ရေးမြို့ ခမရ ၅၈၆ တပ်ရင်းကို ရေးဘီလူးက RPG ဖြင့်ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၄ ဦးသေ ဆုံးဟုဆို

ဧရာဝတီတိုင်းမ်

(ရေး)၊ ဒီဇင်ဘာလ ၂၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စစ်ကောင်စီတပ် ခမရ ၅၈၆ တပ်ရင်းအား ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် YE ဘီလူးအဖွဲ့မှ RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းဂိတ်ပေါက်အား RPGဖြင့်ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့်ဘန်ကာအတွင်းဝင်ရောက်စီး နင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းရေးဘီလူးအဖွဲ့ကပြောသည်။

“တပ်ရဲ့ဘန်ကာထဲကို RPGနဲ့ပစ်တယ်၊ ပစ်တော့ဘန် ကာလဲပြိုသွားတယ်၊ ဘန်ကာထဲမှာ‌တော့ ၇ ယောက်လောက်ရှိမယ်၊ တပ်ထဲကအင်အားနည်းနေတာ၊ RPG နဲ့ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့လည်းဝင်ပစ်တယ်၊ ကျွန်တော်တို့ဘက်ကအကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှပြန်လည်ပစ် ခတ်ချိန်မရဘဲ YEဘီးလူးအဖွဲ့မှလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ရေးမြို့အခြေစိုက် စကခ ၁၉ နှင့်လက်အောက်ခံတပ် ရင်းများသည် ရခိုင်ပြည်နယ်နှင့် ချင်၊ပလက်ဝဒေသတွင် တိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ပြီး နောက် တန်းရှိနောက်ချန် အင်အားမှာနည်းပါးနေကြောင်းလည်း သိရသည်။

YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်တွင်လည်း ရေးမြို့နယ်အခြေစိုက် အမြှောက်တပ် (အမတ၃၁၆) လိုင်းခန်းအား ၄၀ မမများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

Ayeyarwaddy_Times

========

ေရးၿမိဳ႕ ခမရ ၅၈၆ တပ္ရင္းကို ေရးဘီလူးက RPG ျဖင့္ပစ္ခတ္တိုက္ခိုက္၊ စစ္ေကာင္စီဘက္မွ ၄ ဦးေသ ဆုံးဟုဆို

ဧရာဝတီတိုင္းမ္

(ေရး)၊ ဒီဇင္ဘာလ ၂၀ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ စစ္ေကာင္စီတပ္ ခမရ ၅၈၆ တပ္ရင္းအား ယေန႔ ဒီဇင္ဘာလ ၂၀ ရက္ ေန႔လည္ ၁၁ နာရီဝန္းက်င္တြင္ YE ဘီလူးအဖြဲ႕မွ RPG ၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ေရးၿမိဳ႕အေျခစိုက္ အမွတ္ ၁၉ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္(စကခ ၁၉) လက္ေအာက္ခံ ခမရ ၅၈၆ တပ္ရင္းဂိတ္ေပါက္အား RPGျဖင့္ပစ္ခတ္ၿပီးေနာက္ လက္နက္ငယ္မ်ားျဖင့္ဘန္ကာအတြင္းဝင္ေရာက္စီး နင္းပစ္ခတ္ခဲ့ရာ စစ္ေကာင္စီတပ္သား ၄ ဦးေသဆုံးၿပီး အမ်ားအျပားထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းေရးဘီလူးအဖြဲ႕ကေျပာသည္။

“တပ္ရဲ႕ဘန္ကာထဲကို RPGနဲ႔ပစ္တယ္၊ ပစ္ေတာ့ဘန္ ကာလဲၿပိဳသြားတယ္၊ ဘန္ကာထဲမွာ‌ေတာ့ ၇ ေယာက္ေလာက္ရွိမယ္၊ တပ္ထဲကအင္အားနည္းေနတာ၊ RPG နဲ႔ပစ္ၿပီးေတာ့ လက္နက္ငယ္ေတြနဲ႔လည္းဝင္ပစ္တယ္၊ ကြၽန္ေတာ္တို႔ဘက္ကအေကာင္းဆုံးဆုတ္ခြာႏိုင္ခဲ့တယ္” ဟု ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။

တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီဘက္မွျပန္လည္ပစ္ ခတ္ခ်ိန္မရဘဲ YEဘီးလူးအဖြဲ႕မွလုံၿခဳံစြာ ဆုတ္ခြာႏိုင္ခဲ့သည္ဟုဆိုသည္။

ေရးၿမိဳ႕အေျခစိုက္ စကခ ၁၉ ႏွင့္လက္ေအာက္ခံတပ္ ရင္းမ်ားသည္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္၊ပလက္ဝေဒသတြင္ တိုက္ခိုက္ေရးဝင္ေရာက္ေနတာျဖစ္ၿပီး ေနာက္ တန္းရွိေနာက္ခ်န္ အင္အားမွာနည္းပါးေနေၾကာင္းလည္း သိရသည္။

YEဘီလူးအဖြဲ႕သည္ ဒီဇင္ဘာလ ၁၆ ရက္တြင္လည္း ေရးၿမိဳ႕နယ္အေျခစိုက္ အေျမႇာက္တပ္ (အမတ၃၁၆) လိုင္းခန္းအား ၄၀ မမမ်ားျဖင့္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ အမ်ားအျပားဒဏ္ရာရခဲ့ေၾကာင္း သိရပါသည္။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *