“မ်က္ရည္ကို သုတ္ ဓါးကို စုပ္၍ ခင္ရီမွ အေခါင္းေတြ စ ေရာင္းပါၿပီ”

ခင္ရီ၏ အႀကံျပဳခ်က္အတိုင္း ရန္ကုန္တြင္ ႀကံ့ဖြတ္ပါတီဝင္ႏွင့္ အမာခံ ၃၆၄ ဦးကို အုပ္ခ်ဳပ္ေရးမႉး ၇၂ ေနရာႏွင့္ ရာအိမ္မႉး ၂၉၂ ေနရာတြင္ အစားထိုးခန႔္အပ္

ရန္ကုန္၊ ဒီဇင္ဘာ ၂၁

ရန္ကုန္တိုင္းအတြင္းၿမိဳ႕နယ္မ်ားတြင္ ႀကံ့ဖြတ္ပါတီဝင္ႏွင့္ အမာခံ ၃၆၄ ဦးကို အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးမ်ားအျဖစ္ ခန႔္အပ္လိုက္ၿပီး အဆိုပါ ခန႔္အပ္မႈမ်ားသည္ ႀကံ့ဖြတ္ဥကၠ႒ ခင္ရီ၏ အႀကံျပဳ ခ်က္အတိုင္း စစ္ေကာင္စီက လိုက္ပါေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရ သတင္းရပ္ကြက္ထံမွ သိရွိရသည္။

ယခုဒီဇင္ဘာလဆန္းပိုင္းမွ လလယ္ပိုင္းအထိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ၇၂ ဦး၊ ရာအိမ္မႉး ၂၉၂ ဦးကို အနားေပးလိုက္ၿပီး ယင္းတို႔၏ ေနရာတြင္ ႀကံ့ဖြတ္ပါတီဝင္ႏွင့္ အမာခံမ်ားကို အစားထိုးလိုက္ ျခင္းျဖစ္ ေၾကာင္း သိရွိရသည္။

“မဂၤလာဒုံမွာ အုပ္ခ်ဳပ္ေရးမႉး ၁၄ ေနရာကို စစ္မႈထမ္းေဟာင္း၊ ႀကံ့ဖြတ္ေတြခ်ည္းပဲ အစားထိုး လိုက္တယ္။ ရာအိမ္မႉးေတြလည္း အတူတူပဲ” ဟု မဂၤလာဒုံေဒသခံတစ္ဦးက ေျပာဆိုသည္။

ႀကံ့ဖြတ္ပါတီဝင္မ်ားကို ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအျဖစ္ ခန႔္အပ္ျခင္းမွာ ႀကံ့ဖြတ္ပါတီ ဥကၠ႒ ခင္ရီ ေရးဆြဲထားေသာ လုံၿခဳံေရးစီမံခ်က္အရ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊

ႀကံ့ဖြတ္ပါတီ ဥကၠ႒ ခင္ရီက ပါတီဝင္မ်ား၏ လုံၿခဳံေရးအတြက္ စီမံခ်က္မ်ား ေရးဆြဲ ထားၿပီျဖစ္ကာ မ်က္ရည္ ကိုသုတ္၊ ဓားကို ဆုပ္ၿပီး ေရွ႕တစ္လွမ္းတိုးရ မည္ ဟု ေျပာဆိုၿပီးေနာက္ ေအာက္ေျခ ရပ္ကြက္ အုပ္ခ်ဳပ္ ေရးယႏၲရားကို ႀကံ့ဖြတ္ပါတီ ဝင္တခ်ိဳ႕ျဖင့္ အစားထိုးလာျခင္းျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။

=======

“မျက်ရည်ကို သုတ် ဓါးကို စုပ်၍ ခင်ရီမှ အခေါင်းတွေ စ ရောင်းပါပြီ”

ခင်ရီ၏ အကြံပြုချက်အတိုင်း ရန်ကုန်တွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူး ၇၂ နေရာနှင့် ရာအိမ်မှူး ၂၉၂ နေရာတွင် အစားထိုးခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုများသည် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ အကြံပြု ချက်အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ယခုဒီဇင်ဘာလဆန်းပိုင်းမှ လလယ်ပိုင်းအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၂ ဦး၊ ရာအိမ်မှူး ၂၉၂ ဦးကို အနားပေးလိုက်ပြီး ယင်းတို့၏ နေရာတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံများကို အစားထိုးလိုက် ခြင်းဖြစ် ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံမှာ အုပ်ချုပ်ရေးမှူး ၁၄ နေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်တွေချည်းပဲ အစားထိုး လိုက်တယ်။ ရာအိမ်မှူးတွေလည်း အတူတူပဲ” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

ကြံ့ဖွတ်ပါတီဝင်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ရေးဆွဲထားသော လုံခြုံရေးစီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည် ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက် အုပ်ချုပ် ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *