ေရတပ္ဌာနခ်ဳပ္က စစ္ေကာင္စီတပ္သား ၅ ဦး စစ္ကားနဲ႔အတူ ေပ်ာက္ဆုံးေနတယ္လို႔ သတင္းထြက္

တနသၤာရီတိုင္းမ္၊ ဒီဇင္ဘာ ၂၃

ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသအေျခစိုက္၊ ေမာရဝတီ ေရတပ္ဌာနခ်ဳပ္က စစ္ေကာင္စီတပ္သား ၅ ဦး စစ္ကားနဲ႔အတူ ေပ်ာက္ဆုံးေနတယ္လို႔ လြန္ခဲ့တဲ့ ၃ ရက္ခန႔္ကတည္းက ေဒသခံေတြၾကား သတင္းေတြထြက္ေပၚေနပါတယ္။

တပ္သား ၅ ဦးဟာ ကံေပါက္ေဒသအေျခစိုက္ အမွတ္ ၂၇၃ ေျခလ်င္တပ္ရင္းအတြင္း ျပဳလုပ္မဲ့ ႏွစ္သစ္ကူးပြဲမွာပါဝင္မယ့္ ေဖ်ာ္ေျဖေရးအဖြဲ႕ကိုသြားေရာက္ ေခၚယူခ်ိန္ တပ္ထဲ ျပန္ေရာက္လာျခင္း မရွိေတာ့တာျဖစ္တယ္လို႔ ေဒသခံေတြကဆိုပါတယ္။

အဲဒီျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္ေန႔က ျဖစ္ခဲ့တာလို႔ သိရပါတယ္။

” အဲေန႔က ေရတပ္က ကားေတြ ၃ ေခါက္ေလာက္ အတက္အဆင္းလုပ္ေနတာေတြ႕လိုက္ရတယ္။ ၂၇၃ ကေရာ ေရတပ္ကေရာ အျပင္မထြက္ဘဲ ၿငိမ္ေနတာ ေတာ္ေတာ္ၾကာၿပီ။ အဲေန႔ကေတာ့ အသြားအလာမ်ားၿပီး နဲနဲ ထူးျခားေနတယ္ ” လို႔ ေဒသခံတစ္ဦးက တနသၤာရီတိုင္းမ္ကို ေျပာပါတယ္။

ခလရ (၂၇၃) တပ္ရင္းထဲ ကားမရွိတဲ့အတြက္ ေရတပ္စခန္းက ကားနဲ႔ ေဖ်ာ္ေျဖေရးအဖြဲ႕ကို ႀကိဳေပးဖို႔ စခန္းက‌ေန ထြက္သြားၿပီး အခုလို ျပန္မလာေတာ့တဲ့ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။

အထက္ပါ ျဖစ္စဥ္နဲ႔ပက္သက္ၿပီးတနသၤာရီတိုင္းမ္အေနနဲ႔ သီးျခားအတည္ျပဳႏိုင္တာ မရွိေသးပါဘူး။

ေဒသခံေတြရဲ႕ေျပာဆိုခ်က္ေတြနဲ႔ သတင္းမီဒီယာေတြရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြအရ ေမာရဝတီေရတပ္စခန္းကေန စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ထြက္ေျပးေနတဲ့ စစ္ေကာင္စီတပ္သားအေရအတြက္ဟာ ၃၀ ထက္မနည္းရွိေနၿပီ ျဖစ္ပါတယ္။

The Tanintharyi Times

===========

ရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်သား ၅ ဦး စစ်ကားနဲ့အတူ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၃

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက်၊ မောရဝတီ ရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်သား ၅ ဦး စစ်ကားနဲ့အတူ ပျောက်ဆုံးနေတယ်လို့ လွန်ခဲ့တဲ့ ၃ ရက်ခန့်ကတည်းက ဒေသခံတွေကြား သတင်းတွေထွက်ပေါ်နေပါတယ်။

တပ်သား ၅ ဦးဟာ ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းအတွင်း ပြုလုပ်မဲ့ နှစ်သစ်ကူးပွဲမှာပါဝင်မယ့် ဖျော်ဖြေရေးအဖွဲ့ကိုသွားရောက် ခေါ်ယူချိန် တပ်ထဲ ပြန်ရောက်လာခြင်း မရှိတော့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။

” အဲနေ့က ရေတပ်က ကားတွေ ၃ ခေါက်လောက် အတက်အဆင်းလုပ်နေတာတွေ့လိုက်ရတယ်။ ၂၇၃ ကရော ရေတပ်ကရော အပြင်မထွက်ဘဲ ငြိမ်နေတာ တော်တော်ကြာပြီ။ အဲနေ့ကတော့ အသွားအလာများပြီး နဲနဲ ထူးခြားနေတယ် ” လို့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ခလရ (၂၇၃) တပ်ရင်းထဲ ကားမရှိတဲ့အတွက် ရေတပ်စခန်းက ကားနဲ့ ဖျော်ဖြေရေးအဖွဲ့ကို ကြိုပေးဖို့ စခန်းက‌နေ ထွက်သွားပြီး အခုလို ပြန်မလာတော့တဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ပက်သက်ပြီးတနင်္သာရီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ မောရဝတီရေတပ်စခန်းကနေ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ဟာ ၃၀ ထက်မနည်းရှိနေပြီ ဖြစ်ပါတယ်။

The Tanintharyi Times

Leave a Reply

Your email address will not be published. Required fields are marked *