နေပြည်တော်မှာ ဗိုလ်မှူးက ၎င်းရဲ့ မယားငယ်ဖြစ်သူကို ရိုက်နှက်ထိုးကြိတ်ကာ ကားဖြင့်တက်ကြိတ်ပြီးနှိပ်စက်မှုဖြစ်ပွား

ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၂၁ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္မူသီရိမြို့နယ်ရှိ သုခတော်ဝင်အိမ်ရာတွင် အငြိမ်းစားဗိုလ်မှူးဖြစ်သူမှ ၎င်းရဲ့ မယားငယ်ဖြစ်သူ အမျိုးသမီးကို ထိုးကြိတ်ရိုက်နှက်၍ ခန္ဓာကိုယ်အား၎င်း၏ကားဖြင့်တက် ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ဆောင်ခဲ့သူမှာ စစ်ကောင်စီတပ်မှ အရပ်ဘက်ပြောင်းရွှေ့ထားသည့် အငြိမ်းစား ဗိုလ်မှူး ပြည့်ဖြိုးအောင် ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အဆို ပါတန်ဖိုးနည်း သုခတော်ဝင်အိမ်ယာ တိုက်ခန်းတွင်ထားရှိသည့် ၎င်း၏ အငယ်မယားဖြစ်သူကို အရက်မူး၍ ကားဖြင့်တက်ကြိတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆူညံသံတွေကြားလို့ ဆင်းကြည့်တော့ ကောင်မလေးက မြေကြီးပေါ်မှာ လိမ့်နေတာ။ ပထမက ကားပေါ်ကဆင်းပြီး တက်ခွပြီး ထိုးကြိတ်နေတာအပေါ်ကနေ။ ပြီးတော့ ကားပေါ်တက်သွားပြီးတော့ ကားနဲ့တက်ကြိတ်တာ။ အဲဒီလောက်လုပ်လိမ့်မယ် မထင်တာ။ နောက်ပြန်ဆုတ်ပြီး ထပ်ခါထပ်ခါ တက်ကြိတ်တာ။ လူတွေက ဝိုင်းအော်တားတော့မှ ရပ်ပြီး တခြားသူတွေကိုပါ ရန်လုပ်တာ။

မူးလည်းမူးနေတယ်။ ခံရတဲ့သူကို မိန်းမချင်းကိုယ်ချင်းစာပေမယ့် ဗိုလ်ကိုမှ မယားငယ်လုပ်ချင်နေသူတွေအနေနဲ့ ဥပမာဖြစ်စေချင်တယ်။ ဒါကိုမှအထင်ကြီးကြတာကိုး။ ခုအိမ်ရာက မယားငယ်အိမ်ရာလို့ပြောင်းရမလိုဖြစ်နေပြီ”ဟု မျက်မြင်တွေ့ရှိသူ အမျိူးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးအား ဗိုလ်မှူးဟောင်း ပြည့်ဖြိုးအောင်မှ ထိုးကြိတ်ရိုက်နှက်ပြီး ကားဖြငွတက်ကြိတ်ကာ နှိပ်စက်သည့်အတွက် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံ၌အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီးကို ယင်းသုခတော်ဝင်အိမ်ရာတွင် အိမ်ငှားပေးထားခြင်းဖြစ်ပြီး တရားမဝင်ပေါင်းသင်းနေထိုင်သူဖြစ်ကြောင်းနှင့် ကျူးလွန်သူမှာ အရက်မူး၍ မကြာခဏရိုက်နှက်လေ့ရှိကြောင်း အနီးပတ်ဝန်းကျင်ရှိနေထိုင်သူများမှပြောသည်။

ယင်းသုခတော်ဝင်အိမ်ရာသည် နေပြည်တော်ရှိအစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာအဖြစ် အရစ်ကျငွေသွင်းဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည့်အိမ်ရာဖြစ်ပြီး ယခုလက်ရှိတွင် လက်သင့်ရာ ဝယ်ယူနေထိုင်သူများနှင့် အထက်အရာရှိပိုင်းများမှ တရားမဝင်ဇနီးများကို လာရောက် နေထိုင်စေကြောင်း သိရှိရသည်။

=========

ေနျပည္ေတာ္မွာ ဗိုလ္မႉးက ၎ရဲ႕ မယားငယ္ျဖစ္သူကို ႐ိုက္ႏွက္ထိုးႀကိတ္ကာ ကားျဖင့္တက္ႀကိတ္ၿပီးႏွိပ္စက္မႈျဖစ္ပြား

ဧရာဝတီတိုင္းမ္

ဒီဇင္ဘာလ ၂၁ ရက္

စစ္ေကာင္စီ႐ုံးစိုက္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇဗၼဴသီရိၿမိဳ႕နယ္ရွိ သုခေတာ္ဝင္အိမ္ရာတြင္ အၿငိမ္းစားဗိုလ္မႉးျဖစ္သူမွ ၎ရဲ႕ မယားငယ္ျဖစ္သူ အမ်ိဳးသမီးကို ထိုးႀကိတ္႐ိုက္ႏွက္၍ ခႏၶာကိုယ္အား၎၏ကားျဖင့္တက္ ႀကိတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

လုပ္ေဆာင္ခဲ့သူမွာ စစ္ေကာင္စီတပ္မွ အရပ္ဘက္ေျပာင္းေ႐ႊ႕ထားသည့္ အၿငိမ္းစား ဗိုလ္မႉး ျပည့္ၿဖိဳးေအာင္ ျဖစ္ၿပီး ဒီဇင္ဘာ ၁၈ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ခန႔္က အဆို ပါတန္ဖိုးနည္း သုခေတာ္ဝင္အိမ္ယာ တိုက္ခန္းတြင္ထားရွိသည့္ ၎၏ အငယ္မယားျဖစ္သူကို အရက္မူး၍ ကားျဖင့္တက္ႀကိတ္ကာ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆူညံသံေတြၾကားလို႔ ဆင္းၾကည့္ေတာ့ ေကာင္မေလးက ေျမႀကီးေပၚမွာ လိမ့္ေနတာ။ ပထမက ကားေပၚကဆင္းၿပီး တက္ခြၿပီး ထိုးႀကိတ္ေနတာအေပၚကေန။ ၿပီးေတာ့ ကားေပၚတက္သြားၿပီးေတာ့ ကားနဲ႔တက္ႀကိတ္တာ။ အဲဒီေလာက္လုပ္လိမ့္မယ္ မထင္တာ။ ေနာက္ျပန္ဆုတ္ၿပီး ထပ္ခါထပ္ခါ တက္ႀကိတ္တာ။ လူေတြက ဝိုင္းေအာ္တားေတာ့မွ ရပ္ၿပီး တျခားသူေတြကိုပါ ရန္လုပ္တာ။

မူးလည္းမူးေနတယ္။ ခံရတဲ့သူကို မိန္းမခ်င္းကိုယ္ခ်င္းစာေပမယ့္ ဗိုလ္ကိုမွ မယားငယ္လုပ္ခ်င္ေနသူေတြအေနနဲ႔ ဥပမာျဖစ္ေစခ်င္တယ္။ ဒါကိုမွအထင္ႀကီးၾကတာကိုး။ ခုအိမ္ရာက မယားငယ္အိမ္ရာလို႔ေျပာင္းရမလိုျဖစ္ေနၿပီ”ဟု မ်က္ျမင္ေတြ႕ရွိသူ အမ်ိဴးသမီးတစ္ဦးမွ ဧရာဝတီတိုင္းမ္ကိုေျပာသည္။

အဆိုပါ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးအား ဗိုလ္မႉးေဟာင္း ျပည့္ၿဖိဳးေအာင္မွ ထိုးႀကိတ္႐ိုက္ႏွက္ၿပီး ကားျဖငြတက္ႀကိတ္ကာ ႏွိပ္စက္သည့္အတြက္ ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆး႐ုံ၌အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးကို ယင္းသုခေတာ္ဝင္အိမ္ရာတြင္ အိမ္ငွားေပးထားျခင္းျဖစ္ၿပီး တရားမဝင္ေပါင္းသင္းေနထိုင္သူျဖစ္ေၾကာင္းႏွင့္ က်ဴးလြန္သူမွာ အရက္မူး၍ မၾကာခဏ႐ိုက္ႏွက္ေလ့ရွိေၾကာင္း အနီးပတ္ဝန္းက်င္ရွိေနထိုင္သူမ်ားမွေျပာသည္။

ယင္းသုခေတာ္ဝင္အိမ္ရာသည္ ေနျပည္ေတာ္ရွိအစိုးရ ဝန္ထမ္းမ်ားအတြက္ တန္ဖိုးနည္းအိမ္ရာအျဖစ္ အရစ္က်ေငြသြင္းဝယ္ယူႏိုင္ရန္ စီစဥ္ေပးထားသည့္အိမ္ရာျဖစ္ၿပီး ယခုလက္ရွိတြင္ လက္သင့္ရာ ဝယ္ယူေနထိုင္သူမ်ားႏွင့္ အထက္အရာရွိပိုင္းမ်ားမွ တရားမဝင္ဇနီးမ်ားကို လာေရာက္ ေနထိုင္ေစေၾကာင္း သိရွိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *