ပခုက္ကူ၊ ကမ္မရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး ပြီး ၃ ဦး အပြင်း အထန် ဒဏ်ရာရ(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PPDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံပြောဆိုသည်။

“ရဲစခန်းမှာက အင်အား ၁၀ လောက်တော့ရှိတယ်၊ စစ်ခွေးတွေတော့မရှိဘူး၊ စခန်းသိမ်းဖို့အထိ ရည်ရွယ် တာမဟုတ်တော့ ရုတ်တရက်အလစ်အငိုက်ဝင်တိုက်ခဲ့တာ၊ ၃ မိနစ်လောက်ပဲကြာတယ်၊ ဒဏ်ရာရတဲ့ ၃ ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေလို့တော့ မြေပြင်သတင်းရ သိရပါတယ်၊

ဆေးရုံကား ၃ စီးနဲ့ သယ် သွားတယ်လို့ကြားတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲ ၂ ဦးနေရာမှာပင်သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ရဲစခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

==========

ပခုကၠဴ၊ ကမၼရဲစခန္းကို PDF တပ္ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္မႈ ရဲ ၂ ဦးေသဆုံး ၿပီး ၃ ဦး အျပင္း အထန္ ဒဏ္ရာရ(႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၂၁

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္၊ ကမၼရဲစခန္းကို ယေန႔ ဒီဇင္ဘာလ ၂၁ ရက္ နံနက္ ၈ နာရီခြဲခန႔္က ဝင္ေရာက္ ပစ္ခတ္ တိုက္ခိုက္ရာ ရဲ ၂ ဦးေသဆုံးၿပီး ၃ ဦးအျပင္းအထန္ ဒဏ္ရာရရွိခဲ့ေၾကာင္း ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ (PPDF)မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္ သစ္ သတင္းဌာနထံေျပာဆိုသည္။

“ရဲစခန္းမွာက အင္အား ၁၀ ေလာက္ေတာ့ရွိတယ္၊ စစ္ေခြးေတြေတာ့မရွိဘူး၊ စခန္းသိမ္းဖို႔အထိ ရည္႐ြယ္ တာမဟုတ္ေတာ့ ႐ုတ္တရက္အလစ္အငိုက္ဝင္တိုက္ခဲ့တာ၊ ၃ မိနစ္ေလာက္ပဲၾကာတယ္၊ ဒဏ္ရာရတဲ့ ၃ ေယာက္ကလည္း စိုးရိမ္ရတဲ့အေျခအေနလို႔ေတာ့ ေျမျပင္သတင္းရ သိရပါတယ္၊

ေဆး႐ုံကား ၃ စီးနဲ႔ သယ္ သြားတယ္လို႔ၾကားတယ္” ဟု ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦး က ရန္ကုန္ေခတ္သစ္သတင္းဌာနကို ေျပာၾကားသည္။

အဆိုပါတိုက္ခိုက္မႈေၾကာင့္ ရဲ ၂ ဦးေနရာမွာပင္ေသဆုံးၿပီး ၃ ဦးအျပင္းအထန္ဒဏ္ရာရရွိေၾကာင္း၊ ရဲစခန္း ကို ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PPDF) ရဲေဘာ္ တစ္ဦး မစိုးရိမ္ရ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *