မုံရွာမြို့ပေါ်တွင် တိုက်ခိုက်ခံရသည့် ရဲ ၃ ဦးအနက် သေဆုံး ရဲအလောင်းနှင့် ဒဏ်ရာရရှိသော ရဲ ၂ ဦးကို လာသယ်ယူသည့် ကားကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေး သွား ကြောင်း Special Forces-11 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ် ဝန်းကျင်အချိန်တွင် မုံရွာမြို့ နယ် တစ်နေရာ၌ ဈေးဝယ်ရန်ထွက်လာသော ရဲ ၃ ဦးကို လမ်းခုလပ် တစ်နေရာ အရောက်တွင် Special Forces-11 ရဲဘော်များက ဦးဆောင်၍

မုံရွာမြို့ နယ် (ပ.က.ဖ) ၊ မုံရွာမြို့နယ် (ပ.လ.ဖ) ရဲဘော်များနှင့်အတူ လက်တွဲပြီး အသင့် စောင့် ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ရဲ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာများဖြင့် သွေးရူးသွေးတန်းထွက်ပြေးကြောင်း ၎င်းက ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် သေနတ် ၁ လက် ၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည် ဘောက် ၁ ခု တို့ကို သိမ်းဆည်း ရ မိခဲ့ကြောင်း၊ ရဲဘော်များအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်အချိန် မုံရွာမြို့ ပေါ်တွင် တိုက်ခိုက်ခံရမှုကြောင့် သေ ဆုံးသွားသော ရဲ ၁ ဦးနှင့် ဒဏ်ရာရရှိ သော ရဲ ၂ ဦးကို လာသယ်သည့်ကားကို မုံရွာ-မန္တလေး လမ်းမကြီး၏ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် Special Forces-11အဖွဲ့က ပဒေသာ ၅လုံး တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းထိမှန်မှုကြောင့် အသေးစိတ် အခြေအနေကို မသိရသေးကြောင်း Special Forces-11အဖွဲ့က ဆိုသည်။

“Special Forces-11အဖွဲ့အစည်းအနေနဲ့ မိုင်း အလုံး(၃၀၀) ရည်မှန်းချက် အတွက် မဲ လက်မှတ်များအား ရောင်းချသွားဖို့အတွက်လည်း အစီအစဉ်များ ရှိနေပါတယ်။ ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်း ပြီး ပါဝင် ကူညီ ပေးကြပါအုံးလို့ ကြိုတင်တောင်းဆိုထားပါရစေ…” ဟု Special Forces-11 မှ တာဝန်ရှိသူက ပြောသည်။

==========

မုံ႐ြာၿမိဳ႕ေပၚတြင္ တိုက္ခိုက္ခံရသည့္ ရဲ ၃ ဦးအနက္ ေသဆုံး ရဲအေလာင္းႏွင့္ ဒဏ္ရာရရွိေသာ ရဲ ၂ ဦးကို လာသယ္ယူသည့္ ကားကို မိုင္းဆြဲတိုက္ခိုက္(႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၂၀

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚတြင္ ေဈးဝယ္ထြက္လာသည့္ ရဲ ၃ ဦးကို ပစ္ခတ္ တိုက္ခိုက္မႈ ၁ ဦးေသဆုံးၿပီး ရဲ ၂ ဦး ဒဏ္ရာမ်ားျဖင့္ သုတ္ေျခတင္ ထြက္ေျပး သြား ေၾကာင္း Special Forces-11 မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဒီဇင္ဘာလ (၂၀)ရက္ေန႔ မြန္းလြဲ ၂နာရီ ၄၀မိနစ္ ဝန္းက်င္အခ်ိန္တြင္ မုံ႐ြာၿမိဳ႕ နယ္ တစ္ေနရာ၌ ေဈးဝယ္ရန္ထြက္လာေသာ ရဲ ၃ ဦးကို လမ္းခုလပ္ တစ္ေနရာ အေရာက္တြင္ Special Forces-11 ရဲေဘာ္မ်ားက ဦးေဆာင္၍

မုံ႐ြာၿမိဳ႕ နယ္ (ပ.က.ဖ) ၊ မုံ႐ြာၿမိဳ႕နယ္ (ပ.လ.ဖ) ရဲေဘာ္မ်ားႏွင့္အတူ လက္တြဲၿပီး အသင့္ ေစာင့္ ႀကိဳ တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းတိုက္ခိုက္မႈတြင္ ရဲ ၁ ဦးေသဆုံးၿပီး ၂ ဦး ဒဏ္ရာမ်ားျဖင့္ ေသြး႐ူးေသြးတန္းထြက္ေျပးေၾကာင္း ၎က ေျပာသည္။

အဆိုပါထိေတြ႕တိုက္ပြဲတြင္ ေသနတ္ ၁ လက္ ၊ ၉ မမ က်ည္ ၁၅ ေတာင့္၊ က်ည္ ေဘာက္ ၁ ခု တို႔ကို သိမ္းဆည္း ရ မိခဲ့ေၾကာင္း၊ ရဲေဘာ္မ်ားေအာင္ျမင္စြာ ဆုတ္ ခြာႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

ယင္းေနာက္ ဒီဇင္ဘာလ ၂၀ ရက္ေန႔ ညေန ၄ နာရီ ၅၆ မိနစ္အခ်ိန္ မုံ႐ြာၿမိဳ႕ ေပၚတြင္ တိုက္ခိုက္ခံရမႈေၾကာင့္ ေသ ဆုံးသြားေသာ ရဲ ၁ ဦးႏွင့္ ဒဏ္ရာရရွိ ေသာ ရဲ ၂ ဦးကို လာသယ္သည့္ကားကို မုံ႐ြာ-မႏၲေလး လမ္းမႀကီး၏ မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းတစ္ေနရာတြင္ Special Forces-11အဖြဲ႕က ပေဒသာ ၅လုံး တစ္ပြိဳင့္ျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ မိုင္းထိမွန္မႈေၾကာင့္ အေသးစိတ္ အေျခအေနကို မသိရေသးေၾကာင္း Special Forces-11အဖြဲ႕က ဆိုသည္။

“Special Forces-11အဖြဲ႕အစည္းအေနနဲ႔ မိုင္း အလုံး(၃၀၀) ရည္မွန္းခ်က္ အတြက္ မဲ လက္မွတ္မ်ားအား ေရာင္းခ်သြားဖို႔အတြက္လည္း အစီအစဥ္မ်ား ရွိေနပါတယ္။ ျပည္တြင္းျပည္ပမွ မိဘျပည္သူမ်ားအေနနဲ႔ ဝိုင္းဝန္း ၿပီး ပါဝင္ ကူညီ ေပးၾကပါအုံးလို႔ ႀကိဳတင္ေတာင္းဆိုထားပါရေစ…” ဟု Special Forces-11 မွ တာဝန္ရွိသူက ေျပာသည္။

Leave a Reply

Your email address will not be published. Required fields are marked *