စစ္ကိုင္း-မုံ႐ြာ လမ္းပိုင္းတြင္ စစ္ေကာင္စီ စစ္ကားကို ေက်ာ္တက္သည့္ ခရီးသည္တင္ကား ပစ္ခတ္ခံရၿပီး ၁ ဦးေသဆုံး၊ ၂ ဦး က်ည္ထိမွန္ဒဏ္ရာရ

စစ္ကိုင္း – မုံ႐ြာ လမ္းေပၚ မွာ စစ္ေကာင္စီ စစ္ကားကိုေက်ာ္တက္မိတဲ့ ခရီးသည္တင္ အံစာတုံးကား ပစ္ခတ္ခံရၿပီး ေသဆုံး ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့ပါတယ္။

ယေန႔ ဒီဇင္ဘာလ ၂၃ ရက္ ညေန ၄ နာရီခန႔္အခ်ိန္ စစ္ကိုင္းၿမိဳ႕နယ္၊ ေညာင္ပင္လွ႐ြာ ဇရပ္အနီးမွာ စစ္ကိုင္း တပ္မ ၃၃ ကေန ျမင္းမူဘက္ကို ဦးတည္ေမာင္ႏွင္လာတဲ့ စစ္ကား မိုင္းဆြဲတိုက္ခိုက္ခံရပါတယ္။

စစ္ေကာင္စီရဲ႕ စစ္ကားကလဲ အျပင္းေမာင္းႏွင့္ရင္း ပစ္ခတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ စစ္ေကာင္စီ စစ္ကားကို ေက်ာ္တက္ဖို႔ႀကိဳးစားေနတဲ့
ျပင္ဦးလြင္ – မုံ႐ြာ – ေနျပည္ေတာ္ ေျပးဆြဲတဲ့ ဟိန္းစတား ခရီးသည္တင္ အံစာတုံးကားကို က်ည္မ်ားထိမွန္ခဲ့ပါတယ္။

စစ္ေကာင္စီ စစ္ကားေပၚက ပစ္ခတ္လိုက္တဲ့က်ည္ မ်ားထိမွန္ၿပီး ကားေပၚပါ အမ်ိဳးသမီးတဦး ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး၊ ကားသမားမ်က္လုံးက်ည္ထိမွန္၊ အဖြားအိုတဦး ေျခေထာက္က်ည္ထိမွန္ခဲ့ပါတယ္။

စစ္ေကာင္စီပစ္ခတ္လိုက္လို႔ ေသဆုံး ထိခိုက္ခဲ့သူေတြကို ကားအသင္းကတာဝန္ရွိေတြလိုက္လာၿပီး ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔သိရပါတယ္။ က်န္ခရီးသည္အခ်ိဳ႕ကို ကားေျပာင္းေပးခဲ့တယ္လို႔သိရပါတယ္။

ခရီးသြားျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီကားမ်ားကို တက္ႏိုင္သမွ် ေဝးေဝးေရွာင္ၾကရန္တိုက္တြန္းသတိေပးအပ္ပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရး

==========

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကားကို ကျော်တက်သည့် ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကိုင်း – မုံရွာ လမ်းပေါ် မှာ စစ်ကောင်စီ စစ်ကားကိုကျော်တက်မိတဲ့ ခရီးသည်တင် အံစာတုံးကား ပစ်ခတ်ခံရပြီး သေဆုံး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးမှာ စစ်ကိုင်း တပ်မ ၃၃ ကနေ မြင်းမူဘက်ကို ဦးတည်မောင်နှင်လာတဲ့ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကားကလဲ အပြင်းမောင်းနှင့်ရင်း ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကောင်စီ စစ်ကားကို ကျော်တက်ဖို့ကြိုးစားနေတဲ့
ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကားကို ကျည်များထိမှန်ခဲ့ပါတယ်။

စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ကျည် များထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ကားသမားမျက်လုံးကျည်ထိမှန်၊ အဖွားအိုတဦး ခြေထောက်ကျည်ထိမှန်ခဲ့ပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်လို့ သေဆုံး ထိခိုက်ခဲ့သူတွေကို ကားအသင်းကတာဝန်ရှိတွေလိုက်လာပြီး ဆေးရုံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ကျန်ခရီးသည်အချို့ကို ကားပြောင်းပေးခဲ့တယ်လို့သိရပါတယ်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီကားများကို တက်နိုင်သမျှ ဝေးဝေးရှောင်ကြရန်တိုက်တွန်းသတိပေးအပ်ပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Leave a Reply

Your email address will not be published. Required fields are marked *