ဒီဇင်ဘာ ၂၀၊ ၂၀၂၂
==========
ပုလဲ ပကဖရဲ့ စွပ်စွဲချက်ကို ဗိုလ်နဂါး ပြန်လည်ချေပ
ဒီဇင်ဘာ ၂၀၊ ၂၀၂၂
ပုလဲပကဖက ပြည်သူတွေဗိုလ်နဂါးကို ကြောက်နေကြရတယ်ဆိုတဲ့ စွပ်စွဲချက်ကို သူ့အနေနဲ့ ပြည်သူ တွေဆီကိုသွားပြပြီး သက်သေပြနိုင်တယ်လို့ ဗိုလ်နဂါးက ပြန်လည်ချေပခဲ့ပါတယ်
ဗိုလ်နဂါးက မီးကော်မတီကိစ္စ မကြေလည်လို့ ဗိုလ်နဂါးကိုကြောက်နေရပါတယ်လို့ သွားပြောတဲ့သူက ကိုဇော်ထက်တို့ ဘက်ကပါပဲ ကျွန်တော်တည့်တည့်ပြောတာပါ
သတင်းလွှင့်တာက ကိုဇော်ထက်နဲ့ တစ်ရွာတည်းနေ တူတော်စပ်တဲ့ ကိုတိုးဝေအောင် ပကဖအဖွဲ့ဝင်ပါ။ Pale Entertainment page ကနေတင်ပါတယ်
အဲလိုဝါဒဖြန့်တဲ့ ကိစ္စမှာတောင် ပြည်သူတွေရဲ့ ကောမန့် တွေဝင်ကြည့်ရင် MRDA ကိုမြေပြင်မှာ ပြည်သူက ဘယ်လောက်လက်ခံထားလဲသိနိုင်ပါတယ် လို့ပြောပါတယ်
ဆက်လက်ပြီး စွပ်စွဲတဲ့သူတွေအနေနဲ့ ပြည်သူတွေရှိရာကို အတူတူသွားကြည့်ရင်လိုက်ခဲ့ ကြဖို့ကို လည်း ခေါ်ခဲ့ပါတယ်
MRDA ကို မကြိုက်တဲ့သူရှိရင်တောင် မကြောက်ရပါဘူး မဟုတ်တာလုပ်တဲ့ သူကတော့ကြောက် ရပါလိမ့်မယ် ပြည်သူတွေအနေနဲ့ ကိုနဂါးကို ကြောက်နေရပါတယ်ဆိုရင်
ပြောနေတဲ့ဘူတွေက မြို့နယ် တွင်းကိုလာကြည့်ပါ ကိုဇော်ထက်ရယ်၊ ပြောနေတဲ့သူတွေရယ်၊ ကျွန်တော်ရယ် ပြည်သူတွေရှေ့ ဒီတစ်မြို့နယ်လုံးကို သွားလို့ရပါတယ် Video မှတ်တမ်းတင်ပြီးတော့လည်း ပြည်သူကို ချပြလို့ရပါ တယ် လို့လည်း ပြောပါတယ်
ပုလဲပကဖဘက်ကနေ ကိုပုလဲက ပြန်လည်ချေပခဲ့ပြီး ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို မြေပြင်မှာ ထပ်မံ ဆွေးနွေးဖို့လိုသေးတယ်လို့လည်း သူ့အမြင်ကိုပြောပါတယ် Crd- BVJ