လက်နက်ယူပြေးသွားတဲ့ စစ်သားကို အကြမ်းဖက်စစ်တပ် တောနင်းရှာနေပေမယ့် မမိ

ဒီဇင္ဘာ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတဲ့စစ်သားကို အကြမ်းဖက်စစ်တပ်က တောနင်းရှာဖွေနေပေမယ့် ဖမ်းမမိသေးကြောင်း သိရပါတယ်။

သရက်ချောင်းမြို့နယ်၊ ရွှေဂူရွာတံတားက ဂိတ်စောင့်တာဝန်ကျ စစ်သားတစ်ဦး ဒီဇင်ဘာလ ၁၈ ရက်နေ့ညက လက်နက်အပြည့်အစုံယူကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး အနီးဝန်းကျင်က ခြံတွေထဲ စစ်တပ်က မွှေနှောက်ရှာဖွေနေပေမယ့် ပြန်မမိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်ပါသွားတဲ့အခါကျတော့ ကျန်ခဲ့တဲ့အရာရှိတွေ အရေးယူခံရမှာလေ။ အဲဒါကြောင့် အသည်းအသန် ရှာကြတာ။ အခုလောက်ဆို အဲဒီစစ်သား PDF တွေဆီ ရောက်နေလောက်ပြီ။

စစ်သားတွေလည်း သူ့အဆက်နဲ့သူရှိတော့ သေနတ်ပါသွားပြီး အလင်းဝင်ရင် ဆုချီးမြှင့်ခံရမှာ သိကြတယ်။ ဒီမှာနေရင် သေဖို့က များတော့ လစ်ပြီပေါ့” လို့ သရက်ချောင်းမြို့အနီးနေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ အဲဒီစစ်သားကို ဖမ်းမမိသေးဘူးလို့ သိရကြောင်း သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အဲဒီစစ်သားကို တောနင်းရှာရင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၂ နာရီလောက်က သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် သရက်နှစ်ခွကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ အဲဒီရွာ ၂ ရွာက ဥယျာဉ်ခြံနဲ့ ရော်ဘာခြံ အလုပ်သမား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

“အဲဒီအချိန် အလုပ်ပြန်လာကြတာကို တည့်တည့်တိုးလို့ ဖမ်းသွားတယ်။ အလကားဖမ်းတာမဟုတ်ဘူး။ အခု အဲဒီဒေသခံတွေကို အခု ငွေညှစ်နေတယ်လို့ ကြားတယ်” လို့ သူက ဆက်ပြောပါတယ်။

အဖမ်းခံရတဲ့ ဒေသခံတွေကို ငွေမပေးရင် ထောင်ထဲ ထည့်မယ်ဆိုတဲ့သတင်း သရက်ချောင်းမြို့ပေါ် မှာ ထွက်ပေါ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုထိုက်

ဓာတ္ပုံ- Dawei Information Center
လက်နက်ယူပြေးသွားတဲ့ စစ်သားကို အကြမ်းဖက်စစ်တပ် တောနင်းရှာနေပေမယ့် မမိ

ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတဲ့စစ်သားကို အကြမ်းဖက်စစ်တပ်က တောနင်းရှာဖွေနေပေမယ့် ဖမ်းမမိသေးကြောင်း သိရပါတယ်။

သရက်ချောင်းမြို့နယ်၊ ရွှေဂူရွာတံတားက ဂိတ်စောင့်တာဝန်ကျ စစ်သားတစ်ဦး ဒီဇင်ဘာလ ၁၈ ရက်နေ့ညက လက်နက်အပြည့်အစုံယူကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး အနီးဝန်းကျင်က ခြံတွေထဲ စစ်တပ်က မွှေနှောက်ရှာဖွေနေပေမယ့် ပြန်မမိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်ပါသွားတဲ့အခါကျတော့ ကျန်ခဲ့တဲ့အရာရှိတွေ အရေးယူခံရမှာလေ။ အဲဒါကြောင့် အသည်းအသန် ရှာကြတာ။ အခုလောက်ဆို အဲဒီစစ်သား PDF တွေဆီ ရောက်နေလောက်ပြီ။

စစ်သားတွေလည်း သူ့အဆက်နဲ့သူရှိတော့ သေနတ်ပါသွားပြီး အလင်းဝင်ရင် ဆုချီးမြှင့်ခံရမှာ သိကြတယ်။ ဒီမှာနေရင် သေဖို့က များတော့ လစ်ပြီပေါ့ လို့ သရက်ချောင်းမြို့အနီးနေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ အဲဒီစစ်သားကို ဖမ်းမမိသေးဘူးလို့ သိရကြောင်း သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အဲဒီစစ်သားကို တောနင်းရှာရင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၂ နာရီလောက်က သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် သရက်နှစ်ခွကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ အဲဒီရွာ ၂ ရွာက ဥယျာဉ်ခြံနဲ့ ရော်ဘာခြံ အလုပ်သမား ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အဲဒီအချိန် အလုပ်ပြန်လာကြတာကို တည့်တည့်တိုးလို့ ဖမ်းသွားတယ်။ အလကားဖမ်းတာမဟုတ်ဘူး။ အခု အဲဒီဒေသခံတွေကို အခု ငွေညှစ်နေတယ်လို့ ကြားတယ် လို့ သူက ဆက်ပြောပါတယ်။

အဖမ်းခံရတဲ့ ဒေသခံတွေကို ငွေမပေးရင် ထောင်ထဲ ထည့်မယ်ဆိုတဲ့သတင်း သရက်ချောင်းမြို့ပေါ် မှာ ထွက်ပေါ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုထိုက်

ဓာတ္ပုံ- Dawei Information Center

Leave a Reply

Your email address will not be published. Required fields are marked *