မႏၲေလး၊ ဃ ရပ္ကြက္႐ုံးကို လက္ပစ္ဗုံး ပစ္သြင္းတိုက္ခိုက္မႈ စစ္သားမ်ား လာေရာက္ စစ္ေဆးစဥ္မွ ဗုံးထေပါက္ၿပီး ၃ ဦးေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၂၄

မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကို လက္ပစ္ဗုံး ပစ္သြင္းတိုက္ခိုက္မႈ စစ္သားမ်ား လာေရာက္ စစ္ေဆးစဥ္မွ ဗုံးေပါက္၍ စစ္သား ၃ ဦးေသဆုံးခဲ့ေၾကာင္း BRF အဖြဲ႕ထံမွ သိရသည္။

ဒီဇင္ဘာလ ၂၃ ရက္ေန႔ ည ၈ နာရီ ၄၅ မိနစ္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကို ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕မ်ားက လက္ပစ္ဗုံးပစ္သြင္း တိုက္ခိုက္ခဲ့ၿပီး စစ္သားမ်ား လာေရာက္ စစ္ေဆးစဥ္ ဗုံးေပါက္ကြဲခဲ့ၿပီး စစ္သား ၃ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

“သူတို႔စစ္တဲ့ အခ်ိန္မွ ထကြဲတာ စနစ္တံကလဲ ျဖဳတ္ပီးသားဆိုေတာ့ ပစ္ၿပီးၿပီးခ်င္း မကြဲေသးဘူး။ Error ျဖစ္သြားတာ စစ္ေခြး ၃ ေကာင္ေသတယ္” ဟု Brother Revolution Force အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

အဆိုပါ တိုက္ခိုက္မႈကို Anonymous Force Mandalayႏွင့္ Brother Revolution Force တို႔မွ ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Photo – ဃ ရပ္ကြက္႐ုံးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီး အၾကမ္းဖက္ စစ္တပ္မွ စစ္သားမ်ား လာေရာက္စစ္ေဆးေနစဥ္ (ပုံအေဟာင္း)

=========

မန္တလေး၊ ဃ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဉ်မှ ဗုံးထပေါက်ပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဉ်မှ ဗုံးပေါက်၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း BRF အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ လာရောက် စစ်ဆေးစဉ် ဗုံးပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့စစ်တဲ့ အချိန်မှ ထကွဲတာ စနစ်တံကလဲ ဖြုတ်ပီးသားဆိုတော့ ပစ်ပြီးပြီးချင်း မကွဲသေးဘူး။ Error ဖြစ်သွားတာ စစ်ခွေး ၃ ကောင်သေတယ်” ဟု Brother Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonymous Force Mandalayနှင့် Brother Revolution Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ဃ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများ လာရောက်စစ်ဆေးနေစဉ် (ပုံအဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *