ျမနႏၵာစစ္ဆင္ေရးအျဖစ္ မႏၲေလး စက္မႈရဲစခန္းဗုံးထု တိုက္ခိုက္ခဲ့ရာ

စစ္အုပ္စု အေသအေပ်ာက္ရွိ၊

MFP ၊ ဒီဇငာၻ – ၂၁

မႏၲေလးၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး စစ္အုပ္စုကို အရွိန္ျမင့္ တိုက္ခိုက္မယ့္ ျမနႏၵာ စစ္ဆင္ေရးအျဖစ္ ဒီေန႔လည္ပိုင္း မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈနယ္ေျမရဲစခန္းႏွင့္ စစ္အုပ္စု အထိုင္ခ်ေနတဲ့ အမရပူရက ဓမၼာ႐ုံကို ဗုံးထု တိုက္ခိုက္ခဲ့ရာ စကစ အနည္းဆုံး တစ္ေယာက္ ထိခိုက္မႈရွိတယ္လို႔ ျမနႏၵာစစ္ဆင္ေရး တာဝန္ခံက သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႔ ဒီဇင္ဘာ(၂၁)ရက္ ေန႔လည္(၂)နာရီေက်ာ္က အမရပူရၿမိဳ႕နယ္၊ နန္းေတာ္ရာ စံျပကြက္သစ္ ဓမၼာ႐ုံထဲ အထိုင္ခ်ေနတဲ့ စစ္အုပ္စု ကင္းတဲကို ဗုံးထုတိုက္ခိုက္ခဲ့သလို ေန႔လည္(၃)နာရီဝန္းက်င္မွာလည္း မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၁၃၅)လမ္းႏွင့္ (၅၈)လမ္းေထာင့္က စက္မႈနယ္ေျမ ရဲစခန္းကို ဗုံးထု တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

“စက္မႈနယ္ေျမ ရဲစခန္းကိုတိုက္ခိုက္ရာမွာ ဘန္ကာေထာင့္ထဲ ဗုံးက်ခဲ့ၿပီး ဘန္ကာထဲ ေခြးရွိပါက ေသႏိုင္ၿပီး ရဲစခန္းတြင္းမွ ေသနတ္ ေျခာက္ခ်က္ ျပန္လည္ ပစ္ခတ္ခဲ့ၿပီး ရဲေဘာ္မ်ား ထိခိုက္မႈမရွိခဲ့ပါ။ အမရပူရက ဓမၼ႐ုံကင္းတဲကို ဗုံးပစ္ရာမွာ စစ္ေခြး တစ္ေကာင္ ေနရာမွာတင္ လဲသြားခဲ့ပါတယ္” လို႔ ျမနႏၵာစစ္ဆင္ေရး တာဝန္ခံ ပီကာက်ဴးက ဆိုပါတယ္။

မႏၲေလးၿမိဳ႕ မဟာမုနိဘုရားႀကီး အနီးမွာ စစ္အုပ္စု ပ်ဴနဲ႔ မဘသေတြက အာဏာသိမ္းစစ္တပ္ ေထာက္ခဲပြဲ ဆႏၵျပေနခ်ိန္ ရဲစခန္းႏွင့္ စစ္အုပ္စု အထိုင္ခ်ေနတဲ့ ဓမၼာ႐ုံေတြ ဗဲုးထုခံရတာ ျဖစ္တယ္လို႔ မႏၲေလးေျမျပင္ကင္းေထာက္ Mdy Revolution က ေဖာ္ျပပါတယ္။

အမရပူရၿမိဳ႕ နန္းေတာ္ရာစံျပကြက္သစ္ ဓမၼာ႐ုံထဲက စစ္အုပ္စု ဗုံးထုခံရၿပီးေနာက္ နာေရးကားတစ္စီး ဝင္သြားတာေတြ႕ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဗုံးထုတိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး စစ္အုပ္စုဘက္က ထိခိုက္မႈ အေသးစိတ္အေျခအေနေတြကိုေတာ့ မသိရေသးပါဘူး။

မႏၲေလးမွာ စစ္အုပ္စုက စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ ျပည္သူေတြကို ဥပေဒမဲ့ ထင္တိုင္းက်ဲ သတ္ျဖတ္ေနတဲ့ၾကားက ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ေတြကလည္း စစ္အုပ္စုကို ခုခံတိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

=========

မြနန္ဒာစစ်ဆင်ရေးအဖြစ် မန္တလေး စက်မှုရဲစခန်းဗုံးထု တိုက်ခိုက်ခဲ့ရာ

စစ်အုပ်စု အသေအပျောက်ရှိ၊

MFP ၊ ဒီဇင္ဘာ – ၂၁

မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်အုပ်စုကို အရှိန်မြင့် တိုက်ခိုက်မယ့် မြနန္ဒာ စစ်ဆင်ရေးအဖြစ် ဒီနေ့လည်ပိုင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းနှင့် စစ်အုပ်စု အထိုင်ချနေတဲ့ အမရပူရက ဓမ္မာရုံကို ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး တစ်ယောက် ထိခိုက်မှုရှိတယ်လို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ခံက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၁)ရက် နေ့လည်(၂)နာရီကျော်က အမရပူရမြို့နယ်၊ နန်းတော်ရာ စံပြကွက်သစ် ဓမ္မာရုံထဲ အထိုင်ချနေတဲ့ စစ်အုပ်စု ကင်းတဲကို ဗုံးထုတိုက်ခိုက်ခဲ့သလို နေ့လည်(၃)နာရီဝန်းကျင်မှာလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၅)လမ်းနှင့် (၅၈)လမ်းထောင့်က စက်မှုနယ်မြေ ရဲစခန်းကို ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“စက်မှုနယ်မြေ ရဲစခန်းကိုတိုက်ခိုက်ရာမှာ ဘန်ကာထောင့်ထဲ ဗုံးကျခဲ့ပြီး ဘန်ကာထဲ ခွေးရှိပါက သေနိုင်ပြီး ရဲစခန်းတွင်းမှ သေနတ် ခြောက်ချက် ပြန်လည် ပစ်ခတ်ခဲ့ပြီး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပါ။ အမရပူရက ဓမ္မရုံကင်းတဲကို ဗုံးပစ်ရာမှာ စစ်ခွေး တစ်ကောင် နေရာမှာတင် လဲသွားခဲ့ပါတယ်” လို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ခံ ပီကာကျူးက ဆိုပါတယ်။

မန္တလေးမြို့ မဟာမုနိဘုရားကြီး အနီးမှာ စစ်အုပ်စု ပျူနဲ့ မဘသတွေက အာဏာသိမ်းစစ်တပ် ထောက်ခဲပွဲ ဆန္ဒပြနေချိန် ရဲစခန်းနှင့် စစ်အုပ်စု အထိုင်ချနေတဲ့ ဓမ္မာရုံတွေ ဗဲုးထုခံရတာ ဖြစ်တယ်လို့ မန္တလေးမြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။

အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ် ဓမ္မာရုံထဲက စစ်အုပ်စု ဗုံးထုခံရပြီးနောက် နာရေးကားတစ်စီး ဝင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးထုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က ထိခိုက်မှု အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မန္တလေးမှာ စစ်အုပ်စုက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ သတ်ဖြတ်နေတဲ့ကြားက မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *