နေအိမ်မီးရှို့ခံလိုက်ရပြီးနောက် အိမ်ရှင်အမျိုးသား ကြိုးဆွဲချသေဆုံး

ပေါက်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာကအမျိုးသားတဦး ဒီဇင်ဘာလ ၂၀ ရက်ဒီမနက်ပိုင်းမှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် ဦးဌေးမောင်ဦးဖြစ်ပြီး သူဟာ ရွာအနီးရှိလယ်ပြင်မှာနွားကျောင်းနေခဲ့ပြီးနောက် ဒီကနေ့ညပိုင်းအထိ နေထိုင်တဲ့နေရာကိုပြန်မရောက်တာကြောင့် လိုက်လံရှာဖွေချိန် အဲ့ဒီနေရာအနီးရှိ ဇီးဖြူပင်ပေါ်မှာ ကြိုးဆွဲချသေဆုံးနေတာကိုဒီညနေ ၆ နာရီလောက်မှ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်သားတွေ အိမ်မီးရှို့ခံရပြီးကတည်းကနေစရာလည်းမရှိတော့ဘူးဆိုပြီး စိတ်ဓါတ်ကျတယ်လို့ ခဏခဏပြောနေတာ။ အဲလောက်ထိလုပ်မယ်လို့တော့ မထင်ဘူး”လို့ ဦးဌေးမောင်ဦးရဲ့ ညီဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ စစ်ကြောင်းဟာ စသိန်းရွာကိုစစ်ကြောင်းထိုးမီးရှို့ချိန်မှာ ဦးဌေးမောင်ဦးတို့နေအိမ်လည်း မီးထဲပါသွားပြီး အဲ့ဒီကစလို့ စိတ်ဓါတ်ကျတဲ့အခြေအနေဖြစ်ပေါ်နေတာလို့လည်း သိရပါတယ်။

သူသေဆုံးချိန်မှာ အသက် ၅၄ နှစ်အရွယ် လေဖြတ်ထားတဲ့ဇနီးသည်ကျန်ခဲ့တယ်လို့သိရပြီး၊ သူ့ရုပ်အလောင်းကိုတော့ ဒီဇင်ဘာလ ၂၁ ရက်မှာသြင်္ဂုလ်သွားမယ်လို့လည်း သိရပါတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

မြေလတ်အသံ

===========

ေနအိမ္မီးရႈိ႕ခံလိုက္ရၿပီးေနာက္ အိမ္ရွင္အမ်ိဳးသား ႀကိဳးဆြဲခ်ေသဆုံး

ေပါက္၊ ဒီဇင္ဘာ ၂၁၊ ၂၀၂၂။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ စသိန္း႐ြာကအမ်ိဳးသားတဦး ဒီဇင္ဘာလ ၂၀ ရက္ဒီမနက္ပိုင္းမွာ ႀကိဳးဆြဲခ်ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၅၄ ႏွစ္အ႐ြယ္ ဦးေဌးေမာင္ဦးျဖစ္ၿပီး သူဟာ ႐ြာအနီးရွိလယ္ျပင္မွာႏြားေက်ာင္းေနခဲ့ၿပီးေနာက္ ဒီကေန႔ညပိုင္းအထိ ေနထိုင္တဲ့ေနရာကိုျပန္မေရာက္တာေၾကာင့္ လိုက္လံရွာေဖြခ်ိန္ အဲ့ဒီေနရာအနီးရွိ ဇီးျဖဴပင္ေပၚမွာ ႀကိဳးဆြဲခ်ေသဆုံးေနတာကိုဒီညေန ၆ နာရီေလာက္မွ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

“စစ္သားေတြ အိမ္မီးရႈိ႕ခံရၿပီးကတည္းကေနစရာလည္းမရွိေတာ့ဘူးဆိုၿပီး စိတ္ဓါတ္က်တယ္လို႔ ခဏခဏေျပာေနတာ။ အဲေလာက္ထိလုပ္မယ္လို႔ေတာ့ မထင္ဘူး”လို႔ ဦးေဌးေမာင္ဦးရဲ႕ ညီျဖစ္သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၃ ရက္မွာ စစ္ေကာင္စီလက္ေအာက္ခံ တပ္မ ၁၀၁ စစ္ေၾကာင္းဟာ စသိန္း႐ြာကိုစစ္ေၾကာင္းထိုးမီးရႈိ႕ခ်ိန္မွာ ဦးေဌးေမာင္ဦးတို႔ေနအိမ္လည္း မီးထဲပါသြားၿပီး အဲ့ဒီကစလို႔ စိတ္ဓါတ္က်တဲ့အေျခအေနျဖစ္ေပၚေနတာလို႔လည္း သိရပါတယ္။

သူေသဆုံးခ်ိန္မွာ အသက္ ၅၄ ႏွစ္အ႐ြယ္ ေလျဖတ္ထားတဲ့ဇနီးသည္က်န္ခဲ့တယ္လို႔သိရၿပီး၊ သူ႔႐ုပ္အေလာင္းကိုေတာ့ ဒီဇင္ဘာလ ၂၁ ရက္မွာၾသဂၤုလ္သြားမယ္လို႔လည္း သိရပါတယ္။

သတင္း – ဒိန္းဂ်ား၊ စာတည္း – လင္း

ေျမလတ္အသံ

Leave a Reply

Your email address will not be published. Required fields are marked *