ရန်ကုန်၊ ဒီဇင်ဘာ ၂၃
Mercury_Media
မြေကွက်ကြည့်မယ်ဆိုလို့ ဘောစိထင်နေတာ ကားကို လုပြေးသွားတယ်
တောင်ကြီးမှာ မြေကွက်ကြည့်မယ်ဆိုပြီးခေါ်လာတဲ့ အငှားကားမောင်းနှင်သူကို ရိုက်နှက်ပြီး ကားကိုလုယက်သွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မြေကွက်ကြည့်မယ်ဆိုကာ ကားငှားလာသူတွေက ကားသမားကိုရိုက်နှက်ကာ ကားကိုလုယက်သွားတယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ မြေကွက်ကြည့်သွားရောက်ဖို့ ဆိုပြီး တောင်ကြီးမြို့က Hijet ကားတစ်စီးကို အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့က ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အမျိုးသားနဲ့ အမျိုးသမီးဟာ ကားကို တောင်ကြီးမြို့တောင်ဘက်က နားဘောင်ကျေးရွာအနီးကို ခေါ်ယူသွားပြီး ကားသမားကို ဦးခေါင်းကိုရိုက်နှက်ကာ သံကြိုးနဲ့တုပ်နှောင်ခဲ့ပြီး ကားကိုယူဆောင်သွားတယ်လို့ ကားသမားနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အလုခံရတဲ့ကားဟာ နံပတ် 5G/5250 နံပတ်နဲ့ Hijet အဖြူရောင်အမျိုးအစားကားဖြစ်တယ်လို့ သိရပါတယ်။
အခုအချိန်ထိတော့ ပြစ်မှုကျူးလွန်သူတွေကို မဖမ်းမိသေးဘူးလို့ သိရပါတယ်။