ေ႐ႊရန္ကုန္ ဝုန္းဒိုင္းက်ဲ Ug ေတြ ေရာသမေမႊ💥

ခေရပင္လမ္းမေပၚက စစ္ေကာင္စီစစ္ေဆးေရးဂိတ္ဗုံးခြဲခံရၿပီး ၁ ဦးေသ ၇ ဦးဒဏ္ရာရ

ဧရာဝတီတိုင္းမ္

ဒီဇင္ဘာလ ၉ ရက္

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ စမ္းႀကီးဝရပ္ကြက္၊ ခေရ ပင္လမ္းမေပၚရွိ စစ္ေကာင္စီစစ္ေဆးေရးဂိတ္ ဒီဇင္ဘာလ ၈ ရက္ မနက္ ၈ နာရီ ၄၅ မိနစ္တြင္ ဗုံးခြဲတိုက္ ခိုက္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံကသိရသည္။

” စစ္ေဆးေရးလုပ္တဲ့ေနရာက ၉၈၁ GE တပ္နားမွာလုပ္တာ။ အဲ့ဒီနားမွာက စစ္ထြက္ေတြေနတဲ့အိမ္ယာေတြလည္းရွိတယ္။ ဗုံးကြဲတာေတာ့အႀကီးအက်ယ္ဘဲ ။ ထိခိုက္တာေတြရွိႏိုင္တယ္” ဟု မဂၤလာဒုံၿမိဳ႕ခံတစ္ဦးကဧရာဝတီတိုင္းမ္ကိုေျပာသည္။

စစ္ေကာင္စီတပ္၊ ရဲႏွင့္ ယာဥ္ထိန္းရဲအင္အားအမ်ားအျပားရွိသည့္ စုေပါင္းစစ္ေဆးေရးဂိတ္ျဖစ္ၿပီး အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့သျဖင့္ စစ္အုပ္စုဘက္က ၁ ဦးေသဆုံးၿပီး ၇ ဦးဒဏ္ရာရရွိခဲ့သည္ဟုဆိုသည္။

” ဗုံးကြဲတာ သူတို႔ဘက္ ၁ ေယာက္ေသတယ္။ ၇ ဦးဒဏ္ရာရတယ္။ အသက္ေလ်ာ္ေၾကးေတြ ျပန္ကိုေပးဆပ္ရမွာပါ။ ဒါေၾကာင့္ စစ္ဆင္ေရးကို အခုလိုေပးထားတာပါ။ရသင့္ရထိုက္တဲ့ အသက္ေလ်ာ္ေၾကးကိုျပန္ယူမွာပါ။ အသက္တစ္ေခ်ာင္းအတြက္ သူတို႔ဘက္ကျပန္ေပးဆပ္ရမွာ မနည္းဘူးဆိုတာ သိေစခ်င္တာပါ”ဟု Yangon UG Assoication တာဝန္ခံတစ္ဦးကဧရာဝတီတိုင္းမ္ကို ေျပာသည္။

ေသဒဏ္ခ်မွတ္ခံရေသာ ရဟန္းရွင္လူ ျပည္သူမ်ားႏွင့္ ေက်ာင္းသားမ်ားအတြက္ရည္႐ြယ္၍ အသက္ေလ်ာ္ေၾကးစစ္ဆင္ေရးအျဖစ္ သုံးလမ္းဆုံအနီးရွိ စစ္ေဆးေရးဂိတ္အား အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း Yangon UG Association အဖြဲ႕ကထုတ္ျပန္ထားသည္။

အဆိုပါတိုက္ခိုက္မႈအား YUA အဖြဲ႕ဝင္ God`s Hand Forces(GHF) တပ္ခြဲ ၆ ျဖစ္သည့္ Black Fox YGN UG မွလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေနာက္လာမည့္ မစ္ရွင္မ်ားတြင္လည္း ယူနီေဖာင္းဝတ္မ်ား၊ ရပ္ေက်းမ်ားကို အဓိကပစ္မွတ္ထား တိုက္ခိုက္သြားမည္ျဖစ္ၿပီး စစ္ေကာင္စီေဒါက္တိုင္ မ်ား၊ စစ္ေကာင္စီႏွင့္သက္ဆိုင္သည့္ေနရာမ်ား၊ ဌာနမ်ား၊ ႐ုံးမ်ား၊ အထိုင္ကင္းႏွင့္ လွည့္ကင္းမ်ားေဝးရာ တြင္ ေနေပးၾကရန္ YUA မွ ေမတၱာရပ္ခံေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

=========

ရွှေရန်ကုန် ဝုန်းဒိုင်းကျဲ Ug တွေ ရောသမမွှေ💥

ခရေပင်လမ်းမပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ဗုံးခွဲခံရပြီး ၁ ဦးသေ ၇ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၉ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ခရေ ပင်လမ်းမပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒီဇင်ဘာလ ၈ ရက် မနက် ၈ နာရီ ၄၅ မိနစ်တွင် ဗုံးခွဲတိုက် ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

” စစ်ဆေးရေးလုပ်တဲ့နေရာက ၉၈၁ GE တပ်နားမှာလုပ်တာ။ အဲ့ဒီနားမှာက စစ်ထွက်တွေနေတဲ့အိမ်ယာတွေလည်းရှိတယ်။ ဗုံးကွဲတာတော့အကြီးအကျယ်ဘဲ ။ ထိခိုက်တာတွေရှိနိုင်တယ်” ဟု မင်္ဂလာဒုံမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် ယာဉ်ထိန်းရဲအင်အားအများအပြားရှိသည့် စုပေါင်းစစ်ဆေးရေးဂိတ်ဖြစ်ပြီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်က ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

” ဗုံးကွဲတာ သူတို့ဘက် ၁ ယောက်သေတယ်။ ၇ ဦးဒဏ်ရာရတယ်။ အသက်လျော်ကြေးတွေ ပြန်ကိုပေးဆပ်ရမှာပါ။ ဒါကြောင့် စစ်ဆင်ရေးကို အခုလိုပေးထားတာပါ။ရသင့်ရထိုက်တဲ့ အသက်လျော်ကြေးကိုပြန်ယူမှာပါ။ အသက်တစ်ချောင်းအတွက် သူတို့ဘက်ကပြန်ပေးဆပ်ရမှာ မနည်းဘူးဆိုတာ သိစေချင်တာပါ”ဟု Yangon UG Assoication တာဝန်ခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဒဏ်ချမှတ်ခံရသော ရဟန်းရှင်လူ ပြည်သူများနှင့် ကျောင်းသားများအတွက်ရည်ရွယ်၍ အသက်လျော်ကြေးစစ်ဆင်ရေးအဖြစ် သုံးလမ်းဆုံအနီးရှိ စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Yangon UG Association အဖွဲ့ကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား YUA အဖွဲ့ဝင် God`s Hand Forces(GHF) တပ်ခွဲ ၆ ဖြစ်သည့် Black Fox YGN UG မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်လာမည့် မစ်ရှင်များတွင်လည်း ယူနီဖောင်းဝတ်များ၊ ရပ်ကျေးများကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင် များ၊ စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ၊ ဌာနများ၊ ရုံးများ၊ အထိုင်ကင်းနှင့် လှည့်ကင်းများဝေးရာ တွင် နေပေးကြရန် YUA မှ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *