ကလေးသူခိုးတွေက ပေါ်တင်ကို သောင်းကျန်းနေကြတာပဲ…ကြောက်စရာကောင်းလာပြီ

ဒီနေ့ကတော့ ဘဝမှာ အကြီးမားဆုံး သွေးပျက်ခြင်းပါပဲ။ ကလေးခိုးတာကို ကိုယ်တိုင်ကြုံရတော့ လူဆိုတာ ဘယ်လိုဖြစ်သွားမှန်းမသိအောင် ကြက်သေသေသွားမိတယ်။

ဒီနေ့ နေ့ခင်း သားကြီးနဲ့ သားလေးအတွက် လိုအပ်တာလေးတွေ တူမလေးနဲ့ လမ်းထိပ်ထွက်ဝယ်တော့ သားငယ်လေးကို လက်ဆွဲခေါ်လာခဲ့လိုက်တာ ထုံးစံအတိုင်းပါပဲ။

အကြီးလေးက ပြောရင်ရပေမဲ့ အငယ်လေးက မအေ အပြင်သွားရင် မရမနေ လိုက်တတ်တာဆိုတော့

တချို့ပစ္စည်းက မရတော့ ဟိုနားဒီနား သွားဝယ်ဖို့ တူမလေးကို အိမ်ပြန်စက်ဘီးယူခိုင်းပြီး လမ်းထိပ်အုတ်ခုံလေးမှာ စောင့်နေတုန်း

သားငယ်လေးကလဲ ကိုယ့်ရှေ့တင် ဆော့နေရင်း ကိုယ့်ရှေ့ တစ်ဘက်ခြမ်းက အုတ်ခုံလေးမှာ ထိုင်နေခဲ့တယ်။

အဲ့ဒီမှာပဲ ပုဆိုးငေါက်တောက်နဲ့ လူတစ်ယောက်ရောက်လာပြီး ကလေးကို စကားတွေပြောပြီး နှုတ်ဆက်နေတော့ အမျိုးသားအသိထင်နေမိခဲ့တာ

ကြည့်နေရင်းနဲ့မှ သားကို ဂျိုင်းကနေ ကောက်မခါမှ ကိုယ်လဲ အထိတ်တလန့်နဲ့ အတင်းပြန်ဆွဲလုပြီး ဘာလုပ်တာလဲ ကျွန်မကလေး ကျွန်မ ကလေးအမေပြောတော့

အဲ့ကျမှ လူကို တစ်ချက်ကြည့်ပြီး ကလေးကိုလွှတ်ပေးပြီး ကသုတ်ကရိုက် အပြေးတစ်ပိုင်း ထွက်ပြေးသွားခဲ့တယ်။

ကျွန်မဖြင့် နေရာမှာတင် နှလုံးသွေးရပ် ‌ေ-သတော့မလိုပါပဲ။ သားလေးကို တင်းတင်းဖက်ပြီး အနားက အသိအမတစ်ယောက်ရဲ့ စတိုးဆိုင် မြန်မြန်ပြေးဝင်ပြီး တူမလေးကို ဆက်စောင့်ရတယ်။

အသိမိတ်ဆွေများလည်း မထင်ထားထားတွေ ဖြစ်လာတတ်တာ ကိုယ်တွေ့မို့ ဆင်ခြင်သတိထားနိုင်အောင် သတိပေးပါတယ်ရှင့်

Source – Blacker

=========

ကေလးသူခိုးေတြက ေပၚတင္ကို ေသာင္းက်န္းေနၾကတာပဲ…ေၾကာက္စရာေကာင္းလာၿပီ

ဒီေန႔ကေတာ့ ဘဝမွာ အႀကီးမားဆုံး ေသြးပ်က္ျခင္းပါပဲ။ ကေလးခိုးတာကို ကိုယ္တိုင္ႀကဳံရေတာ့ လူဆိုတာ ဘယ္လိုျဖစ္သြားမွန္းမသိေအာင္ ၾကက္ေသေသသြားမိတယ္။

ဒီေန႔ ေန႔ခင္း သားႀကီးနဲ႔ သားေလးအတြက္ လိုအပ္တာေလးေတြ တူမေလးနဲ႔ လမ္းထိပ္ထြက္ဝယ္ေတာ့ သားငယ္ေလးကို လက္ဆြဲေခၚလာခဲ့လိုက္တာ ထုံးစံအတိုင္းပါပဲ။

အႀကီးေလးက ေျပာရင္ရေပမဲ့ အငယ္ေလးက မေအ အျပင္သြားရင္ မရမေန လိုက္တတ္တာဆိုေတာ့

တခ်ိဳ႕ပစၥည္းက မရေတာ့ ဟိုနားဒီနား သြားဝယ္ဖို႔ တူမေလးကို အိမ္ျပန္စက္ဘီးယူခိုင္းၿပီး လမ္းထိပ္အုတ္ခုံေလးမွာ ေစာင့္ေနတုန္း

သားငယ္ေလးကလဲ ကိုယ့္ေရွ႕တင္ ေဆာ့ေနရင္း ကိုယ့္ေရွ႕ တစ္ဘက္ျခမ္းက အုတ္ခုံေလးမွာ ထိုင္ေနခဲ့တယ္။

အဲ့ဒီမွာပဲ ပုဆိုးေငါက္ေတာက္နဲ႔ လူတစ္ေယာက္ေရာက္လာၿပီး ကေလးကို စကားေတြေျပာၿပီး ႏႈတ္ဆက္ေနေတာ့ အမ်ိဳးသားအသိထင္ေနမိခဲ့တာ

ၾကည့္ေနရင္းနဲ႔မွ သားကို ဂ်ိဳင္းကေန ေကာက္မခါမွ ကိုယ္လဲ အထိတ္တလန႔္နဲ႔ အတင္းျပန္ဆြဲလုၿပီး ဘာလုပ္တာလဲ ကြၽန္မကေလး ကြၽန္မ ကေလးအေမေျပာေတာ့

အဲ့က်မွ လူကို တစ္ခ်က္ၾကည့္ၿပီး ကေလးကိုလႊတ္ေပးၿပီး ကသုတ္က႐ိုက္ အေျပးတစ္ပိုင္း ထြက္ေျပးသြားခဲ့တယ္။

ကြၽန္မျဖင့္ ေနရာမွာတင္ ႏွလုံးေသြးရပ္ ‌ေ-သေတာ့မလိုပါပဲ။ သားေလးကို တင္းတင္းဖက္ၿပီး အနားက အသိအမတစ္ေယာက္ရဲ႕ စတိုးဆိုင္ ျမန္ျမန္ေျပးဝင္ၿပီး တူမေလးကို ဆက္ေစာင့္ရတယ္။

အသိမိတ္ေဆြမ်ားလည္း မထင္ထားထားေတြ ျဖစ္လာတတ္တာ ကိုယ္ေတြ႕မို႔ ဆင္ျခင္သတိထားႏိုင္ေအာင္ သတိေပးပါတယ္ရွင့္

Source – Blacker

Leave a Reply

Your email address will not be published. Required fields are marked *