





==========

သရက် GTI က ကျောင်းသားကျောင်းသူ ၃ ဦး ရေနစ်thayဆုံး

မကွေးတိုင်း၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာ မြောက်ဘက်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ ရေဆင်းကစားတဲ့ GTI ကျောင်းသား၊ကျောင်းသူ ၃ ဦး ရေနစ်thayဆုံးခဲ့ပါတယ်

ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်က ကျောင်းသား ၄ ဦးနဲ့ကျောင်းသူ ၄ ဦးစက်လှေငှားပြီး ရေကစားကြရာက ရေနစ်ခဲ့တာ ဖြစ်တယ်လို့ဒေသခံ တစ်ဦးက ပြောပါတယ်

ကျောင်းပိတ်ရက်မို့ ဈေးရက်ကွက် ပဲ့ထောင်ဆိပ်မှာ ရေလာကစားကြတာ။ ကျောင်းသူကောင်မလေး တစ်ယောက်က အရင်နစ်တာ

အဲ့ဒါကိုကျောင်းသား တစ်ယောက်ဆင်းပြီး ကယ်တယ် သူပါရေနစ်လို့ နောက်ထပ်ကျောင်းသူ တစ်ယောက်ကဆင်းပြီး ကယ်ရင်း ၃ ယောက်လုံး ရေနစ်သွားတာ ဝိုင်းပြီး ကူရှာတာ ပြန်တွေ့ပါပြီ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်

ရေနစ်ရာမှာ GTI ကျောင်းသား မောင်သီဟစိုး က စတင် ရေနစ်ခဲ့သူ မချောသရဖူစိုးကို ကယ်ဆယ်စဉ် ၂ ဦးစလုံး ရေနစ်နေတဲ့ အတွက် မမေမြတ်နိုးဝေက ဆက်လက် ဆင်းကယ်ရာမှ ၃ ဦးစလုံး ရေနစ် thayဆုံးခဲ့တာ ဖြစ်တယ်လို့ သွားရောက် ကူညီ ကယ် ဆယ်ခဲ့သူ တစ်ဦးက ပြောပါတယ် Crd- မဲခေါင်သတင်း

Leave a Reply

Your email address will not be published. Required fields are marked *