၊ အာဖဂန်စစ်ပွဲ ၊ လစ်ဗျားအရေး ၊ အီရန်အရေး ၊ ဆီးရီးယားအရေး ၊ ယီမင်အရေး ၊ မြောက်ကိုရီးယားအရေး ၊ ထိုင်ဝမ်အရေး ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ယူကရိန်းအရေးတွေဟာ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပြီး သမ္မတက ခွင့်ပြုခဲ့တဲ့ စစ်ပွဲနဲ့ အရေးကိစ္စတွေဖြစ်တယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ် ။

ဒီတော့ အမေရိကန်သမ္မတ လက်မှတ်ထိုးလိုက်တဲ့ NDAA ဟာ မြန်မာပြည်အတွက်တော့ ထူးခြားမှု့တွေ သေချာပေါက်ရှိလာမယ်လို့သာ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA

23 December, 2022

Leave a Reply

Your email address will not be published. Required fields are marked *