ယနေ့ည ဆိုင်ကယ်တင်မဟုတ်တော့ဘူး ကားပါလုကုန်ကြပြီ

ရွှေပြည်သာတံတားတွင် ကားလုခံရမှုဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၀။

ဒီကနေ့ည ၇ နာရီဝန်းကျင်အချိန်က လှိုင်သာယာမြို့နယ်ဘက်မှ မောင်းနှင်လာသော 7F/4119 အဝါရောင် Taxi ကားတစ်စီးသည် ရွှေပြည်သာတံတားအတက်နားတွင် လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူး၊ ရပ်ကွက်ကရယ် စက်မှုဇုန်ကင်းအဖွဲ့ကရယ် လိုက်ကြတာတွေ့တယ်၊

ရွှေပြည်သာဘက်ကို မောင်းပြေးသွားတာတဲ့၊ တနေ့တနေ့ စက်မှုဇုန်ထဲလည်း ပုံစံမျိုးစုံနဲ့ကို လုနေတာ၊ ဖုန်းတောင် အပြင်မယူရဲဘူး ” ဟု ပြည်သူတစ်ဦးက ပြောကြားသည်။

spt_information

=======



ရန်ကုန်၊ ဒီဇင်ဘာ ၂၀။




Leave a Reply

Your email address will not be published. Required fields are marked *