သမၼတ ေပးမလုပ္လို႔ အာဏာသိမ္းရျခင္းအေၾကာင္း (႐ုပ္/သံ)

ဧရာဝတီ၊ ဒီဇငာၻ ၂၃၊ ၂၀၂၂

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြရွိေနတယ္လို႔ အေၾကာင္းျပအာဏာသိမ္းခဲ့တဲ့ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ဟာ သူ႔ရဲ႕ ကာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ သူ႔ကို သမၼတေနရာကို ေပးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔

အႀကိမ္ႀကိမ္ညႇိႏႈိင္းတာေတြရွိခဲ့တယ္လို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဖြင့္လွစ္ထားတဲ့ ေနျပည္ေတာ္ လေရာင္ေတာ စိုက္ပ်ိဳးေရး သင္တန္းေက်ာင္းရဲ႕ မန္ေနဂ်ာ ဦးေက်ာ္ေဌးဦးက ဧရာဝတီႏွင့္ ေမးျမန္းခန္းတြင္ ေျပာသည္။

ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ရဲ႕ ကမ္းလွမ္းမႈအေပၚ ေဒၚေအာင္ဆန္းစုၾကည္က ဥပေဒအတိုင္း လုပ္ေဆာင္ေပးမယ္လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ စစ္ေကာ္မရွင္ဥကၠဌ ရာထူးဖန္တီးေပးဖို႔ အထိ ညႇိႏႈိင္းမႈေတြ ရွိခဲ့ေသာ္လည္း ေနာက္ဆုံး သမၼတေပးမလုပ္၍ အာဏာသိမ္းေၾကာင္း ဦးေက်ာ္ေဌးဦးက ေျပာဆိုသည္။

ဦးေက်ာ္ေဌးဦးသည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပတ္တခါေတြ႕ခြင့္ရသူ ျဖစ္ခဲ့ၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စက္တင္ဘာလတြင္ ဖမ္းဆီးခံခဲ့ရသည္။ ႏိုဝင္ဘာလဆန္းတြင္ လြတ္ၿငိမ္းသက္သာျဖင့္ ျပန္လြတ္လာခဲ့သည္။

သမ္မတ ပေးမလုပ်လို့ အာဏာသိမ်းရခြင်းအကြောင်း (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင္ဘာ ၂၃၊ ၂၀၂၂

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနေတယ်လို့ အကြောင်းပြအာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ကာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ကို သမ္မတနေရာကို ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့

အကြိမ်ကြိမ်ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ နေပြည်တော် လရောင်တော စိုက်ပျိုးရေး သင်တန်းကျောင်းရဲ့ မန်နေဂျာ ဦးကျော်ဌေးဦးက ဧရာဝတီနှင့် မေးမြန်းခန်းတွင် ပြောသည်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအတိုင်း လုပ်ဆောင်ပေးမယ်လို့ ပြောဆိုခဲ့ပြီး နောက် စစ်ကော်မရှင်ဥက္ကဌ ရာထူးဖန်တီးပေးဖို့ အထိ ညှိနှိုင်းမှုတွေ ရှိခဲ့သော်လည်း နောက်ဆုံး သမ္မတပေးမလုပ်၍ အာဏာသိမ်းကြောင်း ဦးကျော်ဌေးဦးက ပြောဆိုသည်။

ဦးကျော်ဌေးဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပတ်တခါတွေ့ခွင့်ရသူ ဖြစ်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်။ နိုဝင်ဘာလဆန်းတွင် လွတ်ငြိမ်းသက်သာဖြင့် ပြန်လွတ်လာခဲ့သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *