အမ်ိဳးသမီးႀကီးတစ္ဦးတည္းေနအိမ္မွာရွိေနခ်ိန္ လုယက္သ-တ္ျဖတ္ခံရ
ဆိုင္းမင္း/People’s Spring
မႏၲေလး ၊ အမရပူရၿမိဳ႕နယ္ထဲက ဝက္ကုန္းရပ္ကြက္ထဲမွာ အသက္ ၆၀ အ႐ြယ္အမ်ိဳးသမီးႀကီး ေနအိမ္မွာ တစ္ဦးတည္းရွိေနခ်ိန္ လုယက္သတ္ျဖတ္မႈ မေန႔က ဒီဇင္ဘာ ၂၂ ရက္မွာ ျဖစ္ပြားခဲ့ပါတယ္။
အမရပူရၿမိဳ႕ ၊မွန္တန္းရပ္ကြက္ ၊ဝက္ကုန္းရပ္ကြက္ မွာ သတိလစ္လူနာတစ္ဦး အေရးေပၚေဆး႐ုံပို႔ေပးဖို႔ အကူအညီေတာင္းလာခ်က္အရ သြားေရာက္ကူညီရာမွာ အသက္ ၆၀ အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦး
ေသြးအိုင္ထဲ လဲက်ေသဆုံးေနတာေတြ႕ရတယ္လို႔ ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလး)က ထုတ္ျပန္ပါတယ္။
အဲဒီအမ်ိဳးသမီးႀကီးဟာ ေနအိမ္မွာ တစ္ဦးတည္းရွိေနခ်ိန္ ဝင္ေရာက္လုယက္ခံရၿပီး သနပ္ခါးတုံးနဲ႔ ထုႏွက္ၿပီး သတ္ျဖတ္သြားတာကို အၾကမ္းဖ်င္းသိရတယ္လို႔ အဲဒီလူမႈကယ္ဆယ္ေရးအဖြဲ႕ကဆိုထားပါတယ္။
မႏၲေလးမွာ ဓားျပတိုက္မႈ ၊အႏုၾကမ္းစီးမႈ ၊ ခိုးဆိုးလုယက္မႈေတြဟာ အာဏာသိမ္းၿပီးေနာက္ပိုင္းမၾကာခဏဆိုသလို ျဖစ္ပြားေနတာပါ။
===========
အမျိုးသမီးကြီးတစ်ဦးတည်းနေအိမ်မှာရှိနေချိန် လုယက်သ-တ်ဖြတ်ခံရ
ဆိုင်းမင်း/People’s Spring
မန္တလေး ၊ အမရပူရမြို့နယ်ထဲက ဝက်ကုန်းရပ်ကွက်ထဲမှာ အသက် ၆၀ အရွယ်အမျိုးသမီးကြီး နေအိမ်မှာ တစ်ဦးတည်းရှိနေချိန် လုယက်သတ်ဖြတ်မှု မနေ့က ဒီဇင်ဘာ ၂၂ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။
အမရပူရမြို့ ၊မှန်တန်းရပ်ကွက် ၊ဝက်ကုန်းရပ်ကွက် မှာ သတိလစ်လူနာတစ်ဦး အရေးပေါ်ဆေးရုံပို့ပေးဖို့ အကူအညီတောင်းလာချက်အရ သွားရောက်ကူညီရာမှာ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး
သွေးအိုင်ထဲ လဲကျသေဆုံးနေတာတွေ့ရတယ်လို့ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)က ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးကြီးဟာ နေအိမ်မှာ တစ်ဦးတည်းရှိနေချိန် ဝင်ရောက်လုယက်ခံရပြီး သနပ်ခါးတုံးနဲ့ ထုနှက်ပြီး သတ်ဖြတ်သွားတာကို အကြမ်းဖျင်းသိရတယ်လို့ အဲဒီလူမှုကယ်ဆယ်ရေးအဖွဲ့ကဆိုထားပါတယ်။
မန္တလေးမှာ ဓားပြတိုက်မှု ၊အနုကြမ်းစီးမှု ၊ ခိုးဆိုးလုယက်မှုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။