ကျေးရွာအုပ်ကြီး အသတ်ခံရလို့ အလောင်းလာသယ်တဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး လေးယောက် သေ၊

MFP၊ ဒီဇင္ဘာ – ၂၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အစပ်၊ မတ္တရာနယ်၊ မြွေတလိုင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဆိုသူ အသတ်ခံရလို့ အလောင်းလာကောက်တဲ့ စစ်အုပ်စု ဒီနေ့လည်ပိုင်း နှစ်ကြိမ်ဆက် မိုင်းဆွဲခံရကာ စကစ လေးယောက် သေတယ်လို့ ဝက်လက် တောကြီးမြွေပွေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၀)ရက် နေ့လည်(၁၂)နာရီကျော်က မတ္တရာနယ် မြွေတလိုင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို တင်လာတဲ့ စစ်ကား မိုင်းဆွဲခံရလို့ ခြေလျှင် ဆင်းလျှောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှုး ဦးသန့်ဇင် အလောင်း လာသယ်တဲ့ ကားကို မိုင်းဆွဲပြီး ရှေ့ဆက် မသွားနိုင်လို့ နောက်ထပ် ဖော်ကား နှစ်စီးနဲ့ လာပြီး နေ့(၁၂)နာရီမှာ ခြေလျင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ ခွေးများကို မိုင်းဆွဲရာ လေးဦး သေဆုံး။ ထိခိုက်မှုကိုတော့ အတိအကျ မသိရှိနိုင်ပေ” လို့ တောကြီးမြွေပွေး တပ်ဖွဲ့က ဖော်ပြပါတယ်။

မတ္တရာနှင့် ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို ဒီမနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားတယ်လို့ တောကြီးမြွေပွေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေပြီး မတ္တရာနယ် အပါအဝင် ဝက်လက်၊ စစ်ကိုင်း စတဲ့ ဧဝတီမြစ်ရိုးက ရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီး ငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
===========
ကျေးရွာအုပ်ကြီး အသတ်ခံရလို့ အလောင်းလာသယ်တဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး လေးယောက် သေ၊

MFP၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အစပ်၊ မတ္တရာနယ်၊ မြွေတလိုင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဆိုသူ အသတ်ခံရလို့ အလောင်းလာကောက်တဲ့ စစ်အုပ်စု ဒီနေ့လည်ပိုင်း နှစ်ကြိမ်ဆက် မိုင်းဆွဲခံရကာ စကစ လေးယောက် သေတယ်လို့ ဝက်လက် တောကြီးမြွေပွေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၀)ရက် နေ့လည်(၁၂)နာရီကျော်က မတ္တရာနယ် မြွေတလိုင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို တင်လာတဲ့ စစ်ကား မိုင်းဆွဲခံရလို့ ခြေလျှင် ဆင်းလျှောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှုး ဦးသန့်ဇင် အလောင်း လာသယ်တဲ့ ကားကို မိုင်းဆွဲပြီး ရှေ့ဆက် မသွားနိုင်လို့ နောက်ထပ် ဖော်ကား နှစ်စီးနဲ့ လာပြီး နေ့(၁၂)နာရီမှာ ခြေလျင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ ခွေးများကို မိုင်းဆွဲရာ လေးဦး သေဆုံး။ ထိခိုက်မှုကိုတော့ အတိအကျ မသိရှိနိုင်ပေ လို့ တောကြီးမြွေပွေး တပ်ဖွဲ့က ဖော်ပြပါတယ်။

မတ္တရာနှင့် ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို ဒီမနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားတယ်လို့ တောကြီးမြွေပွေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေပြီး မတ္တရာနယ် အပါအဝင် ဝက်လက်၊ စစ်ကိုင်း စတဲ့ ဧဝတီမြစ်ရိုးက ရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီး ငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *