ပခုကၠဴသားေတြ ေဆာ္ၿပီဆို ဂ်လန္းႀကီးေတြ

ပခုကၠဴတြင္ စစ္ေကာင္စီ တပ္သားမ်ား လိုက္ပါလာေသာ ယာဥ္တန္းကို မိုင္းဆြဲမႈ အရာရွိ ၂ ဦးပါအဝင္ ၄ ဦး ေသဆုံးၿပီး ကား ၁ စီးမီးေလာင္(႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၉

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္သားမ်ား လိုက္ပါလာသည့္ ယာဥ္တန္းကို မိုင္းဆြဲမႈ အရာရွိ ၂ ဦးပါအဝင္ ၄ ဦး ေသဆုံးၿပီး ကား ၁ စီးမီးေလာင္ခဲ့ေၾကာင္း ပခုကၠဴၿမိဳ႕နယ္ PPDF တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၅ ရက္ေန႔ နံနက္ပိုင္းတြင္ ပခုကၠဴၿမိဳ႕နယ္၊ ကမၼ-ျမစ္ေျခ လမ္းပိုင္းရွိ က်ပ္ထိုးရဲစခန္းအနီး၌ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ပ်ဴေစာထီးမ်ား လိုက္ပါလာ‌ေသာ ဆိုင္ကယ္ ၆ စီးႏွင့္ ကား ၁ စီးပါဝင္သည့္ ယာဥ္တန္းကို ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး အရာရွိ ၂ ဦး အပါအဝင္ စုစုေပါင္း ၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

မိုင္းဆြဲ တိုက္ခိုက္မႈ ျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားသည္ ကား ၁ စီးကို ထားခဲ့ကာ ထြက္ေျပးသြားၿပီး ကာကြယ္ေရး တပ္ဖြဲ႕မ်ားက မီးရႈိ႕ရွင္းလင္းခဲ့ေၾကာင္း၊ ကမၼ-ျမစ္ေျခလမ္းေဘး ေက်း႐ြာတခ်ိဳ႕ရွိ အျပစ္မဲ့ ျပည္သူ႔ကိုင္ ေနအိမ္မ်ားကို စ္ေကာင္စီ တပ္သားမ်ားက မီးရႈိ႕ဖ်က္ဆီးမႈမ်ား လုပ္ေဆာင္သြားေၾကာင္း သိရသည္။

” စစ္ေကာင္စီ ဘက္က အရာရွိ ၂ ဦးအပါအဝင္ ၄ ဦးေသဆုံးတယ္လို႔ေတာ့ သိရတယ္။ ဘယ္ရာထူးအဆင့္ေတြလည္းဆိုတာေတာ့ အတည္မျပဳႏိုင္ေသးဘူး” ဟု ပခုကၠဴၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PPDFမွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

အဆိုပါ တိုက္ခိုက္မႈကို ပခုကၠဴၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PPDF၊ ျမစ္ေျခကြၽန္းေခ်ာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ MCKCDFတို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ပခုက္ကူသားတွေ ဆော်ပြီဆို ဂျလန်းကြီးတွေ

ပခုက္ကူတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲမှု အရာရှိ ၂ ဦးပါအဝင် ၄ ဦး သေဆုံးပြီး ကား ၁ စီးမီးလောင်(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို မိုင်းဆွဲမှု အရာရှိ ၂ ဦးပါအဝင် ၄ ဦး သေဆုံးပြီး ကား ၁ စီးမီးလောင်ခဲ့ကြောင်း ပခုက္ကူမြို့နယ် PPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ကမ္မ-မြစ်ခြေ လမ်းပိုင်းရှိ ကျပ်ထိုးရဲစခန်းအနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာ‌သော ဆိုင်ကယ် ၆ စီးနှင့် ကား ၁ စီးပါဝင်သည့် ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အရာရှိ ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကား ၁ စီးကို ထားခဲ့ကာ ထွက်ပြေးသွားပြီး ကာကွယ်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ကမ္မ-မြစ်ခြေလမ်းဘေး ကျေးရွာတချို့ရှိ အပြစ်မဲ့ ပြည်သူ့ကိုင် နေအိမ်များကို စ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း သိရသည်။

” စစ်ကောင်စီ ဘက်က အရာရှိ ၂ ဦးအပါအဝင် ၄ ဦးသေဆုံးတယ်လို့တော့ သိရတယ်။ ဘယ်ရာထူးအဆင့်တွေလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ မြစ်ခြေကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MCKCDFတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *