မုံရွာမှာ စစ်အုပ်စုကို တိုက်ခိုက်ရာ စကစ တစ်ယောက်သေပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိ၊

MFP ၊ ဒီဇင္ဘာ – ၂၀

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အရပ်ဝတ်၊ ဆိုင်ကယ်တွေနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၀)ရက်မှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မုံရွာမြို့နယ် ပ လ ဖ၊ ပ က ဖ နှင့် Special Force11 တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာ ပလဖ က ဖော်ပြတဲ့ ရုပ်သံမှာတော့ ထန်းရေဆိုင်က ပြန်လာတဲ့ ယူဆရတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ အရပ်ဝတ် စကစရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ စကစတစ်ယောက် လဲကျကျန်ခဲ့ကာ ကျန်တဲ့ဆိုင်ကယ်တစ်စီးနဲ့ စကစ သုံးလေးယောက်ကတော့ ထွက်ပြေးသွားပါတယ်။ သိမ်းဆည်းရရှိတဲ့ သေနတ်ဟာ မအလကို သ္စစာခံတဲ့ ရဲတွေ ကိုင်တဲ့ အူဇီသေနတ်ဖြစ်ပါတယ်။

============


MFP ၊ ဒီဇင္ဘာ – ၂၀




Leave a Reply

Your email address will not be published. Required fields are marked *