ရဟတ္ယာဥ္ျဖင့္ စစ္ကူျဖည့္ရာတြင္ ေနရာမွား ခ်ထားေပးမႈေၾကာင့္ စစ္ေကာင္စီတပ္သား ၂၀ေက်ာ္ ေသဆုံးခဲ့ဟုဆို

CJ Platform

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ရွိ တအာင္းတပ္မေတာ္(TNLA) တပ္စခန္းတစ္ခုကို စစ္ေကာင္စီတပ္မွ ေလေၾကာင္းျဖင့္ စစ္အင္အားခ်ၿပီး ထိုးစစ္ဆင္တိုက္ခိုက္လာ၍ တိုက္ပြဲျပင္းထန္ေနေၾကာင္း စစ္ေရး ေဒသသတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္။

နမ့္ဆန္ ၿမိဳ႕နယ္အတြင္းရွိ မန္လုံ၊ဟူးမန္း ၊ရဝ္ၾဘာန္း(ကုန္းသာ )ေက်း႐ြာမ်ားအနီးကို စစ္ေကာင္စီတပ္မွ စစ္ရဟတ္ယာဥ္ ၆ စီးျဖင့္လူခ် ပစ္ခတ္ကာ TNLAတပ္စခန္းရွိရာကို စစ္ေၾကာင္းထိုးတိုက္ခိုက္ေနတာပဲ ျဖစ္သည္။

စစ္ေကာင္စီတပ္မွ တိုက္ပြဲအတြင္း ေလေၾကာင္းပစ္ခတ္မႈႏွင့္ လက္နက္ႀကီး ပစ္ကူမ်ားပါ အသုံးျပဳတိုက္ခိုက္ေနၿပီး စစ္ေကာင္စီတပ္၏ မန္တုံ အေျခစိုက္ ခလရ ၁၃၀ စခန္းကုန္း မွပစ္ခတ္သည့္ လက္နက္ႀကီး ထိမွန္ၿပီး ကုန္းသာေက်း႐ြာရွိ ေနအိမ္တစ္လုံးလည္း ပ်က္စီးခဲ့သည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ ရဟတ္ယာဥ္၏ စစ္အင္အားေနရာမွားခ်ထားမႈေၾကာင့္ စစ္သား ၂၀ ေက်ာ္ခန႔္ ေသဆုံးေၾကာင္း သတင္းရင္းျမစ္ကေျပာဆိုထားေပမယ့္ CJ Platformအေနျဖင့္ သီးျခားအတည္ျပဳႏိုင္အတြက္ ႀကိဳးစားေနဆဲျဖစ္သည္ ။

“စကစတပ္ ရဟတ္ယာဥ္ထဲပါတဲ့လူအင္အား ၂၅ အကုန္ေသတယ္ မေန႔က ေနရာမွားခ်လို႔ က်ေနာ္တို႔ အကုန္ရလိုက္တယ္ က်ေနာ္တို႔လူေတြက ေလ့က်င့္ထားေတာ့ အကုန္လြတ္တယ္ ေဘးကင္းတယ္” ဟု စစ္ေရးရင္းျမစ္ကဆိုသည္။

ထို႔အျပင့္ ယေန႔ မနက္ပိုင္းမွာလည္း ကုန္းသာ႐ြာႏွင့္ ဟူးမန္း႐ြာ အၾကားကို စစ္ေကာင္စီတပ္မွ ရဟတ္ယာဥ္ ၂ စီးျဖင့္ ပစ္ခတ္ေနေၾကာင္းလဲ သိရသည္။

တိုက္ပြဲ အေျခအေနႏွင့္ ပတ္သက္ၿပီး တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) မွ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကို ဆက္သြယ္ေမးျမန္းႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္ လက္ ရွိအခ်ိန္အထိေတာ့ ဆက္သြယ္၍ မရရွိေသးပါဘူး။

🖋️ေခတၷီ

႐ုပ္သံ- ဆိုရ္ေဒါင္း

ရဟတ်ယာဉ်ဖြင့် စစ်ကူဖြည့်ရာတွင် နေရာမှား ချထားပေးမှုကြောင့် စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးခဲ့ဟုဆို

CJ Platform

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေး ဒေသသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

နမ့်ဆန် မြို့နယ်အတွင်းရှိ မန်လုံ၊ဟူးမန်း ၊ရဝ်ဘြာန်း(ကုန်းသာ )ကျေးရွာများအနီးကို စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် ၆ စီးဖြင့်လူချ ပစ်ခတ်ကာ TNLAတပ်စခန်းရှိရာကို စစ်ကြောင်းထိုးတိုက်ခိုက်နေတာပဲ ဖြစ်သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲအတွင်း လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြုတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏ မန်တုံ အခြေစိုက် ခလရ ၁၃၀ စခန်းကုန်း မှပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ကုန်းသာကျေးရွာရှိ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရဟတ်ယာဉ်၏ စစ်အင်အားနေရာမှားချထားမှုကြောင့် စစ်သား ၂၀ ကျော်ခန့် သေဆုံးကြောင်း သတင်းရင်းမြစ်ကပြောဆိုထားပေမယ့် CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်အတွက် ကြိုးစားနေဆဲဖြစ်သည် ။

“စကစတပ် ရဟတ်ယာဉ်ထဲပါတဲ့လူအင်အား ၂၅ အကုန်သေတယ် မနေ့က နေရာမှားချလို့ ကျနော်တို့ အကုန်ရလိုက်တယ် ကျနော်တို့လူတွေက လေ့ကျင့်ထားတော့ အကုန်လွတ်တယ် ဘေးကင်းတယ်” ဟု စစ်ရေးရင်းမြစ်ကဆိုသည်။

ထို့အပြင့် ယနေ့ မနက်ပိုင်းမှာလည်း ကုန်းသာရွာနှင့် ဟူးမန်းရွာ အကြားကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေကြောင်းလဲ သိရသည်။

တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် လက် ရှိအချိန်အထိတော့ ဆက်သွယ်၍ မရရှိသေးပါဘူး။

🖋️ေခတ္နီ

ရုပ်သံ- ဆိုရ်ဒေါင်း

Leave a Reply

Your email address will not be published. Required fields are marked *