မတၱရာနယ္ ဧရာဝတီျမစ္ထဲ ဆန္တက္လာတဲ့ စစ္အုပ္စုကို ဗုံးထု၊ စကစ အနည္းဆုံး တစ္ေယာက္ေသ၊

MFP ၊ ဒီဇငာၻ – ၂၄

မႏၲေလးတိုင္း၊ မတၱရာနယ္၊ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ဆန္တက္လာတဲ့ စကစ (၁၅)ေယာက္ပါ စပိဘုတ္တစ္စီးကို မေန႔က ဒ႐ုန္းနဲ႔ ဗုံးထု တိုက္ခိုက္ခဲ့ရာ စကစ တစ္ေယာက္ ေသၿပီး ငါးေယာက္ မေသမရွင္ ျဖစ္သြားတယ္လို႔ မတၱရာ Unicorn Guerrilla Force က သတင္း ထုတ္ျပန္ပါတယ္။

ဒီဇင္ဘာ(၂၂)ရက္ မေန႔က မတၱရာနယ္ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ဆန္တက္လာတဲ့ စစ္အုပ္စုရဲ႕ စပိဘုတ္ကို Unicorn Guerrilla Force၊ SKY HERO – Madaya၊ ေဒါင္းစစ္သည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (မတၱရာ)၊ ABRF – Mandaya ႏွင့္ မတၱရာၿမိဳ႕နယ္ ေတာ္ဘွန္ေရးအင္အားစု ADRF တို႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ဧရာဝတီ ျမစ္ေၾကာင္းအတိုင္း အထက္သို ဆန္တက္လာေသာ ေခြး(၁၅)ေကာင္ပါ speed board ကို Drone ျဖင့္ ဗုံးသီး သုံးႀကိမ္ခ်၍ တိုက္ခိုက္ ခဲ့ျခင္းျဖစ္သည္။ ေခြးေမာ္ေတာ္ႏွင့္ အနီးဆုံးေနရာ ထိခဲ့ၿပီး ေခြးတစ္ေကာင္ အေသအခ်ာ ငရဲပိုေပးၿပီး ငါးေကာင္ကို ေဆး႐ုံသို မခ်ိမဆန႔္ ေရာက္ေစခဲ့သည္” လို႔ Unicorn Guerrilla Force က ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ မတၱရာနယ္ ဧရာဝတီျမစ္႐ိုးက ေက်း႐ြာေတြ အပါအဝင္ မတၱရာတစ္နယ္လုံးကို အင္အား အမ်ားအျပားနဲ႔ ပိတ္ဆို႔ထားကာ ႐ြာစဥ္ပတ္ေမႊ စီးနင္းၿပီး လူသတ္၊ လုယက္၊ ခိုးယူ၊ ဖမ္းဆီးေငြညႇစ္၊ မီးရႈိ႕ဖ်က္ဆီးတာေတြ က်ဴးလြန္ေနကာ ခိုးရာပါ ပစၥည္းေတြကို စစ္ကားနဲ႔သာမက ေရယာဥ္ေတြနဲ႔ပါ သယ္ယူေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

==========

မတ္တရာနယ် ဧရာဝတီမြစ်ထဲ ဆန်တက်လာတဲ့ စစ်အုပ်စုကို ဗုံးထု၊ စကစ အနည်းဆုံး တစ်ယောက်သေ၊

MFP ၊ ဒီဇင္ဘာ – ၂၄

မန္တလေးတိုင်း၊ မတ္တရာနယ်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စကစ (၁၅)ယောက်ပါ စပိဘုတ်တစ်စီးကို မနေ့က ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး ငါးယောက် မသေမရှင် ဖြစ်သွားတယ်လို့ မတ္တရာ Unicorn Guerrilla Force က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ(၂၂)ရက် မနေ့က မတ္တရာနယ် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စပိဘုတ်ကို Unicorn Guerrilla Force၊ SKY HERO – Madaya၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ ABRF – Mandaya နှင့် မတ္တရာမြို့နယ် တော်ဘှန်ရေးအင်အားစု ADRF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဧရာဝတီ မြစ်ကြောင်းအတိုင်း အထက်သို ဆန်တက်လာသော ခွေး(၁၅)ကောင်ပါ speed board ကို Drone ဖြင့် ဗုံးသီး သုံးကြိမ်ချ၍ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ခွေးမော်တော်နှင့် အနီးဆုံးနေရာ ထိခဲ့ပြီး ခွေးတစ်ကောင် အသေအချာ ငရဲပိုပေးပြီး ငါးကောင်ကို ဆေးရုံသို မချိမဆန့် ရောက်စေခဲ့သည်” လို့ Unicorn Guerrilla Force က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ် ဧရာဝတီမြစ်ရိုးက ကျေးရွာတွေ အပါအဝင် မတ္တရာတစ်နယ်လုံးကို အင်အား အများအပြားနဲ့ ပိတ်ဆို့ထားကာ ရွာစဉ်ပတ်မွှေ စီးနင်းပြီး လူသတ်၊ လုယက်၊ ခိုးယူ၊ ဖမ်းဆီးငွေညှစ်၊ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေကာ ခိုးရာပါ ပစ္စည်းတွေကို စစ်ကားနဲ့သာမက ရေယာဉ်တွေနဲ့ပါ သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *