အ‌ေမရိကန္ ေအာက္လႊတ္ေတာ္ မွ အေမရိကန္ ႏိုင္ငံကာကြယ္ေရး ဆိုင္ရာ လုပ္ပိုင္ခြင့္ ျပ႒ာန္းသည့္ ဥပ‌ေဒ National Defense

Authorization Act ကို ဒီဇင္ဘာ ၇ ရက္ေန႔က အတည္ျပဳ ေပးလိုက္ၿပီ ျဖစ္သည္။ တနည္းဆိုက အေမရိကန္ ကာကြယ္ေရး

ဝန္ႀကီး ဌာန အတြက္ ႏွစ္စဥ္ အသုံးစရိတ္ ခ်ေပးျခင္းပင္ ျဖစ္ၿပီး ထိုအသုံးစရိတ္ထဲတြင္ Burma Act ကို အေကာင္အထည္ ေဖၚရန္

ပါ ရံပုံေငြ ထည့္သြင္းေပးထားသည္။ သမၼတ ဘိုင္ဒင္ လက္မွတ္ထိုးၿပီးပါက အတည္ျဖစ္သြားေပမည္၂၀၂၃ ခုႏွစ္ အတြက္ အေမရိ

ကန္ ကာကြယ္ေရး အသုံးစရိတ္ သည္ ေဒၚလာ ၈၅၈ ဘီလီယံ ျဖစ္လာၿပီး တိုင္ဝမ္ အတြက္ ၁၀ ဘီလီယံ ပါဝင္သည္ဟု သိရသည္။

အဆိုပါ ဥပ‌ေဒအား ဆီးနိတ္ ႏွင့္ ေအာက္လႊတ္ေတာ္ရွိ ပါတီႀကီး ႏွစ္ရပ္ လေပါင္းမ်ားစြာ ၾကာေအာင္ အေပးအယူ လုပ္ ေဆြး‌ေႏြး

ကာ အတည္ျပဳေပးခဲ့ျခင္း ျဖစ္ၿပီး ဂ်ိဳးဘိုင္ဒင္မွ ခရစ္စမတ္ မတိုင္မီ လက္မွတ္ထိုးမည္ဟု ေမွ်ာ္လင့္ရသည္အဆိုပါ ဥပေဒ အရ

ပထမဆုံးအႀကိမ္ အျဖစ္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ ျပည္သူ႔ကာကြယ္ေရး တပ္မ်ားအား လက္နက္ မဟုတ္သ

ည့္ နည္းပညာ မ်ား ကူညီ ေထာက္ပံ့ေရး၊ CDM တပ္မေတာ္သားမ်ားအား အကူအညီေပးေရး အပါအဝင္အစီအစဥ္ ၇ ခု ပါဝင္သည္

ဟု သိရသည္မင္းေအာင္လႈိင္သည္ ယူကရိန္း စစ္ပြဲေၾကာင့္ က်ားနာတေကာင္ အျဖစ္ ဘဝေျပာင္းသြားရရွာေသာ ႐ုရွားအား လူထု

ကို ၿခိမ္းေျခာက္ျပႏိုင္ရန္ အားကိုးခဲ့ေသာ္လည္း အေမရိကန္ အပါအဝင္ အေနာက္အုပ္စုက ၎တို႔ တူးတူးခါးခါး ဆန႔္က်င့္ေနေသာ

႐ုရွား ေၾကာင့္ လက္ပိုက္ၾကည့္ေနၾကေတာ့မည္ မဟုတ္ေပ။ အရင္လို တုံဏွိဘာေဝ လုပ္ေန၍ မရေတာ့၊ ျမန္မာအား ႐ုရွားတို႔ အုပ္မိ

သြားက ဘိုင္ဒင္၏ အင္ဒို-ပစိဖိတ္လည္း ေျမာင္းထဲေရာက္သြားယုံမွ် မက ၎၏ ေပ်ာ့ညံ့မႈ အျဖစ္ သမိုင္းတရားခံ ျဖစ္ရွာေပေတာ့မည္႐ုရွား စစ္သားမ်ား ျမန္မာေျမေပၚ နင္းလာခ်ိန္သည္ မင္းေအာင္လႈိင္၏ ဘဝ beginning of the end ပင္ ျဖစ္ေပေတာ့သည္

တ႐ုတ္သည္ ထိုသို႔ အေမရိကန္ တို႔ ပါဝင္ ပတ္သက္လာမည့္ အေရးကို အထူး စိုးရိမ္ၿပီး လူသိရွင္ၾကား ေထာက္ခံမႈ မလုပ္ခဲ့၍ အားမလို အားမရ ျဖစ္လာေသာ မင္းေအာင္လႈိင္သည္ ၎၏ ေနာက္လိုက္မ်ား စိတ္အားတက္ႂကြလာ‌ေစရန္ ငါတို႔ကို ႐ုရွား ေထာက္ခံေနတယ္ ဟု ေျပာႏိုင္ေရး အတြက္ အႀကိမ္ႀကိမ္ သြားၿပီး ရွစ္ခိုးဦးခ်မတတ္ ေတာင္းပန္ တိုးလ်ိဳးခဲ့၍သာ ႐ုရွားမွ ေဖာက္သည္ မပ်က္ေစရန္ ‌လိုက္လိုက္ေလ်ာေလ်ာ လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

မင္းေအာင္လႈိင္ ၏ လုပ္ရပ္သည္ အေမရိကန္တို႔ ဝင္လာေအာင္ မရည္႐ြယ္ပါပဲလွ်က္ တံခါးဟေပးသလို ျဖစ္လာခဲ့ရသည္။ ေနာက္ပိုင္းတြင္ ပို၍ ပူးေလ အေမရိကန္ တို႔ ထဲထဲဝင္ဝင္ ပါဝင္လာေလပင္ ျဖစ္ေပေတာ့မည္။

NDAA သည္ ေတာ္လွန္ေရး၏ တံခါးေပါက္မ်ားစြာ ကို တြန္းဖြင့္ေပးႏိုင္ေတာ့မည္ ျဖစ္သည္ဟု ဧရာဝတီ သတင္းက ေဖၚျပထားသည္။ လက္ရွိတြင္ အၾကမ္းဖက္ စစ္တပ္ ႏွင့္ ခိုးေၾကာင္ခိုးဝွက္ ‌‌ေဆြး‌ ေႏြး ရန္ ႀကံေနသည့္ အပစ္ရပ္ အီးေအအိုမ်ားလည္း ၎တို႔၏ မူဝါဒကို ျပန္လည္ သုံးသပ္ရန္ အေၾကာင္းဖန္လာခဲ့ၿပီ ျဖစ္သည္။

ကာကြယ္ေရး ဝန္ႀကီး ဦးရည္မြန္မွ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ PDF စစ္႐ုံးခ်ဳပ္ ဌာနႀကီး ငါးခု ျဖင့္ ဖြဲ႕စည္းထူေထာင္ၿပီးျဖစ္ေၾကာင္း ႏွင့္ အဆင့္ဆင့္ ကြပ္ကဲ အမိန႔္ေပး သြားႏိုင္ၿပီ ျဖစ္သည္ဟု ဆိုသည္။

အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အေနျဖင့္ အခြင့္အလန္းမ်ား ပြင့္လာသည္ ႏွင့္အမွ် မိမိတို႔သည္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ႏွင့္ တေသြးတည္း တသံတည္း ျဖစ္ေၾကာင္း ျပသႏိုင္ရန္ ေစ့ဆပ္‌ ေဆြးေႏြးေရး လုပ္ငန္းစဥ္မ်ားကို ခိုင္မာသည္ထက္ ခိုင္မာေအာင္ တည္ေဆာက္သြားၾကရမည္သာ ျဖစ္သည္။ ျပည္သူမ်ား စစ္ကြၽန္ ဘဝ မွ အျမန္လြတ္ေျမာက္ႏိုင္ေရးသာ ပဓာန ျဖစ္ေနေပသည္။

လက္ရွိ သံအမတ္ႀကီး ေသာမတ္စ္ ဗိုင္ဒါသည္ ခရစ္စမတ္ မတိုင္မီ ဝါရွင္တန္သို႔ ျပန္ေရာက္လာဖို႔ ရွိေနၿပီး သူ႔ေနရာတြင္ ေနာက္ထပ္ သံအမတ္ အသစ္ အစားထိုး ေစလႊတ္ေတာ့မည္ မဟုတ္ဟု အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ဌာန ေျပာခြင့္ရ ပုဂၢိဳလ္မွ အတည္ျပဳလိုက္ၿပီ ျဖစ္သည္။

သူ႔ေနရာတြင္ သံ႐ုံး ဒုတိယ အႀကီးအကဲ ဒီဘိုရာ လင္းမွ တာဝန္ယူသြားမည္ ျဖစ္သည္ဗိုင္‌ဒါသည္ အာဏာမသိမ္းမီ ရက္ပိုင္း အတြင္းက ျမန္မာျပည္သို႔ ေရာက္ရွိလာခဲ့သူ ျဖစ္သည္။

ထိုလုပ္ရပ္သည္ ျမန္မာ စစ္အာဏာသိမ္း အဖြဲ႕အား ဘိုင္ဒင္ အစိုးရမွ အသိအမွတ္ မျပဳေၾကာင္း ရွင္းလင္းစြာ ေဖၚျပလိုက္ျခင္း ပင္ ျဖစ္သည္ဟု Nikkei Asia Review စာေစာင္တြင္ ေဖၚျပထားသည္။

အေမရိကန္ သည္ ‌ဗိုလ္သန္းေ႐ႊ လက္ထက္ တေလ်ာက္လုံး သံအမတ္ အဆင့္ မေစလႊတ္ပဲ ႏွစ္ ႏွစ္ဆယ္ ခန႔္ ထားခဲ့ၿပီး ျဖစ္၍ မထူးဆန္းလွေသာ္လည္း ယခုအခါ ဂ်ာမဏီ၊ အီတလီ၊ ဩစေတးလွ်၊ ကေနဒါ၊ ေတာင္ကိုရီးယား ကဲ့သို႔ ႏိုင္ငံမ်ားကပါ သံတမန္ အဆင့္ အတန္း ေလ်ာ့ခ်လာၾကသည္အထိ ျဖစ္လာသည္။ ဥေရာပ ႏိုင္ငံ အခ်င္းခ်င္းလည္း သံအမတ္ မေစလႊတ္ေၾကး ဟု အျပန္အလွန္ သေဘာတူညီမႈ မ်ား ရွိထားသည္ဟု ရန္ကုန္ရွိ သံတမန္တဦးက ဆိုသည္။

အဓိက အားျဖင့္ အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အား သံအမတ္ ခန႔္အပ္လႊာ မေပးခ်င္ၾက၍ ျဖစ္သည္။ ထိုင္းသံအမတ္ အစစ္ က ၎၏ ခန႔္အပ္လႊာကို မင္းေအာင္လႈိင္ထံ ဗုဒၶဟူးေန႔က သြားေပးခဲ့ၿပီး ျဖစ္သည္။

ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!Hla Soewai

အ‌မေရိကန် အောက်လွှတ်တော် မှ အမေရိကန် နိုင်ငံကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းသည့် ဥပ‌ဒေ National Defense

Authorization Act ကို ဒီဇင်ဘာ ၇ ရက်နေ့က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။ တနည်းဆိုက အမေရိကန် ကာကွယ်ရေး

ဝန်ကြီး ဌာန အတွက် နှစ်စဉ် အသုံးစရိတ် ချပေးခြင်းပင် ဖြစ်ပြီး ထိုအသုံးစရိတ်ထဲတွင် Burma Act ကို အကောင်အထည် ဖေါ်ရန်

ပါ ရံပုံငွေ ထည့်သွင်းပေးထားသည်။ သမ္မတ ဘိုင်ဒင် လက်မှတ်ထိုးပြီးပါက အတည်ဖြစ်သွားပေမည်၂၀၂၃ ခုနှစ် အတွက် အမေရိ

ကန် ကာကွယ်ရေး အသုံးစရိတ် သည် ဒေါ်လာ ၈၅၈ ဘီလီယံ ဖြစ်လာပြီး တိုင်ဝမ် အတွက် ၁၀ ဘီလီယံ ပါဝင်သည်ဟု သိရသည်။

အဆိုပါ ဥပ‌ဒေအား ဆီးနိတ် နှင့် အောက်လွှတ်တော်ရှိ ပါတီကြီး နှစ်ရပ် လပေါင်းများစွာ ကြာအောင် အပေးအယူ လုပ် ဆွေး‌နွေး

ကာ အတည်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ဂျိုးဘိုင်ဒင်မှ ခရစ်စမတ် မတိုင်မီ လက်မှတ်ထိုးမည်ဟု မျှော်လင့်ရသည်အဆိုပါ ဥပဒေ အရ

ပထမဆုံးအကြိမ် အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်များအား လက်နက် မဟုတ်သ

ည့် နည်းပညာ များ ကူညီ ထောက်ပံ့ရေး၊ CDM တပ်မတော်သားများအား အကူအညီပေးရေး အပါအဝင်အစီအစဉ် ၇ ခု ပါဝင်သည်

ဟု သိရသည်မင်းအောင်လှိုင်သည် ယူကရိန်း စစ်ပွဲကြောင့် ကျားနာတကောင် အဖြစ် ဘဝပြောင်းသွားရရှာသော ရုရှားအား လူထု

ကို ခြိမ်းခြောက်ပြနိုင်ရန် အားကိုးခဲ့သော်လည်း အမေရိကန် အပါအဝင် အနောက်အုပ်စုက ၎င်းတို့ တူးတူးခါးခါး ဆန့်ကျင့်နေသော

ရုရှား ကြောင့် လက်ပိုက်ကြည့်နေကြတော့မည် မဟုတ်ပေ။ အရင်လို တုံဏှိဘာဝေ လုပ်နေ၍ မရတော့၊ မြန်မာအား ရုရှားတို့ အုပ်မိ

သွားက ဘိုင်ဒင်၏ အင်ဒို-ပစိဖိတ်လည်း မြောင်းထဲရောက်သွားယုံမျှ မက ၎င်း၏ ပျော့ညံ့မှု အဖြစ် သမိုင်းတရားခံ ဖြစ်ရှာပေတော့မည်ရုရှား စစ်သားများ မြန်မာမြေပေါ် နင်းလာချိန်သည် မင်းအောင်လှိုင်၏ ဘဝ beginning of the end ပင် ဖြစ်ပေတော့သည်

တရုတ်သည် ထိုသို့ အမေရိကန် တို့ ပါဝင် ပတ်သက်လာမည့် အရေးကို အထူး စိုးရိမ်ပြီး လူသိရှင်ကြား ထောက်ခံမှု မလုပ်ခဲ့၍ အားမလို အားမရ ဖြစ်လာသော မင်းအောင်လှိုင်သည် ၎င်း၏ နောက်လိုက်များ စိတ်အားတက်ကြွလာ‌စေရန် ငါတို့ကို ရုရှား ထောက်ခံနေတယ် ဟု ပြောနိုင်ရေး အတွက် အကြိမ်ကြိမ် သွားပြီး ရှစ်ခိုးဦးချမတတ် တောင်းပန် တိုးလျိုးခဲ့၍သာ ရုရှားမှ ဖောက်သည် မပျက်စေရန် ‌လိုက်လိုက်လျောလျော လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင် ၏ လုပ်ရပ်သည် အမေရိကန်တို့ ဝင်လာအောင် မရည်ရွယ်ပါပဲလျှက် တံခါးဟပေးသလို ဖြစ်လာခဲ့ရသည်။ နောက်ပိုင်းတွင် ပို၍ ပူးလေ အမေရိကန် တို့ ထဲထဲဝင်ဝင် ပါဝင်လာလေပင် ဖြစ်ပေတော့မည်။

NDAA သည် တော်လှန်ရေး၏ တံခါးပေါက်များစွာ ကို တွန်းဖွင့်ပေးနိုင်တော့မည် ဖြစ်သည်ဟု ဧရာဝတီ သတင်းက ဖေါ်ပြထားသည်။ လက်ရှိတွင် အကြမ်းဖက် စစ်တပ် နှင့် ခိုးကြောင်ခိုးဝှက် ‌‌ဆွေး‌ နွေး ရန် ကြံနေသည့် အပစ်ရပ် အီးအေအိုများလည်း ၎င်းတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ရုံးချုပ် ဌာနကြီး ငါးခု ဖြင့် ဖွဲ့စည်းထူထောင်ပြီးဖြစ်ကြောင်း နှင့် အဆင့်ဆင့် ကွပ်ကဲ အမိန့်ပေး သွားနိုင်ပြီ ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် အခွင့်အလန်းများ ပွင့်လာသည် နှင့်အမျှ မိမိတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တသွေးတည်း တသံတည်း ဖြစ်ကြောင်း ပြသနိုင်ရန် စေ့ဆပ်‌ ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်သွားကြရမည်သာ ဖြစ်သည်။ ပြည်သူများ စစ်ကျွန် ဘဝ မှ အမြန်လွတ်မြောက်နိုင်ရေးသာ ပဓာန ဖြစ်နေပေသည်။

လက်ရှိ သံအမတ်ကြီး သောမတ်စ် ဗိုင်ဒါသည် ခရစ်စမတ် မတိုင်မီ ဝါရှင်တန်သို့ ပြန်ရောက်လာဖို့ ရှိနေပြီး သူ့နေရာတွင် နောက်ထပ် သံအမတ် အသစ် အစားထိုး စေလွှတ်တော့မည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ အတည်ပြုလိုက်ပြီ ဖြစ်သည်။

သူ့နေရာတွင် သံရုံး ဒုတိယ အကြီးအကဲ ဒီဘိုရာ လင်းမှ တာဝန်ယူသွားမည် ဖြစ်သည်ဗိုင်‌ဒါသည် အာဏာမသိမ်းမီ ရက်ပိုင်း အတွင်းက မြန်မာပြည်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

ထိုလုပ်ရပ်သည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား ဘိုင်ဒင် အစိုးရမှ အသိအမှတ် မပြုကြောင်း ရှင်းလင်းစွာ ဖေါ်ပြလိုက်ခြင်း ပင် ဖြစ်သည်ဟု Nikkei Asia Review စာစောင်တွင် ဖေါ်ပြထားသည်။

အမေရိကန် သည် ‌ဗိုလ်သန်းရွှေ လက်ထက် တလျောက်လုံး သံအမတ် အဆင့် မစေလွှတ်ပဲ နှစ် နှစ်ဆယ် ခန့် ထားခဲ့ပြီး ဖြစ်၍ မထူးဆန်းလှသော်လည်း ယခုအခါ ဂျာမဏီ၊ အီတလီ၊ ဩစတေးလျှ၊ ကနေဒါ၊ တောင်ကိုရီးယား ကဲ့သို့ နိုင်ငံများကပါ သံတမန် အဆင့် အတန်း လျော့ချလာကြသည်အထိ ဖြစ်လာသည်။ ဥရောပ နိုင်ငံ အချင်းချင်းလည်း သံအမတ် မစေလွှတ်ကြေး ဟု အပြန်အလှန် သဘောတူညီမှု များ ရှိထားသည်ဟု ရန်ကုန်ရှိ သံတမန်တဦးက ဆိုသည်။

အဓိက အားဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား သံအမတ် ခန့်အပ်လွှာ မပေးချင်ကြ၍ ဖြစ်သည်။ ထိုင်းသံအမတ် အစစ် က ၎င်း၏ ခန့်အပ်လွှာကို မင်းအောင်လှိုင်ထံ ဗုဒ္ဓဟူးနေ့က သွားပေးခဲ့ပြီး ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *