ကျိုးတိုးကျဲတဲ ပရိသတ်ရှေ့မှာအစဉ် လာမပျက် မြန်မာအသင်းရှုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

လူငယ့်ခေတ်

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ AFF Mitsubishi Electric Cup 2022ပြိုင်ပွဲရဲ့ဒီနေ့ညနေ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ပွဲစဉ်မှာ မလေးရှားအသင်းက မြန်မာအသင်းကို တစ်ဂိုး -ဂိုးမရှိနဲ့အနိုင်ရရှိသွားပါတယ်။

ဒီနေ့ယှဉ်ပြိုင်ကစားတဲ့ပွဲဟာ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာပထမဆုံး လက်ခံကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။ဒီနေ့ပြိုင်ပွဲမှာ မြန်မာအသင်းက မလေးရှားအသင်းကို ပထမပိုင်းမှာ ဂိုးသွင်းမခံရအောင်တောင့်ခံထားနိုင်ပြီးဒုတိယပိုင်းမှာပေးလိုက်တဲ့တစ်လုံးတည်းသောဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအသင်းကိုခြေစမ်းပွဲမှာ ၆ဂိုးပြတ်နဲ့ ရှုံးပြီးနောက်ထပ်မလေးရှားအသင်းကို ဂိုးအရေအတွက် နည်းနည်းနဲ့ ရှုံးနိမ့်သွားတာလည်းဖြစ်ပါတယ်။

ဘောလုံးပွဲကို စစ်ကောင်စီကလုံခြုံရေးတွေ ကွင်းတွင်း၊ကွင်းပြင်နေရာချ တင်းကြပ်ထားသလို ပရိသတ်ဝင်ရောက်ကြည့်ရှုမှုကိုလည်းကြပ်မတ်ခဲ့ပါတယ်။

ဒီပွဲမှာ ကွင်းပိတ်ကစားမယ့်သဘောပြုကျင့်ခဲ့သလို ပရိသတ်တွေကိုလက်မှတ် ရောင်းချပေးခဲ့တာမရှိခဲ့ပေမဲ့ ကွင်းအတွင်းမှာတော့ အနည်းငယ်သောသူတချို့ကို ပွဲကြည့်စင်မှာမြင်တွေ့ရပါတယ်။

ရုပ်သံက ပြကွက်တွေအရပွဲကြည့်စင်က ပရိသတ်တွေရဲ့လှုပ်ရှားအားပေးမှုပုံကို သုံး၊ လေးကြိမ်မျှသာပြသခဲ့ပါတယ်။

ပြသမှုရုပ်သံတွေအရ အဲဒီပရိသတ် တွေဟာ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေ ၊ အား/ကာ ကျောင်းမှာ တက်ရောက်နေသူတွေဖြစ်နိုင်ပြီးအရင်လို မြန်မာအသင်းကို နှစ်နှစ်ကာကာအားပေးမှုပုံစံတွေမတွေ့ရပါဘူး။

ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းက ယခုကာလအတွင်းပုံမှန်ပါနေကျ ကစားသမားတွေကိုသာ ဆက်ပြီးထူးမခြားနားတွေ့မြင်ရတာလည်းဖြစ်ပါတယ်။

အဲဒီမတိုင်ခင်က နာမည်ကြီးကစားသမားတချို့ကို ပြန်ကန်ဖို့စစ်ကောင်စီက ဖိအားပေးတဲ့သတင်းတွေထွက်ခဲ့ပေမဲ့ သူတို့ပါမလာခဲ့ပါဘူး။

ထူးခြားချက်အနေနဲ့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်သုံးဦးအထိပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။သိပ်ပြီးမထူးတဲ့အချက်ကတော့ ပွဲပြီးချိန်မှာအိမ်ရှင်အသင်း ဘယ်လိုရမှန်းမသိတဲ့ ပယ်နတီကို လွဲချော် အောင်ကန်သွင်းပြီးအရှုံးစံချိန်ကိုဆက်တင်ထားနိုင် တာပါ။

ဒီပွဲအပြီးမေးခွန်းထုတ်စရာကတော့ ကျိုးတိုးကျဲတဲ ပရိသတ်တွေ ဘယ်လိုခေါ်ထားလဲဆိုတဲ့အချက်ပါပဲ။

Lungekhit

=======

က်ိဳးတိုးက်ဲတဲ ပရိသတ္ေရွ႕မွာအစဥ္ လာမပ်က္ ျမန္မာအသင္းရႈံး

ရန္ကုန္၊ ဒီဇင္ဘာ ၂၁

လူငယ့္ေခတ္

ျမန္မာႏိုင္ငံမွာ က်င္းပတဲ့ AFF Mitsubishi Electric Cup 2022ၿပိဳင္ပြဲရဲ႕ဒီေန႔ညေန ျမန္မာအသင္းနဲ႔ မေလးရွားအသင္းတို႔ပြဲစဥ္မွာ မေလးရွားအသင္းက ျမန္မာအသင္းကို တစ္ဂိုး -ဂိုးမရွိနဲ႔အႏိုင္ရရွိသြားပါတယ္။

ဒီေန႔ယွဥ္ၿပိဳင္ကစားတဲ့ပြဲဟာ စစ္အာဏာသိမ္းၿပီးေနာက္မွာ ျမန္မာႏိုင္ငံမွာပထမဆုံး လက္ခံက်င္းပတဲ့ၿပိဳင္ပြဲ ျဖစ္ပါတယ္။ဒီေန႔ၿပိဳင္ပြဲမွာ ျမန္မာအသင္းက မေလးရွားအသင္းကို ပထမပိုင္းမွာ ဂိုးသြင္းမခံရေအာင္ေတာင့္ခံထားႏိုင္ၿပီးဒုတိယပိုင္းမွာေပးလိုက္တဲ့တစ္လုံးတည္းေသာဂိုးနဲ႔ ရႈံးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ထိုင္းအသင္းကိုေျခစမ္းပြဲမွာ ၆ဂိုးျပတ္နဲ႔ ရႈံးၿပီးေနာက္ထပ္မေလးရွားအသင္းကို ဂိုးအေရအတြက္ နည္းနည္းနဲ႔ ရႈံးနိမ့္သြားတာလည္းျဖစ္ပါတယ္။

ေဘာလုံးပြဲကို စစ္ေကာင္စီကလုံၿခဳံေရးေတြ ကြင္းတြင္း၊ကြင္းျပင္ေနရာခ် တင္းၾကပ္ထားသလို ပရိသတ္ဝင္ေရာက္ၾကည့္ရႈမႈကိုလည္းၾကပ္မတ္ခဲ့ပါတယ္။

ဒီပြဲမွာ ကြင္းပိတ္ကစားမယ့္သေဘာျပဳက်င့္ခဲ့သလို ပရိသတ္ေတြကိုလက္မွတ္ ေရာင္းခ်ေပးခဲ့တာမရွိခဲ့ေပမဲ့ ကြင္းအတြင္းမွာေတာ့ အနည္းငယ္ေသာသူတခ်ိဳ႕ကို ပြဲၾကည့္စင္မွာျမင္ေတြ႕ရပါတယ္။

႐ုပ္သံက ျပကြက္ေတြအရပြဲၾကည့္စင္က ပရိသတ္ေတြရဲ႕လႈပ္ရွားအားေပးမႈပုံကို သုံး၊ ေလးႀကိမ္မွ်သာျပသခဲ့ပါတယ္။

ျပသမႈ႐ုပ္သံေတြအရ အဲဒီပရိသတ္ ေတြဟာ ဌာနဆိုင္ရာ႐ုံးဝန္ထမ္းေတြ ၊ အား/ကာ ေက်ာင္းမွာ တက္ေရာက္ေနသူေတြျဖစ္ႏိုင္ၿပီးအရင္လို ျမန္မာအသင္းကို ႏွစ္ႏွစ္ကာကာအားေပးမႈပုံစံေတြမေတြ႕ရပါဘူး။

ဒီေန႔ပြဲစဥ္မွာ ျမန္မာအသင္းက ယခုကာလအတြင္းပုံမွန္ပါေနက် ကစားသမားေတြကိုသာ ဆက္ၿပီးထူးမျခားနားေတြ႕ျမင္ရတာလည္းျဖစ္ပါတယ္။

အဲဒီမတိုင္ခင္က နာမည္ႀကီးကစားသမားတခ်ိဳ႕ကို ျပန္ကန္ဖို႔စစ္ေကာင္စီက ဖိအားေပးတဲ့သတင္းေတြထြက္ခဲ့ေပမဲ့ သူတို႔ပါမလာခဲ့ပါဘူး။

ထူးျခားခ်က္အေနနဲ႔ ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္သုံးဦးအထိေျပာင္းလဲခဲ့တာကိုေတြ႕ရပါတယ္။သိပ္ၿပီးမထူးတဲ့အခ်က္ကေတာ့ ပြဲၿပီးခ်ိန္မွာအိမ္ရွင္အသင္း ဘယ္လိုရမွန္းမသိတဲ့ ပယ္နတီကို လြဲေခ်ာ္ ေအာင္ကန္သြင္းၿပီးအရႈံးစံခ်ိန္ကိုဆက္တင္ထားႏိုင္ တာပါ။

ဒီပြဲအၿပီးေမးခြန္းထုတ္စရာကေတာ့ က်ိဳးတိုးက်ဲတဲ ပရိသတ္ေတြ ဘယ္လိုေခၚထားလဲဆိုတဲ့အခ်က္ပါပဲ။

Lungekhit

Leave a Reply

Your email address will not be published. Required fields are marked *