မိသားစုနဲ့ တစ်သက်တာ တွေ့ခွင့်မရတော့ဘူးလို့ မစ္စတာရှောင်တာနဲလ် ခြိမ်းခြောက်ခံခဲ့ရ

အကျဉ်းထောင်က မကြာသေးခင်က လွတ်မြောက်လာတဲ့ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ် Sean Turnell က သူဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ၊ သူ့ကိုမိသားစုနဲ့ ဘယ်တော့မှတွေ့ခွင့်ရတော့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာတွေကို RFA ကို ပြန်လည်ပြောပြခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲလ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။
သူ့ကို မြန်မာနိုင်ငံအစိုးရလျို့ဝှက်ချက် ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့ပြီး စစ်ကောင်စီက ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့ပါတယ်။ ရက်ပေါင်း ၆၅၀ ကျော် အကျဉ်းကျခံခဲ့ရပြီးနောက် မစ္စတာရှောင်တားနဲလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ မစ္စတာရှောင်တာနဲလ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။အကျဉ်းထောင်ကနေ သူလွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ရှောင်တာနဲလ် Sean Turnell က“လွတ်လာတာ အရမ်းပျော်တယ်။ ဒါပေမဲ့ အကျဉ်းကျနေတဲ့ ငါ့မြန်မာသူငယ်ချင်းတော်တော်များများအပါအဝင် လူအမြောက်အမြားမပါဘူးဆိုတာ သတိပြုမိတယ်။ သေချာတာတော့ တစ်ပြည်လုံးစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အကျဉ်းချခံနေရဆဲပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိုးရိမ်တယ်။”သူ့ကို စစ်ကောင်စီက ဘာ့ကြောင့် လွှတ်ပေးတယ်လို့ ထင်ပါလဲလို့လည်း ရှောင်တာနဲလ် Sean Turnell ကို မေးကြည့်ပါတယ်။

“လုံးဝ ရှင်းရှင်းလင်းလင်းတော့ မဟုတ်ဘူး၊ အမေရိကန်၊ သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝန်းက အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးတာ အားလုံးက တစိတ်တပိုင်းပဲလို့ ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံက အခြေအနေက လုံးဝကို ကြောက်စရာကောင်းတယ်။ စီးပွားရေးလည်း လုံးဝပျက်စီးသွားခဲ့ပြီး စစ်အစိုးရက ဖိအားတွေအောက်မှာ ခံစားနေရတယ်။ ဖိအားတချို့ကို ဖယ်ရှားဖို့ ကြိုးစားတဲ့ အမူအရာရဲ့ တစိတ်တပိုင်းပဲလို့ ထင်ပါတယ်။ ဒါက နိုင်ငံရေးအရ ဟန်ဆောင်မှုတစိတ်တပိုင်းလို့လည်းထင်ပါတယ်။ ဒါပေမဲ့တကယ့်အပြောင်းအလဲအရေးကြီးတဲ့ အပြောင်းအလဲ မဖြစ်သေးတာလည်းခင်ဗျားသိမှာပါ။ ဒါတွေအားလုံးက ဆပ်ကပ်ပွဲတွေချည်းပါပဲ”

မစ္စတာရှောင်တာနဲလ်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားခဲ့တာပါ။အကျဉ်းထောင်ထဲမှာနေခဲ့ရတဲ့ အခြေအနေတွေကိုလည်း ရှောင်တားနဲလ် Sean Turnellကို မေးမြန်းခဲ့ပါတယ်။ အကျဉ်းထောင်မှာ သူ့ကို နှိပ်စက်ခဲ့တာတွေရှိလားဆိုတော့“ကျွန်တော့်ကို တော်တော်ညင်ညင်သာသာ ဆက်ဆံခဲ့တယ်လို့ အတိုင်းအတာတစ်ခုထိတော့ ပြောရမယ်ထင်တယ်။ သာမန်မြန်မာအကျဉ်းသားတွေထက် နည်းနည်းလေး ပိုကောင်းတယ်။ ဒါပေမဲ့ အကျဉ်းထောင်အခြေအနေက တော်တော်ကြမ်းနေတုန်းပဲ။ အခြေအနေတွေက တော်တော်ဆိုးတယ်။

အစားအသောက်က ဆိုးတယ်၊ ရောဂါတွေကူးဖို့ အရမ်းလွယ်တယ်။ ဟိုမှာ ကျွန်တော် ကိုဗစ်ငါးကြိမ်ဖြစ်ခဲ့တယ်။ ပြောရရင်တော့ ကျွန်တော်က မြန်မာနိုင်ငံရေးအကျဉ်းသားတော်တော်များများနဲ့ ရှိတာပေါ့။ သူတို့က အရမ်းစိတ်ထားကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းအားပေးကြတယ်။ စည်းလုံးညီညွတ်မှုနဲ့ စာနာမှုဆိုတဲ့ ခံစားချက်တွေရှိတယ်။ သူတို့ ကျွန်တော့်အပေါ် အရမ်းကောင်းတယ်။ သူတို့က ကျွန်တော့်ကို ရှင်သန်အောင် ကူညီပေးတယ်။
တကယ်စိတ်ကောင်းရှိတဲ့သူတွေပါ၊ နိုင်ငံရေး အကျဉ်းသားတွေ ကြားထဲမှာတော့ ရေရှည်မှာ မြန်မာပြည်သူတွေ အနိုင်ရပြီး ငြိမ်းချမ်းရေးက တစ်ချိန်ချိန်မှာ ပြန်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ခံစားချက်တွေနဲ့ပါ။ သူတို့တွေမှာ တကယ့်ခွန်အားအပြည့်နဲ့ စိတ်အားထက်သန်မှုတွေ ရှိနေတယ်”

နေပြည်တော်အချုပ်ထောင်ကိုမပို့ခင် မစ္စတာရှောင်တာနဲလ်ဟာ စစ်ကြောရေးစခန်းတစ်ခုမှာ နှစ်လကြာ နေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက သူ့ကိုမိသားစုနဲ့ နောက်ထပ်ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူးလို့ခြိမ်းခြောက် ပြောဆိုခံခဲ့ရတယ်လို့လည်းသူက ပြောပြပါတယ်။

“ ဟုတ်ကဲ့။ နှစ်လလောက် အခန်းကျဉ်းလေးတစ်ခုထဲမှာပဲ သော့ခတ်ထားတယ်။ ပြတင်းပေါက်တွေ မရှိဘူး။ ကွန်ကရစ်ကြမ်းပြင်နဲ့ စတီးကုလားထိုင်ကလွဲလို့ ဘာမှမရှိပါဘူး။ ကြမ်းပြင်ပေါ်မှာသံတုံးတွေနဲ့ သံကြိုးတွေနဲ့ ခြေကျင်းဝတ်တွေပါတယ်။ ပြီးတော့ သြစတြေးလျသံရုံးနဲ့ အဆက်အသွယ်မရှိဘဲ အဲဒီမှ နှစ်လကြာ ချုပ်နှောင်ထားခဲ့တယ်။ နေ့ညသန်းခေါင် အချိန်မရွေး အခန်းထဲကိုဝင်လာတတ်တယ်။ သူတို့ဘယ်သူတွေလဲ။ ကျွန်တော်သေချာမသိဘူး။

ရဲအထူးထောက်လှမ်းရေးနဲ့ စကားပြောနေတာလား။ အဲဒါ စစ်ထောက်လှမ်းရေးလား။နှစ်ခုလုံး ရောထွေးနေတယ်ထင်ပါတယ်။ အဲဒီအချိန်က အဆိုးဆုံးအချိန်ပဲ။ သူတို့ဘာကိုမှ တရားမျှတအောင် မလုပ်ခဲ့ဘူး။ သူတို့မှာဝရမ်း ဒါမှမဟုတ် ဘာတစ်ခုမှ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တာ။ကျွန်တော့်မိန်းမနဲ့ မိသားစုကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ သူတို့ပြောခဲ့တယ်။”

သူဟာ အကျဉ်းထောင်ထဲမှာ ကိုဗစ်ငါးကြိမ်တိတိ ကူးစက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအတွက် ဆေးကုသပေးတာတွေရခဲ့ပါလားလို့ ဆိုတော့“သူတို့ဟာ ကျွန်တော့်ကို သာမန်အားဖြင့်တော့ တော်တော့်ကို ကောင်းကြတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းက တကယ်ကို အုံကြွလာမှာကို သူတို့စိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့သတိထားတယ်။ ကျွန်တော် အဆင်ပြေလား မပြေဘူးလား သူတို့ ဂရုမစိုက်ဘူး။ ကျွန်တော် ရောဂါတွေ များနေသလား။ သူတို့စိုးရိမ်တယ်။ ဒါကြောင့် ပြင်းထန်ရင် ဆေးကုသမှု ခံယူရတယ်။”

အကျဉ်းထောင်မှာ သူနေ့တိုင်းပဲဟင်း၊ဆန်ပြုတ်နဲ့ ခဲတွေပါတဲ့ထမင်းတွေစားခဲ့ရတယ်လို့လည်း ပြောပြပါတယ်။အသားဆိုတာ တစ်ခါတစ်ရံမှ ရှိခဲ့ပြီး အသားကောင်းတွေကို ထောင်အာဏာပိုင်တွေက မှောင်ခိုဈေးကွက်မှာ ရောင်းထုတ်လို့ ကျန်တာက အရိုးအရွတ်နဲ့ အဆီပြင်အကြွင်းအကျန်တွေပဲ စားရတယ်လို့ ဆိုပါတယ်။ ဒီလို ဆိုးဆိုးရွားရွား နေခဲ့ရတဲ့အခြေအနေတွေကို ကြုံခဲ့ရတဲ့ သူ့အနေနဲ့ မြန်မာနိုင်ငံကို နောင်မှာကူညီဦးမှာလားလို့ RFA က မေးခဲ့ပါတယ်။

“သေချာတာပေါ့ ကူညီမှာ။လွန်ခဲ့သည့် တစ်ပတ်က ပြည်နှင်ဒဏ်ပေးခံရတုန်းက မြန်မာနိုင်ငံကို မမုန်းဖို့ အကြီးတန်းအရာရှိတစ်ဦးက တိုက်တွန်းခဲ့တယ်။ ကျွန်တော် “မြန်မာပြည်ကို ဘယ်တော့မှ မုန်းတီးလို့ မရဘူး။ မြန်မာပြည်သူတွေကို ချစ်တယ်။ စစ်အာဏာရှင်ကို မုန်းတယ်။ ဒါပေမဲ့ ပြည်သူကို ချစ်တယ်။ သူတို့ဟာ ရဲရင့် သန်မာပြီး ငါ့အတွက် အရမ်းကောင်းတယ်၊ ပြီးတော့ ကျွန်တော်တတ်နိုင်သမျှ ကူညီဖို့ဆက်လက် လုပ်ဆောင်သွားမှာပါ။”

မြန်မာပြည်သူတွေနဲ့အတူ သူရှိနေမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ပြည်သူတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့လည်း မစ္စတာရှောင်တားနဲလ်က တိုက်တွန်းလိုက်ပါတယ်။RFA
မိသားစုနဲ႕ တစ္သက္တာ ေတြ႕ခြင့္မရေတာ့ဘူးလို႔ မစၥတာေရွာင္တာနဲလ္ ၿခိမ္းေျခာက္ခံခဲ့ရ

အက်ဥ္းေထာင္က မၾကာေသးခင္က လြတ္ေျမာက္လာတဲ့ ၾသစေၾတးလ်နိဳင္ငံသား မစၥတာေရွာင္တာနဲလ္ Sean Turnell က သူဖမ္းဆီးခံရၿပီးေနာက္ စစ္ေၾကာေရးမွာ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္မႈေတြ၊ သူ႕ကိုမိသားစုနဲ႕ ဘယ္ေတာ့မွေတြ႕ခြင့္ရေတာ့မွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာေတြကို RFA ကို ျပန္လည္ေျပာျပခဲ့ပါတယ္။

ၾသစေၾတးလ်နိဳင္ငံသား မစၥတာေရွာင္တာနဲလ္ဟာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပးတစ္ဦးျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ပထမဆုံးထိန္းသိမ္းခံရတဲ့ NLD အစိုးရနဲ႕ နီးစပ္တဲ့ နိုင္ငံျခားသားတစ္ဦးျဖစ္ပါတယ္။
သူ႕ကို ျမန္မာနိုင္ငံအစိုးရလ်ိဳ႕ဝွက္ခ်က္ ဥပေဒပုဒ္မနဲ႕ တရားစြဲဆိုခဲ့ၿပီး စစ္ေကာင္စီက ေထာင္ဒဏ္သုံး ႏွစ္ခ်မွတ္ခဲ့ပါတယ္။ ရက္ေပါင္း ၆၅၀ ေက်ာ္ အက်ဥ္းက်ခံခဲ့ရၿပီးေနာက္ မစၥတာေရွာင္တားနဲလ္ဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၁၇ ရက္ေန႕က စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

ၾသစေၾတးလ်နိဳင္ငံကို ျပန္လည္ေရာက္ရွိေနၿပီျဖစ္တဲ့ မစၥတာေရွာင္တာနဲလ္ကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။အက်ဥ္းေထာင္ကေန သူလြတ္ေျမာက္လာတာနဲ႕ ပတ္သက္ၿပီး ေရွာင္တာနဲလ္ Sean Turnell ကလြတ္လာတာ အရမ္းေပ်ာ္တယ္။ ဒါေပမဲ့ အက်ဥ္းက်ေနတဲ့ ငါ့ျမန္မာသူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားအပါအဝင္ လူအေျမာက္အျမားမပါဘူးဆိုတာ သတိျပဳမိတယ္။ ေသခ်ာတာေတာ့ တစ္ျပည္လုံးစစ္အစိုးရ အုပ္ခ်ဳပ္မႈေအာက္မွာ အက်ဥ္းခ်ခံေနရဆဲပါပဲ။ ဒါနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းစိုးရိမ္တယ္။သူ႕ကို စစ္ေကာင္စီက ဘာ့ေၾကာင့္ လႊတ္ေပးတယ္လို႔ ထင္ပါလဲလို႔လည္း ေရွာင္တာနဲလ္ Sean Turnell ကို ေမးၾကည့္ပါတယ္။

လုံးဝ ရွင္းရွင္းလင္းလင္းေတာ့ မဟုတ္ဘူး၊ အေမရိကန္၊ ၾသစေၾတးလ်အပါအဝင္ ကမၻာတစ္ဝန္းက အာဏာသိမ္းစစ္ေကာင္စီကို ဖိအားေပးတာ အားလုံးက တစိတ္တပိုင္းပဲလို႔ ကြၽန္ေတာ္ထင္တယ္။ ျမန္မာနိုင္ငံက အေျခအေနက လုံးဝကို ေၾကာက္စရာေကာင္းတယ္။ စီးပြားေရးလည္း လုံးဝပ်က္စီးသြားခဲ့ၿပီး စစ္အစိုးရက ဖိအားေတြေအာက္မွာ ခံစားေနရတယ္။ ဖိအားတခ်ိဳ႕ကို ဖယ္ရွားဖို႔ ႀကိဳးစားတဲ့ အမူအရာရဲ႕ တစိတ္တပိုင္းပဲလို႔ ထင္ပါတယ္။ ဒါက နိုင္ငံေရးအရ ဟန္ေဆာင္မႈတစိတ္တပိုင္းလို႔လည္းထင္ပါတယ္။ ဒါေပမဲ့တကယ့္အေျပာင္းအလဲအေရးႀကီးတဲ့ အေျပာင္းအလဲ မျဖစ္ေသးတာလည္းခင္ဗ်ားသိမွာပါ။ ဒါေတြအားလုံးက ဆပ္ကပ္ပြဲေတြခ်ည္းပါပဲ

မစၥတာေရွာင္တာနဲလ္ကို စစ္ေကာင္စီက ေနျပည္ေတာ္အခ်ဳပ္ေထာင္မွာ အက်ဥ္းခ်ထားခဲ့တာပါ။အက်ဥ္းေထာင္ထဲမွာေနခဲ့ရတဲ့ အေျခအေနေတြကိုလည္း ေရွာင္တားနဲလ္ Sean Turnellကို ေမးျမန္းခဲ့ပါတယ္။ အက်ဥ္းေထာင္မွာ သူ႕ကို ႏွိပ္စက္ခဲ့တာေတြရွိလားဆိုေတာ့ကြၽန္ေတာ့္ကို ေတာ္ေတာ္ညင္ညင္သာသာ ဆက္ဆံခဲ့တယ္လို႔ အတိုင္းအတာတစ္ခုထိေတာ့ ေျပာရမယ္ထင္တယ္။ သာမန္ျမန္မာအက်ဥ္းသားေတြထက္ နည္းနည္းေလး ပိုေကာင္းတယ္။ ဒါေပမဲ့ အက်ဥ္းေထာင္အေျခအေနက ေတာ္ေတာ္ၾကမ္းေနတုန္းပဲ။ အေျခအေနေတြက ေတာ္ေတာ္ဆိုးတယ္။

အစားအေသာက္က ဆိုးတယ္၊ ေရာဂါေတြကူးဖို႔ အရမ္းလြယ္တယ္။ ဟိုမွာ ကြၽန္ေတာ္ ကိုဗစ္ငါးႀကိမ္ျဖစ္ခဲ့တယ္။ ေျပာရရင္ေတာ့ ကြၽန္ေတာ္က ျမန္မာနိုင္ငံေရးအက်ဥ္းသားေတာ္ေတာ္မ်ားမ်ားနဲ႕ ရွိတာေပါ့။ သူတို႔က အရမ္းစိတ္ထားေကာင္းတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ အရမ္းအားေပးၾကတယ္။ စည္းလုံးညီၫြတ္မႈနဲ႕ စာနာမႈဆိုတဲ့ ခံစားခ်က္ေတြရွိတယ္။ သူတို႔ ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းတယ္။ သူတို႔က ကြၽန္ေတာ့္ကို ရွင္သန္ေအာင္ ကူညီေပးတယ္။
တကယ္စိတ္ေကာင္းရွိတဲ့သူေတြပါ၊ နိုင္ငံေရး အက်ဥ္းသားေတြ ၾကားထဲမွာေတာ့ ေရရွည္မွာ ျမန္မာျပည္သူေတြ အနိုင္ရၿပီး ၿငိမ္းခ်မ္းေရးက တစ္ခ်ိန္ခ်ိန္မွာ ျပန္ျဖစ္လာလိမ့္မယ္ဆိုတဲ့ ခံစားခ်က္ေတြနဲ႕ပါ။ သူတို႔ေတြမွာ တကယ့္ခြန္အားအျပည့္နဲ႕ စိတ္အားထက္သန္မႈေတြ ရွိေနတယ္

ေနျပည္ေတာ္အခ်ဳပ္ေထာင္ကိုမပို႔ခင္ မစၥတာေရွာင္တာနဲလ္ဟာ စစ္ေၾကာေရးစခန္းတစ္ခုမွာ ႏွစ္လၾကာ ေနခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္တုန္းက သူ႕ကိုမိသားစုနဲ႕ ေနာက္ထပ္ဘယ္ေတာ့မွ ေတြ႕ရမွာ မဟုတ္ဘူးလို႔ၿခိမ္းေျခာက္ ေျပာဆိုခံခဲ့ရတယ္လို႔လည္းသူက ေျပာျပပါတယ္။

ဟုတ္ကဲ့။ ႏွစ္လေလာက္ အခန္းက်ဥ္းေလးတစ္ခုထဲမွာပဲ ေသာ့ခတ္ထားတယ္။ ျပတင္းေပါက္ေတြ မရွိဘူး။ ကြန္ကရစ္ၾကမ္းျပင္နဲ႕ စတီးကုလားထိုင္ကလြဲလို႔ ဘာမွမရွိပါဘူး။ ၾကမ္းျပင္ေပၚမွာသံတုံးေတြနဲ႕ သံႀကိဳးေတြနဲ႕ ေျခက်င္းဝတ္ေတြပါတယ္။ ၿပီးေတာ့ ၾသစေၾတးလ်သံ႐ုံးနဲ႕ အဆက္အသြယ္မရွိဘဲ အဲဒီမွ ႏွစ္လၾကာ ခ်ဳပ္ႏွောင္ထားခဲ့တယ္။ ေန႕ညသန္းေခါင္ အခ်ိန္မေ႐ြး အခန္းထဲကိုဝင္လာတတ္တယ္။ သူတို႔ဘယ္သူေတြလဲ။ ကြၽန္ေတာ္ေသခ်ာမသိဘူး။

ရဲအထူးေထာက္လွမ္းေရးနဲ႕ စကားေျပာေနတာလား။ အဲဒါ စစ္ေထာက္လွမ္းေရးလား။ႏွစ္ခုလုံး ေရာေထြးေနတယ္ထင္ပါတယ္။ အဲဒီအခ်ိန္က အဆိုးဆုံးအခ်ိန္ပဲ။ သူတို႔ဘာကိုမွ တရားမွ်တေအာင္ မလုပ္ခဲ့ဘူး။ သူတို႔မွာဝရမ္း ဒါမွမဟုတ္ ဘာတစ္ခုမွ မရွိဘူး။ ပုဂၢိုလ္ေရးအရ ႐ုပ္ပိုင္းဆိုင္ရာ ညွဥ္းပန္းႏွိပ္စက္တာ မဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာ ညွင္းပန္းႏွိပ္စက္တာ။ကြၽန္ေတာ့္မိန္းမနဲ႕ မိသားစုကို ဘယ္ေတာ့မွ မေတြ႕ရေတာ့ဘူးလို႔ သူတို႔ေျပာခဲ့တယ္။

သူဟာ အက်ဥ္းေထာင္ထဲမွာ ကိုဗစ္ငါးႀကိမ္တိတိ ကူးစက္ခံခဲ့ရတယ္လို႔ဆိုပါတယ္။ အဲဒီအတြက္ ေဆးကုသေပးတာေတြရခဲ့ပါလားလို႔ ဆိုေတာ့သူတို႔ဟာ ကြၽန္ေတာ့္ကို သာမန္အားျဖင့္ေတာ့ ေတာ္ေတာ့္ကို ေကာင္းၾကတယ္လို႔ေျပာလို႔ရတယ္။ ကြၽန္ေတာ္တစ္ခုခုျဖစ္ခဲ့ရင္ နိုင္ငံတကာအသိုင္းအဝိုင္းက တကယ္ကို အုံႂကြလာမွာကို သူတို႔စိုးရိမ္ေနၾကတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ သူတို႔သတိထားတယ္။ ကြၽန္ေတာ္ အဆင္ေျပလား မေျပဘူးလား သူတို႔ ဂ႐ုမစိုက္ဘူး။ ကြၽန္ေတာ္ ေရာဂါေတြ မ်ားေနသလား။ သူတို႔စိုးရိမ္တယ္။ ဒါေၾကာင့္ ျပင္းထန္ရင္ ေဆးကုသမႈ ခံယူရတယ္။

အက်ဥ္းေထာင္မွာ သူေန႕တိုင္းပဲဟင္း၊ဆန္ျပဳတ္နဲ႕ ခဲေတြပါတဲ့ထမင္းေတြစားခဲ့ရတယ္လို႔လည္း ေျပာျပပါတယ္။အသားဆိုတာ တစ္ခါတစ္ရံမွ ရွိခဲ့ၿပီး အသားေကာင္းေတြကို ေထာင္အာဏာပိုင္ေတြက ေမွာင္ခိုေဈးကြက္မွာ ေရာင္းထုတ္လို႔ က်န္တာက အရိုးအ႐ြတ္နဲ႕ အဆီျပင္အႂကြင္းအက်န္ေတြပဲ စားရတယ္လို႔ ဆိုပါတယ္။ ဒီလို ဆိုးဆိုး႐ြား႐ြား ေနခဲ့ရတဲ့အေျခအေနေတြကို ႀကဳံခဲ့ရတဲ့ သူ႕အေနနဲ႕ ျမန္မာနိုင္ငံကို ေနာင္မွာကူညီဦးမွာလားလို႔ RFA က ေမးခဲ့ပါတယ္။

ေသခ်ာတာေပါ့ ကူညီမွာ။လြန္ခဲ့သည့္ တစ္ပတ္က ျပည္ႏွင္ဒဏ္ေပးခံရတုန္းက ျမန္မာနိုင္ငံကို မမုန္းဖို႔ အႀကီးတန္းအရာရွိတစ္ဦးက တိုက္တြန္းခဲ့တယ္။ ကြၽန္ေတာ္ ျမန္မာျပည္ကို ဘယ္ေတာ့မွ မုန္းတီးလို႔ မရဘူး။ ျမန္မာျပည္သူေတြကို ခ်စ္တယ္။ စစ္အာဏာရွင္ကို မုန္းတယ္။ ဒါေပမဲ့ ျပည္သူကို ခ်စ္တယ္။ သူတို႔ဟာ ရဲရင့္ သန္မာၿပီး ငါ့အတြက္ အရမ္းေကာင္းတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္တတ္နိုင္သမွ် ကူညီဖို႔ဆက္လက္ လုပ္ေဆာင္သြားမွာပါ။

ျမန္မာျပည္သူေတြနဲ႕အတူ သူရွိေနမယ့္အေၾကာင္းနဲ႕ ျမန္မာနိုင္ငံဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရး ျပည္သူေတြအားလုံး ဝိုင္းဝန္းႀကိဳးပမ္းဖို႔လည္း မစၥတာေရွာင္တားနဲလ္က တိုက္တြန္းလိုက္ပါတယ္။RFA

;

Leave a Reply

Your email address will not be published. Required fields are marked *