နန္းမားရဲစခန္းမွ ဒုရဲအုပ္ ၂ ဦး PDF ႏွင့္ ဆက္သြယ္သည္ဆိုကာ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္ခံရ

ဧရာဝတီ၊ ဒီဇင္ဘာ ၈၊ ၂၀၂၂

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္းမားနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ၂ ဦးကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား (PDF) ႏွင့္ ဆက္သြယ္သည္ ဟုဆိုကာ စစ္ေကာင္စီက ဖမ္းဆီးၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖမ္းဆီးခံရသူမ်ားမွာ နန္းမားနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ သြင္ေအာင္ႏွင့္ ဒုရဲအုပ္ မ်ိဳးေက်ာ္တို႔ ျဖစ္ၿပီး ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၅ ရက္တြင္ ဖမ္းဆီးခံရကာ မိုးညႇင္းစစ္ေၾကာေရးစခန္း၌ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ယခုအခါ အမႈဖြင့္ၿပီး ျမစ္ႀကီးနားေထာင္သို႔ ပို႔ေဆာင္ထားေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

မိုးညႇင္းၿမိဳ႕မွ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တဦးက “ဒုရဲအုပ္ ၂ ေယာက္ကို စစ္တပ္က ဖမ္းၿပီးေတာ့ ပထမ စစ္ေၾကာေရးကို ပို႔တယ္။ PDF ေတြနဲ႔ အဆက္အသြယ္ေတြ လုပ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖမ္းသြားၾကတာ။ မိသားစု အပါအဝင္ အားလုံးနဲ႔ အဆက္အသြယ္ မရခဲ့ရာကေန မိုးညႇင္းဘက္ကရတဲ့ ခိုင္လုံတဲ့ သတင္းအရေၾကာင့္ သူတို႔ကို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ၿပီး ျမစ္ႀကီးနားေထာင္ကို ပို႔လိုက္တာလို႔ သိရတာ” ဟု ဧရာဝတီကို ေျပာသည္။

ယခုအခါ ကခ်င္ျပည္နယ္အတြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ႏွင့္ PDF တပ္ဖြဲ႕မ်ား အားေကာင္းလာရာ မိုးညႇင္းၿမိဳ႕နယ္အတြင္းရွိ နန္းမားနယ္ေျမရဲစခန္းသည္လည္း လုံၿခဳံေရး၊ နယ္ေျမစိုးမိုးေရး၊ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ားကို ယခင္ကဲ့သို႔ လုပ္ေဆာင္ႏိုင္စြမ္း မရွိေတာ့ေၾကာင္း၊ ယင္းသို႔ေသာ အေျခအေနမ်ားေၾကာင့္ နန္းမားနယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ KIA၊ PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ အလိုက္အထိုက္ ဆက္ဆံေနရျခင္းမ်ားလည္း ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေဒသခံတဦးကလည္း “လက္ရွိ ကခ်င္ျပည္နယ္ရဲ႕အေျခအေနက စစ္ေရးအရလည္း တင္းမာေနတာမ်ိဳးေတြ ရွိေနတယ္။ ဒီလို အေျခအေနမ်ိဳးမွာ ရဲေတြလည္း အားလုံးနဲ႔ အလိုက္အထိုက္ ဆက္ဆံေျပာဆိုရတာေတြ ရွိတယ္။ ဒီလိုမ်ိဳးမွာ ဘာမွ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ မရွိဘဲနဲ႔ PDF နဲ႔ ဆက္သြယ္လို႔ဆိုၿပီး ရဲေတြကို ဖမ္းတာက စစ္တပ္က ရဲတပ္ဖြဲ႕အေပၚ တမင္အႏိုင္က်င့္တာမ်ိဳးလို႔ပဲ ျမင္တယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၇ ရက္က မိုးညႇင္းၿမိဳ႕တကၠသိုလ္တြင္ တပ္စြဲထားေသာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးမႈ ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိတြင္ ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ၌ KIA ႏွင့္ အာဏာသိမ္း စစ္တပ္ၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာေနဆဲ ျဖစ္ေၾကာင္း သိရသည္။

နန်းမားရဲစခန်းမှ ဒုရဲအုပ် ၂ ဦး PDF နှင့် ဆက်သွယ်သည်ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရ

ဧရာဝတီ၊ ဒီဇင်ဘာ ၈၊ ၂၀၂၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) နှင့် ဆက်သွယ်သည် ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ် သွင်အောင်နှင့် ဒုရဲအုပ် မျိုးကျော်တို့ ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးခံရကာ မိုးညှင်းစစ်ကြောရေးစခန်း၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ အမှုဖွင့်ပြီး မြစ်ကြီးနားထောင်သို့ ပို့ဆောင်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မိုးညှင်းမြို့မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “ဒုရဲအုပ် ၂ ယောက်ကို စစ်တပ်က ဖမ်းပြီးတော့ ပထမ စစ်ကြောရေးကို ပို့တယ်။ PDF တွေနဲ့ အဆက်အသွယ်တွေ လုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားကြတာ။ မိသားစု အပါအဝင် အားလုံးနဲ့ အဆက်အသွယ် မရခဲ့ရာကနေ မိုးညှင်းဘက်ကရတဲ့ ခိုင်လုံတဲ့ သတင်းအရကြောင့် သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ပြီး မြစ်ကြီးနားထောင်ကို ပို့လိုက်တာလို့ သိရတာ” ဟု ဧရာဝတီကို ပြောသည်။

ယခုအခါ ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF တပ်ဖွဲ့များ အားကောင်းလာရာ မိုးညှင်းမြို့နယ်အတွင်းရှိ နန်းမားနယ်မြေရဲစခန်းသည်လည်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ယခင်ကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိတော့ကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် နန်းမားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် KIA၊ PDF တပ်ဖွဲ့ဝင်များနှင့် အလိုက်အထိုက် ဆက်ဆံနေရခြင်းများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးကလည်း “လက်ရှိ ကချင်ပြည်နယ်ရဲ့အခြေအနေက စစ်ရေးအရလည်း တင်းမာနေတာမျိုးတွေ ရှိနေတယ်။ ဒီလို အခြေအနေမျိုးမှာ ရဲတွေလည်း အားလုံးနဲ့ အလိုက်အထိုက် ဆက်ဆံပြောဆိုရတာတွေ ရှိတယ်။ ဒီလိုမျိုးမှာ ဘာမှ ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲနဲ့ PDF နဲ့ ဆက်သွယ်လို့ဆိုပြီး ရဲတွေကို ဖမ်းတာက စစ်တပ်က ရဲတပ်ဖွဲ့အပေါ် တမင်အနိုင်ကျင့်တာမျိုးလို့ပဲ မြင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က မိုးညှင်းမြို့တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ရှိတွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၌ KIA နှင့် အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *