ရန်ကုန်၊ ဒီဇင်ဘာ ၂၄
==========
မြိုင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိုင် ပကဖ က Pakokku Thurain ၊ MRTF တိုနှင့် ပူးပေါင်းကာ စစ်တပ် စစ်ကြောင်းကို မြိုင်မြိုနယ် ဖောင်းကွဲရွာအနီးတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊
ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ရှင်းပြသည်။