မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး သိန်း တစ်ထောင်နီးပါး ထီကံထူး

ဒီဇင်ဘာ ၂၁

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး Lotto 6D တစ် (ရင်းဂစ်) ဖိုး ကံထူးခဲ့ရာ (ရင်းဂစ်) တစ်သိန်းခွဲ

( မြန်မာကျပ်ငွေ သိန်း ၉၅၀ခန့်) ဆုခူးရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ အခြေစိုက် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ရဲ့

လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ထီကံထူးသူကတော့ ရခိုင်ပြည်နယ်ကဖြစ်ပြီး မလေးရှားနိုင်ငံ မဲတူးမြို့ မှာ အလုပ်လုပ်ကိုင်နေသူလို့ သိရပါတယ်။

မလေးရှားနိုင်ငံက Lotto ၆လုံးထီကို အပြင်ဒိုင်မှာက ကံထူးခဲ့ပြီး ဆုကြေးထုတ်ယူဖို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ဆီ

အကူအညီတောင်းခံမှုတာကြောင့် ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထီဆုငွေ ရင်းဂစ် တစ်သိန်းခွဲကို ထုတ်ယူပေးခဲ့ပြီးနောက်မှာ ကံထူးသူက နှလုံးလှအဖွဲ့ကို ပရဟိတ ဆောင်ရွက်ဖို့ အတွက် ရင်းဂစ် ၅,၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

ထီကံထူးရှင်ဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေတာ ၄ လ သာရှိသေးပြီး အိမ်မက်ဂဏန်းကို ကံစမ်း ခဲ့ရာမှာ ဆုကြီးဆွတ်ခူးခဲတာလို့

နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ရဲ့ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ – နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့

=========


ဒီဇင်ဘာ ၂











 

Leave a Reply

Your email address will not be published. Required fields are marked *