23/12/2022 ယေန႔ ျမန္မာတစ္ႏိုင္ငံလုံးမွာ မိုးေလကင္းစင္ေအးျမသာယာေနပါလိမ့္မယ္

၂၀၂၂ဒီဇင္ဘာလ ၂၇ရက္ေန႔တြင္ ကခ်င္ျပည္နယ္အထက္ပိုင္းတြင္မိုး႐ြာႏိုင္ၿပီး တႏိုင္း မေကာ ရွင္ေဗြယန္ ဆြမ္ပရာဘြမ္ လုံရွာယာန္ ပူတာအို မခ်မ္းေဘာ ေနာင္မြန္း ပန္နန္းဒင္ ခရဘမ္း ေခါင္လန္ဖူး ေဒသမ်ားတြင္မိုးႀကီးႏိုင္ပါတယ္

23/12/2022 ❄❄❄The coldest wind chill so far This MORNING, is. +4 C° in Muse မူဆယ္ အေအးပိုမယ္ ISSUED AT 23/12/2022

၂၀၂၂ဒီဇင္ဘာလ ၂၃ရက္ေန႔ ၂၄ရက္ေန႔မ်ားတြင္ မႏၲေလးတိုင္း မေကြးတိုင္း ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမႏွင့္ ဧရာဝတီတိုင္း ေဒသႀကီးေတြမွာ ေန႔အပူခ်ိန္မ်ား 2°C မွ 3°C အထိေန႔အပူခ်ိန္မ်ားျမင့္လာႏိုင္ပါတယ္

ညအပူခ်ိန္ေတြကေတာ့ ျဖစ္ၿမဲအပူခ်ိန္မ်ားသာျဖစ္ႏိုင္ၿပီးေအးျမေစႏိုင္ပါတယ္ ရိတ္သိမ္းအေျခာက္လွမ္းေနၾကသူေတြႏွင့္စပ်စ္ၿခံေတာင္သူေတြအႀကိဳက္ရာသီဥတုျဖစ္ႏိုင္ပါတယ္ မိုး႐ြာသြန္းမႈမရွိႏိုင္ပါဘူး

ရက္ႀကိဳခန႔္မွန္းခ်က္ မိုး ၂၀၂၂ ဒီဇင္ဘာလ ၂၆ရက္ေန႔မွ ၂၉ရက္ေန႔အတြင္း ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္ ျမစ္ႀကီးနားခ႐ိုင္ မိုးညႇင္းခ႐ိုင္ ေဒသေတြမွာ မိုး႐ြာႏိုင္ၿပီး ၂၆ရက္ေန႔ႏွင့္ ၂၇ရက္ေန႔ေတြမွာ ပူတာအိုခ႐ိုင္ မိုးႀကီးႏိုင္ပါတယ္

ႏုတ္ဆက္မိုးေတြ႐ြာမယ္ ကခ်င္ျပည္နယ္ ၂၀၂၂ ဒီဇင္ဘာလ ၂၅ရက္ေန႔မွ ၂၈ရက္ေန႔အတြင္း ကခ်င္ျပည္နယ္ႀကီးမွာမိုးေတြ႐ြာသြန္းႏိုင္ပါတယ္

အခုလိုရက္ႀကိဳခန႔္မွန္းေပးထားရင္ ရိတ္သိမ္းအေျခာက္လွမ္းေနၾကသူေတြသည္ ၂၅ရက္ေန႔မတိုင္မွိ ရိတ္သိမ္းအေျခာက္လွမ္းျခင္းကိုအၿပီးေဆာင္႐ြက္ၾကရမည္ျဖစ္ပါတယ္

မိုးေရအလိုရွိၾကတဲ့ေကာက္ပဲသီးႏွံေတြကေတာ့ ေ႐ႊမိုးေငြမိုးေတြပဲျဖစ္ပါတယ္ ေရစုတ္စက္နဲ႔ေရသြင္းျခင္းမလုပ္ေဆာင္ရေတာ့တဲ့အတြက္ စက္သုံးဆီဖိုးအကုန္အက်သက္သာသြားမွာပဲ ျဖစ္ပါတယ္

ၿမိဳျပ လမ္းတံတားအေဆာက္အဦေဆာက္လုပ္ေနၾကသူေတြကေတာ့ ေရထိပ်က္စီးႏိုင္တဲ့ ဘိလပ္ေျမကိုလုံၿခဳံတဲ့အမိုးအကာေအာက္မွာ ေစစပ္ေသခ်ာစြာသိမ္းဆည္းျခင္း ေရစီးေၾကာင္းမ်ားမွပ်က္စီးႏိုင္တာေတြကိုျပင္ဆင္ျခင္းမ်ားလုပ္ေဆာင္ထားသင့္ပါတယ္

==========

23/12/2022 ယနေ့ မြန်မာတစ်နိုင်ငံလုံးမှာ မိုးလေကင်းစင်အေးမြသာယာနေပါလိမ့်မယ်

၂၀၂၂ဒီဇင်ဘာလ ၂၇ရက်နေ့တွင် ကချင်ပြည်နယ်အထက်ပိုင်းတွင်မိုးရွာနိုင်ပြီး တနိုင်း မကော ရှင်ဗွေယန် ဆွမ်ပရာဘွမ် လုံရှာယာန် ပူတာအို မချမ်းဘော နောင်မွန်း ပန်နန်းဒင် ခရဘမ်း ခေါင်လန်ဖူး ဒေသများတွင်မိုးကြီးနိုင်ပါတယ်

23/12/2022 ❄❄❄The coldest wind chill so far This MORNING, is. +4 C° in Muse မူဆယ် အအေးပိုမယ် ISSUED AT 23/12/2022

၂၀၂၂ဒီဇင်ဘာလ ၂၃ရက်နေ့ ၂၄ရက်နေ့များတွင် မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် ဧရာဝတီတိုင်း ဒေသကြီးတွေမှာ နေ့အပူချိန်များ 2°C မှ 3°C အထိနေ့အပူချိန်များမြင့်လာနိုင်ပါတယ်

ညအပူချိန်တွေကတော့ ဖြစ်မြဲအပူချိန်များသာဖြစ်နိုင်ပြီးအေးမြစေနိုင်ပါတယ် ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေနှင့်စပျစ်ခြံတောင်သူတွေအကြိုက်ရာသီဥတုဖြစ်နိုင်ပါတယ် မိုးရွာသွန်းမှုမရှိနိုင်ပါဘူး

ရက်ကြိုခန့်မှန်းချက် မိုး ၂၀၂၂ ဒီဇင်ဘာလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အတွင်း ကချင်ပြည်နယ် ပူတာအိုခရိုင် မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင် ဒေသတွေမှာ မိုးရွာနိုင်ပြီး ၂၆ရက်နေ့နှင့် ၂၇ရက်နေ့တွေမှာ ပူတာအိုခရိုင် မိုးကြီးနိုင်ပါတယ်

နုတ်ဆက်မိုးတွေရွာမယ် ကချင်ပြည်နယ် ၂၀၂၂ ဒီဇင်ဘာလ ၂၅ရက်နေ့မှ ၂၈ရက်နေ့အတွင်း ကချင်ပြည်နယ်ကြီးမှာမိုးတွေရွာသွန်းနိုင်ပါတယ်

အခုလိုရက်ကြိုခန့်မှန်းပေးထားရင် ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေသည် ၂၅ရက်နေ့မတိုင်မှိ ရိတ်သိမ်းအခြောက်လှမ်းခြင်းကိုအပြီးဆောင်ရွက်ကြရမည်ဖြစ်ပါတယ်

မိုးရေအလိုရှိကြတဲ့ကောက်ပဲသီးနှံတွေကတော့ ရွှေမိုးငွေမိုးတွေပဲဖြစ်ပါတယ် ရေစုတ်စက်နဲ့ရေသွင်းခြင်းမလုပ်ဆောင်ရတော့တဲ့အတွက် စက်သုံးဆီဖိုးအကုန်အကျသက်သာသွားမှာပဲ ဖြစ်ပါတယ်

မြိုပြ လမ်းတံတားအဆောက်အဦဆောက်လုပ်နေကြသူတွေကတော့ ရေထိပျက်စီးနိုင်တဲ့ ဘိလပ်မြေကိုလုံခြုံတဲ့အမိုးအကာအောက်မှာ စေစပ်သေချာစွာသိမ်းဆည်းခြင်း ရေစီးကြောင်းများမှပျက်စီးနိုင်တာတွေကိုပြင်ဆင်ခြင်းများလုပ်ဆောင်ထားသင့်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *