TachileikNewsAgency
TachileikNewsAgency
========
ကျောက်မြောင်းရပ်ကွက်ရှိ ညဈေးတန်း ဗုံးပေါက်
TachileikNewsAgency
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းရှိ ဈေးပွဲတော်ပြုလုပ်နေသည့် ညဈေးတန်းနေရာ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ည ၈ နာရီခွဲကျော်က အနိမ့်စားဗုံးတစ်လုံးပေါက်ကွဲကာ နှစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“နှစ်ဦးထိတယ်။ သားအမိနှစ်ဦးလို့လည်း သိရတယ်။ ဗုံးအကြီးကြီးတော့ မဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းညဈေးတန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပွဲဈေးမှာအတော်အသင့်စည်ကားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများရောက်ရှိ စစ်ဆေးနေပြီး ဆိုင်ခန်းများလည်း ပိတ်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်
ယင်းပေါက်ကွဲမှုသည် မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းကို မသိရသေးပေ။