နာေရးတင္ကား အေလာင္းတင္ေနခ်ိန္ လိုင္းကားနဲ႔အတိုက္ခံရကာ….

ဧရာဝတီတိုင္းမ္

ဒီဇင္ဘာလ ၂၃ ရက္

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္မွာ ဒီဇင္ဘာလ ၁၆ ရက္ေန႔က နာေရးတင္ကား အေလာင္းတင္ေနခ်ိန္ ခရီးသည္တင္ မွန္လုံကားက ေနာက္ကဝင္တိုက္တာခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေမတၱာစမ္းေရးလူမႈကူညီေရးအဖြဲ႕ရဲ႕ နာေရးတင္ကားကို မင္းကုန္းႀကီးေက်း႐ြာက နာေရးသြားတင္ခ်ိန္မွာ ပုသိမ္ – ေခ်ာင္းသာကားေျပးဆြဲတဲ့ ဇြဲ မွန္လုံကားက ေနာက္ကဝင္တိုက္ခဲ့တာေၾကာင့္ ကားေနာက္ပိုင္းနဲ႔ အေလာင္းထည့္တဲ့ အေအးေခါင္ေသတၱာပ်က္စီးခဲ့တယ္လို႔ ေဒသခံပရဟိတအသင္းေတြက ေျပာပါတယ္။

ျဖစ္တာက တစ္ပတ္ေလာက္ရွိၿပီ လာေတာ့ မျပင္ေပးေသးဘူးလို႔ သိရတယ္ နာေရးကားက နာေရးျဖစ္တဲ့ အိမ္ကေန အေလာင္းထည့္တဲ့ ေသတၱာကို ထုတ္လာၿပီးတင္ခ်ိန္မွ ေနာက္ကဝင္တိုက္တာေျပာတယ္ ကား ေနာက္ပိုင္းနဲ႔ အေအးေခါင္းပ်က္စီးသြားတယ္လို႔ ေဒသခံပရဟိတအသင္းအဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

အေလာင္းအား နာေရးကားေပၚတင္ေနခ်ိန္ ခရီးသည္တင္ကားက ဝင္ေရာက္တိုက္ခဲ့တာေၾကာင့္ အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ နာေရးလိုက္ပို႔သူ အမ်ိဳးသမီး တစ္ဦးလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။

ေစတနာရွင္ေတြရဲ႕ လႉဒါန္းမႈနဲ႔ ဝယ္ထားတဲ့ နာေရးတင္ကားနဲ႔ အေအးေခါင္းကို ျပန္လည္ျပဳျပင္ႏိုင္ျခင္း မရွိေသးဘူးလို႔လည္း ေမတၱာစမ္းေရလူမႈ႕ကူညီအေရးအဖြဲ႕(ပုသိမ္)က သတင္းထုတ္ျပန္ထားတာ ေတြ႕ရပါတယ္။

Ayeyarwaddy_Times

=========

နာရေးတင်ကား အလောင်းတင်နေချိန် လိုင်းကားနဲ့အတိုက်ခံရကာ….

ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နာရေးတင်ကား အလောင်းတင်နေချိန် ခရီးသည်တင် မှန်လုံကားက နောက်ကဝင်တိုက်တာခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေတ္တာစမ်းရေးလူမှုကူညီရေးအဖွဲ့ရဲ့ နာရေးတင်ကားကို မင်းကုန်းကြီးကျေးရွာက နာရေးသွားတင်ချိန်မှာ ပုသိမ် – ချောင်းသာကားပြေးဆွဲတဲ့ ဇွဲ မှန်လုံကားက နောက်ကဝင်တိုက်ခဲ့တာကြောင့် ကားနောက်ပိုင်းနဲ့ အလောင်းထည့်တဲ့ အအေးခေါင်သေတ္တာပျက်စီးခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတွေက ပြောပါတယ်။

ဖြစ်တာက တစ်ပတ်လောက်ရှိပြီ လာတော့ မပြင်ပေးသေးဘူးလို့ သိရတယ် နာရေးကားက နာရေးဖြစ်တဲ့ အိမ်ကနေ အလောင်းထည့်တဲ့ သေတ္တာကို ထုတ်လာပြီးတင်ချိန်မှ နောက်ကဝင်တိုက်တာပြောတယ် ကား နောက်ပိုင်းနဲ့ အအေးခေါင်းပျက်စီးသွားတယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလောင်းအား နာရေးကားပေါ်တင်နေချိန် ခရီးသည်တင်ကားက ဝင်ရောက်တိုက်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ နာရေးလိုက်ပို့သူ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဝယ်ထားတဲ့ နာရေးတင်ကားနဲ့ အအေးခေါင်းကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးလို့လည်း မေတ္တာစမ်းရေလူမှု့ကူညီအရေးအဖွဲ့(ပုသိမ်)က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *