“သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ ေထာင္ဒဏ္ ၅ႏွစ္ခ်မွတ္ခံရ “

သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ကို ဒီကေန႔ ဒီဇင္ဘာ ၂၃ရက္ မွာ ရန္ကုန္အင္းစိန္ေထာင္တြင္းတရား႐ုံး၊ မရမ္းကုန္းၿမိဳ႕နယ္တရားခြင္ကေန ေထာင္ဒဏ္ ၅ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းကသိရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္နဲ႔ ေမာ္ဒယ္နန္းေမြစံတို႔ကိုကာယိေျႏၵပ်က္ျပားေစတဲ့ အေဖာ္အခြၽတ္ဓာတ္ပုံေတြနဲ႔ ဗြီဒီယိုေတြကို လူမႈကြန္ရက္မွာ အခ ေၾကး ေငြရယူကာ ျဖန႔္ေဝတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ေကာင္စီက အီလက္ထေရာနစ္ပုဒ္မ ၃၃(က) နဲ႔ တရားစြဲဆိုထားတာပါ။

“သင္ဇာ့က်န္းမာေရးေကာင္းပါတယ္။ ၿပဳံးၿပဳံးေလးပဲေတြ႕ရတယ္။ သူမ်ားေတြလြတ္ၿပီး ျပန္ၾကေတာ့ ျပန္ခ်င္တဲ့စိတ္ ေတာ့ျဖစ္ႏိုင္တာေပါ့။ဒါေပမဲ့ သူစိတ္ဓာတ္အရမ္းခိုင္မာပါတယ္။ရင္ဆိုင္ရဲတဲ့စိတ္ကိုေတြ႕ရတယ္” လို႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္နဲ႔ အတူတစ္ရက္တည္း ဖမ္းဆီးခံလိုက္ရတဲ့ ေမာ္ဒယ္နန္းေမြစံကေတာ့ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမျဖစ္တဲ့ ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္းမွာဖမ္းဆီးခံလိုက္ရၿပီးစစ္ခုံ႐ုံးက ေထာင္ဒဏ္ ၇ႏွစ္ခ်မွတ္ထားတာပါ။

==========

“သရုပ်ဆောင်သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅နှစ်ချမှတ်ခံရ “

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ရက် မှာ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကိုကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခ ကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာပါ။

“သင်ဇာ့ကျန်းမာရေးကောင်းပါတယ်။ ပြုံးပြုံးလေးပဲတွေ့ရတယ်။ သူများတွေလွတ်ပြီး ပြန်ကြတော့ ပြန်ချင်တဲ့စိတ် တော့ဖြစ်နိုင်တာပေါ့။ဒါပေမဲ့ သူစိတ်ဓာတ်အရမ်းခိုင်မာပါတယ်။ရင်ဆိုင်ရဲတဲ့စိတ်ကိုတွေ့ရတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရပြီးစစ်ခုံရုံးက ထောင်ဒဏ် ၇နှစ်ချမှတ်ထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *